Tuesday, October 2, 2012

ရခိုင် သတင်း (အင်္ဂါနေ့၊ အောက်တိုဘာလ ၀၂ ရက် ၂၀၁၂ ခုနှစ် )

ကျောက်နီမော်ရွာမီးရှို့ရန်ကြိုးပမ်းသူ ဘင်္ဂလီသုံးဦး ဖမ်းဆီးရမိ
Written by ဇင်ကီး    Tuesday, 02 October 2012 20:51    PDF Print E-mail
အောက်တိုဘာ (၁)ရက်နေ့ ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီးရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်းရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ထိုနေ့က ကျောက်နီမော်ရွာ တောင်ကျော်လမ်းရှိ အသုဘတစ်ခုတွင် ရခိုင်များစုဝေးနေကြစဉ် ဘင်္ဂလီ (၁၀၀)ခန့်က လူစုလူဝေးဖြင့်ကြွေးကြော်၍ ဓာတ်ဆီပုံးများကိုကိုင်ဆောင်ကာ ကျောက်နီမော်ရွာဘက်သို့ မီးရှို့ဖျက်ဆီးရန် ချီတက်လာကြသဖြင့် အသုဘစောင့်နေသူ ရခိုင်များက စစ်တပ်ကို အကြောင်းကြားခဲ့အပြီး တပ်မတော်မှအချိန်မီ ထိန်းသိမ်းလူစုခွဲခဲ့ရသည်။
အဆိုပါဘင်္ဂလီများမှာ ညမထွက်ရအမိန့်ကြောင့် ၄င်းတို့၏ ငါးဖမ်းစက်လှေများ ကုန်းပေါ်သို့တင်မရ၍ သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပန်ပြီးညပိုင်း၌ စက်လှေတွန်းတင်ခဲ့ကြကြောင်း၊ ထိုသို့စက်လှေတွန်းတင်အပြီး ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ သိမ်များ၊ အိမ်များဖျက်ဆီးပြီး လူများကိုသတ်ဖြတ်ခဲ့မှုအပေါ် အောင်ပွဲခံသည့်အနေဖြင့် သောက်စားပျော်ပါးကြရာမှ ယခုကဲ့သို့ လူစုလူဝေးဖြင့် ရခိုင်အိမ်များကိုမီးရှို့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မေလ (၂၈)ရက်နေ့က သပြေချောင်းရွာသူ မသီတာထွေး ကျောက်နီမော်ရွာမှအပြန် ဘင်္ဂလီလူငယ်သုံးဦးက ပစ္စည်းလုယက်၊ မုဒိန်းကျင့်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြို့နယ်များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ရခိုင်ရွာများမှာလည်း ဘင်္ဂလီများ၏အကြမ်းဖက် ဖျက်ဆီး၊ သတ်ဖြတ်ခြင်းကို မကြာမီရက်များက ဆိုးရွားစွာခံစားခဲ့ကြရသည်။


သီတင်းနှစ်ပတ်အတွင်း ရခိုင်အမျိုးသမီးများ ဆန္ဒပြမည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စစ်တွေ (မဇ္ဈိမ)။   ။ ရခိုင်အမျိုးသမီးများ ဘဝလုံခြုံရေးနှင့် ကမ္ဘာ့ အစ္စလာမ်အဖွဲ့ (OIC) ရုံး လက်မခံရေးတို့ ထည့်သွင်း
တောင်းဆိုထားသည့် ဆန္ဒဖော်ထုတ်ပွဲတခုကို စစ်တွေမြို့၌ လာမည့် ရက်သတ္တ နှစ်အပတ်အတွင်း ရခိုင်အမျိုးသမီး ၂၀၀ တို့က ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးဆောင်ပြုလုပ်မည့် အမျိုးသမီး ခေါင်းဆောင် တဦးက ပြောသည်။

