Thursday, October 18, 2012

ပုဂ္ဂလိကဆေးရုံပိုင်ရှင်မှ လက်အောက်ဝန်ထမ်းအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်


ကိုနှင်းမောင် (ဟင်္သာတ)
အောက်တိုဘာ ၁၈၊ ၂၀၁၂ MoeMaKa Burmese News & Media

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သော မြင့်မြတ်ဆေးရုံတွင် ၁၄-၁ဝ-၂ဝ၁၂ နေ့၌ ဆေးရုံပိုင်ရှင် မှ သူ ၏ ဝန်ထမ်းအား ညှဉ်းပန်းနှိပ်စက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မြင့်မြတ်ဆေးရုံပိုင်ရှင်မှ သူ ၏ ဝန်ထမ်းအား အမျိုးမျိုးအကြောင်းပြ ကာ နှိပ်စက် ညှဉ်း ပန်းသောကြောင့် ထိုဝန်ထမ်းမှာ အလုပ်မှ ထွက်လိုကြောင်းပြောရာ ပိုင်ရှင်မှ ကြိုးဖြင့် တုတ် ကာ အပြင်သို့ထွက်ခွင့် မပေးတော့ ကြောင်း၊ မီဒီယာသမားတွေလာကာမှ ထုတ်ပေးကြောင်း သိရသည်။ ထိုဝန်ထမ်း အမည်မှာ ကိုအောင်ကျော်ဟုသိရပြီး လောလောဆယ် စခန်းတွင်အမှုဖွင့်ထားကြောင်း၊ ကိုအောင်ကျော်အား ဆေး ရုံပိုင်ရှင်မှ ကြိမ်းလုံးဖြင့်ရိုက်ကြောင်း၊ နာရင်းကို လက်ဝါးဖြင့် ရိုက်
ကြောင်း ၊ နှိပ်စက်တာကိုမခံနိုင်၍ အလုပ်မှထွက်မည်ဆိုတာကို ပေးမထွက်ပဲ လျော်ကြေးပေးမှ ထွက်လို့ရမည်။ ပြီးတော့ ကြိုးဖြင့်တုတ်ထားကြောင်း၊ မီဒီယာသမားတွေလာမှ ထုတ်ပေး တာဖြစ်
ကြောင်း ကိုအောင် ကျော်နှင့် နီးစပ်သူတစ်ဦးမှ သိရှိရသည်။

ထိုဆေးရုံပိုင်ရှင်မှာ ဟင်္သာတဂေါက်ကွင်းတွင် KTV ဖွင့်ထားသော ကိုဝင်းဇော် (SB ဦးစီး အရာ ရှိ) နှင့် ဆွေမျိုးတော်စပ်သည်ဟု ကြားသိရပြီး၊ ထို့ကြောင့်သာ “SB ရဲ့တူဆိုပြီး အရှိန်နဲ့ လုပ်ချင် တိုင်းလုပ်နေတာ။ ကိုဝင်းဇော်ရဲ့ KTV ကလည်း တိုင်လိုက်လို့ နားရင် အများဆုံးတပါတ်ပဲ။
ပြီးတော့လည်း ဒုံရင်းက ဒုံရင်းပါပဲ ဘာမှ မပြောင်းလဲပါဘူး”ဟု မြို့ခံတစ်ဦးက ပြောကြားပါသည်။

Aung Htet | October 18, 2012 at 7:24 pm | Categories: မိုးမခကို ပေးတဲ့စာ | URL: http://wp.me/s2d6gG-28211

No comments: