အောက်တိုဘာလ
၁၅ ရက် နေ့က လူဇင်ဘာ့ဂ်မြို့အီးယူသမဂ္ဂ ဌာနချုပ်မှာ ဥရောပသမဂ္ဂနိုင်ငံခြား
ရေးဝန်ကြီးများ အစည်းအဝေး တစ်ရပ်ကျင်းပခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ
“အီရန်တို့ အနေနဲ့ အခုနှစ်အတွင်းနျူကလီး ယားအစီအစဉ်တွေကို မရပ်ဆိုင်း
ပဲဆက်လုပ်နေမယ်ဆိုရင် သံခင်း တမန်ခင်းနှိုင်းဆောင်ရွက်နေတာ တွေ
နိဂုံးချုပ်ပြီးတော့ စစ်ရေးအရ ဖိအားပေးမှုတွေလုပ်ဆောင်သွားမယ်၊
အခုလောလောဆယ်လည်း ထိရောက်တဲ့ဒဏ်ခတ်ပိတ်ဆို့မှု အသစ် (Major Sanctions
against Iran) တွေလုပ်မယ်လို့ ဆုံး ဖြတ်ခဲ့ကြပါတယ်။ အီးယူဟာ
လောလောလတ်လတ်ငြိမ်းချမ်းရေး နိုဗယ်ဆုရထားတဲ့ အဖွဲ့လည်းဖြစ် တယ်။ဒီလိုဆုံးဖြတ်ချက်အပြီး နောက် တစ်နေ့မှာတော့ အီရန်တော်လှန် ရေးတပ်ပေါင်းစုစစ်ဦးစီးချုပ်မိုဟာ မက်အလီဇာဖာရီ (Mohammad Ali Jafari) က “လိုအပ်ရင်ဟော မုဇ်ရေလက်ကြားကို အီရန်ရေနံ တွေသွန်ချလိုက်မယ်”လို့ပြော ကြောင်း ဂျာမဏီနိုင်ငံထုတ်အပတ် စဉ်သတင်းတစ်ရပ်မှာဖော်ပြထား ပါတယ်။ ဒါပေမဲ့ အတည်တော့ မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ သို့သော် အနောက်နိုင်ငံထောက် လှမ်းရေးဌာနများကတော့ ဒါကို အလေးထားစုံစမ်းလျက်ရှိကြောင်း ဖော်ပြထားပါတယ်။
အလီဇာဖရီက ဒီလိုရေနံ ဖောက်ချမယ့်စစ်ရေးစီမံချက်ကို စကားဝှက် (Codewords) အဖြစ် “ရေဆိုး” (Muddy Water) လို့ နာမည်ပေးထားတယ်လို့ဆိုပါတယ်။ တကယ်လို့သာ ဒီအစီအစဉ်အတိုင်း လုပ်ခဲ့မယ်ဆိုရင် ဟောမုဇ်ရေလက် ကြားမှာ နိစ္စဓူဝဖြတ်သန်းသွားလာ နေကြတဲ့ ရေနံတင်သင်္ဘောကြီး တွေအတွက် အန္တရာယ်ရှိမှာဖြစ် သလိုပတ်ဝန်းကျင်ဘေးအန္တရာယ် ကို ထိခိုက်နိုင်စေပြီး ဒေသတွင်း နိုင်ငံများအတွက် စိုးရိမ်စရာဖြစ် လာဖွယ်ရှိကြောင်း ရိုက်တာသတင်း တစ်ရပ်မှာဖော်ပြထားပါတယ်။
ကျော်စိန်
No comments:
Post a Comment