ရခိုင်ဒေသ တည်ငြိမ်အေးချမ်းမှု မရှိသေးသမျှ ရခိုင်အမျိုးသမီးများ၏ ဘဝလုံခြုံရေးမှာ ခြိမ်းခြောက်ခံနေရသဖြင့် တမျိုးသားလုံး သွေးစည်းညီညွတ်မှုနှင့် ကာကွယ်ရန် ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်သွားမည်ဟု အမျိုးသမီးခေါင်းဆောင်
ဒေါ်ညိုအေး က စက်တင်ဘာ ၃၀ ရက်နေ့က စစ်တွေမြို့ ရွှေမိုးကဖီး၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြား
လိုက်ခြင်း ဖြစ်သည်။

“ကျမတို့က အချက် ၈ ချက်ပါတဲ့ တောင်းဆိုချက်တွေနဲ့ စက်တင်ဘာ ၂၆ ရက်နေ့မှာ မြို့နယ် အာဏာပိုင်တွေဆီိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ကို ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်ပြခဲ့တယ်။ အဲဒီနေ့မှာပဲ မြို့နယ်က ပယ်ချတယ်။ ဒါကြောင့် ၂၇ ရက်နေ့မှာ ပြည်နယ်ကို ဆက်တင်တယ်။ ၂၉ ရက်နေ့မှာ ပြည်နယ်က ကျမကို ခေါ်တွေ့
ပြီးတော့ တောင်းဆိုချက် တချို့ကို ပြင်ခိုင်းသလို ၂၈ ရက်နေ့ ကောလာဟလကြောင့် လူထုအုံကြွမှု ဖြစ်လုနီးပါး အနေအထားကို ထောက်ပြပြီးတော့ နှစ်ပတ် စောင့်ခိုင်းထားတယ်” ဟု ဒေါ်ညိုအေး က ဆိုသည်။

အကယ်၍ အာဏာပိုင်များဘက်က နှစ်ပတ်အတွင်း ခွင့်မပြုလျှင်လည်း ဆန္ဒပြပွဲကို မဖြစ်မနေ ပြုလုပ်သွားမည်ဖြစ်
ကြောင်းလည်း ဒေါ်ညိုအေး က မဇ္ဈိမကို ပြောသည်။

၎င်းတို့၏ တောင်းဆိုချက်များမှာ “၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေကို လေးစားလိုက်နာရန်”၊ “တရားမဝင် ခိုးဝင်လာ
သူများကို အလိုမရှိ”၊ “မြန်မာ့ပြည်တွင်းရေးကို OIC ဝင်မစွက်နှင့်”၊ “မြန်မာပြည်မှာ ဘယ်အချိန်ကမျှ ရိုဟင်ဂျာ မရှိ”၊ “မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည်”၊ “မြန်မာ့အမျိုးသမီးများဘဝ လှပလုံခြုံမှု ရှိပါစေ” တို့ ပါဝင်သည်။

စက်တင်ဘာ ၂၈ ရက်နေ့က ရခိုင် ကလေးငယ်တဦး အသတ်ခံရသည်ဟူသော ကောလာဟလကြောင့် လူ ၂,၀၀၀
ကျော်တို့က စစ်တွေမြို့ရှိ ရိုဟင်ဂျာ အများစု နေထိုင်ရာ အောင်မင်္ဂလာ ရပ်ကွက်သို့ သွားရောက်စုဝေးခဲ့ကြသည်။ သို့သော် ကောလာဟလမှာ မှားယွင်းနေပြီး အာဏာပိုင်များက ထိန်းသိမ်းနိုင်ခဲ့သည်။

လူသားချင်းစာနာမှု လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ညှိနှိုင်းဆောင်ရွက်ရန်နှင့် စောင့်ကြည့်လေ့လာရန်အတွက် OIC က ရန်ကုန်နှင့် စစ်တွေတွင် ရုံးများ ဖွင့်လှစ်ထားရှိမည့် အစီအစဉ်ကို OIC နှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ စက်တင်ဘာလ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်။

အဆိုပါ OIC ရုံးအား လက်မခံနိုင်ကြောင်း စက်တင်ဘာလ ၂၅ နှင့် ၂၆ ရက်နေ့များက ရသေ့တောင်မြို့၌ ကျင်းပခဲ့
သော ရခိုင်ဒေသ လူထုစည်းဝေးပွဲကြီးမှ ကန့်ကွက်ထားသည်။

မကြာမီ ဆန္ဒဖော်ထုတ်သည့်အခါ ရခိုင်အမျိုးသမီးများအနေဖြင့် “Get Out OIC” စာတမ်းပါ အဝါရောင် တီရှပ်များကို ဝတ်ဆင်လျက် စစ်တွေမြို့ အိုးတန်းရပ်ကွက်၊ ဧစေတီစုရပ်မှ မြို့လယ်လမ်းမကြီးအတိုင်း ဦးဥတ္တမ ပန်းခြံသို့
ချီတက်ကြရန် စီစဉ်ထားကြောင်း သိရှိရသည်။ 



စစ်တွေ မွတ်စလင် ရပ်ကွက် ပြောင်းရွှေ့ရန် ဒေသခံများလိုလား

Hits: 3,463
If you see this message, it means that your browser doesn't support frames or they are disabled.
စစ်တွေမြို့အခြေအနေ တည်ငြိမ်နေသော်လည်း အင်ဘာလာ ရပ်ကွက်အနီးတွင် လုံခြုံရေးများ ချထားသည် (ဓာတ်ပုံ- Reuters)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အင်ဘာလာ ရပ်ကွက် (အောင်မင်္ဂလာ) အား မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် ဒေသခံ ပြည်သူများ၏ တောင်းဆိုမှုကို နိုင်ငံတော် သမ္မတထံ ပြည်နယ်အစိုးရအဖွဲ့ က တင်ပြထားကြောင်း သိရသည်။
အင်ဘာလာရပ်ကွက်၌ စက်တင်ဘာလ ၂၈ ရက်က ကလေးတဦးသည် အင်ဘာလာ ရပ်ကွက်ထဲသို့ ရေခဲချောင်း ရောင်းချရန် သွားစဉ် ထိုရပ်ကွက်နေသူ များက ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်ဟု ကောလဟာလ သတင်းများ ရုတ်တရက်ပြန့်နှံ့ သွားခြင်း ကြောင့် စစ်တွေမြို့ဒေသခံ ထောင်ချီ၍ အင်ဘာလာရပ်ကွက်ကို ၀ိုင်းထားကာ ထိုကလေးအား ထုတ်ပေးရန် တောင်းဆိုရာမှ ပြဿနာများ ဖြစ်ပွားခဲ့ကြသည်။
ပဋိပက္ခများ ဖြစ်ပွားပြီးနောက် ထိုရပ်ကွက်အား မြို့ပြင်ပြောင်း ရွှေ့ပေးရန် စစ်တွေလူထုက ဆက်လက် တောင်းဆိုသောကြောင့် ပြောင်းရွှေ့ခြင်း ကိစ္စသည် ပြည်နယ်အစိုးရ လုပ်ဆောင်ရမည့် ကိစ္စ မဟုတ်ကြောင်း၊ ထို့ကြောင့် သမ္မတထံ တင်ပြပေးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် က ပြောဆိုကြောင်း အစိုးရအဖွဲ့ က ဆိုသည်။
“ရပ်ကွက်ရွှေ့ပေးမယ်လို့ ကျနော်တို့က ကတိပေးတာ မဟုတ်ပါဘူး၊  ဒီကိစ္စဟာ လတ်တလောဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ပြေလည်စေဖို့ အတွက် သမ္မတကို တင်ပြပေးမယ်လို့ ၀န်ကြီးချုပ် က ပြောတာပါ”ဟု ရခိုင် ပြည်နယ်အစိုးရအဖွဲ့၏ သတင်းပြန် ကြားရေးဆပ်ကော်မတီ ဥက္ကဋ္ဌနှင့် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်း က ဧရာဝတီ ကို ပြောသည်။
အင်ဘာလာရပ်ကွက်သည် မွတ်စလင်အများစု နေထိုင်ရာ ရပ်ကွက်တခုဖြစ်ကြောင်း၊ ဒေသခံတိုင်းရင်းသားများ၊ ကျောင်းသား များ၊ အမျိုးသမီးများအနေဖြင့်  ထိုရပ်ကွက်ထဲမှ ဖြတ်သန်းသွားပါက ရပ်ကွက်နေသူ တချို့၏ နှောက်ယှက်မှု၊ ခြိမ်းခြောက်မှုကို ခကြာခဏ ခံနေရ ကြောင်း၊ ထို့ကြောင့် ထိုရပ်ကွက် ကို မြို့ပြင်သို့ ပြောင်းရွှေ့ပေးရန် တောင်းဆို ရခြင်းဖြစ် ကြောင်း စစ်တွေ မြို့ခံများ က ပြောသည်။
ဇွန်လအတွင်း စတင်ခဲ့သည့် ပဋိပက္ခများကြောင့် စစ်တွေမြို့မှ မွတ်စလင်များ ကို မြို့ပြင်ရှိ ၎င်းတို့လူမျိုးများ နေထိုင်ရာ ကျေး ရွာများသို့ ပြောင်းရွှေ့၍ နေရာချပေးထားမှု များ ရှိခဲ့ပြီး အင်ဘာလာ ရပ်ကွက်သည် ပြောင်းရွှေ့ခြင်းမရှိဘဲ ကျန်ရှိသည့် ရပ်ကွ က်တခု ဖြစ်သည်။
မွတ်စလင်များအား သီးသန့်နေရာချထားပေးခြင်းဖြင့် လတ်တလောဖြစ်ပွားနေသည့် ပြဿနာ တည်ငြိမ်မှု ရရှိနိုင်မည် မှန် သော်လည်း ရေရှည်တွင် မွတ်စလင်များအတွက် အခွင့်အရေး ဆုံးရှုံးနိုင်ကြောင်း၊ ရေရှည်တည်ငြိမ်ရေးအတွက် နှစ်ဦးနှစ်ဘက် ပြန်လည် ယုံကြည်မှုရလာအောင် တည်ဆောက်ပေးသင့်ကြောင်း အစ္စလမ်သာသနာရေးရာ ကောင်စီဌာနချုပ်၏ ပြောခွင့် ရသူ ဦးဝဏ္ဏရွှေ က ဧရာဝတီ ကို ပြောသည်။
“ပြဿနာဖြစ်နေချိန်မှာတော့ သီးခြားစီထားတာ သဘာဝကျပါတယ်၊ ဒါပေမယ့် ရေရှည်မှာတော့ သီးခြားစီ ထားမယ်ဆိုရင် လည်းပဲ ပြဿနာက  ပြေလည်မှာမဟုတ်ဘူး၊ သူတို့နေတဲ့ နေရာကိုတော့ သူတို့ကို ပြန်ပေးသင့်တာပေါ့”ဟု ၎င်းက ဆိုသည်။
စစ်တွေမြို့၏ ယနေ့အခြေအနေသည် တည်ငြိမ်မှု ရှိနေပြီး အင်ဘာလာရပ်ကွက်နှင့်အနီးတ၀ိုက်၊ မြိုပေါ်ရှိ လမ်းဆုံများ၊ လူ စည်ကားရာ နေရာတချို့တွင် လုံခြုံရေးများ ချထားကြောင်း စစ်တွေ ဒေသခံများ က ပြောသည်။
ရခိုင်ဒေသတွင်း တည်ငြိမ်နေသော်လည်း ဘင်္ဂလာေးဒ့ရှ်နိုင်ငံ၊ စစ်တကောင်း ဒေသ၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ ရခိုင်ဒေသသို့ ပြန့်နှံ့လာမည်ကို ဒေသခံများက စိုးရိမ်နေကြ ကြောင်းသိရပြီး စစ်တကောင်း ဒေသ၌ ဗုဒ္ဓဘာသာဝင် များနှင့် မွတ်ဆလင်များ အကြား ပဋိပက္ခ ကြောင့် ဘုန်းကြီး ကျောင်းများ၊ ဒေသခံ ဗုဒ္ဓ ဘာသာ မာရမာလူမျိုးများ၏ နေအိမ်များ မီးရှို့ ခံရခြင်း၊ လူတချို့ ဒဏ်ရာရခြင်း တို့ရှိသည်။
ပြည်နယ်အစိုးရကပြောရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ရခိုင်နယ်စပ်ဒေသဖြစ်သော မောင်တောနှင့်နယ်စပ် တ၀ိုက်၌ လုံခြုံရေး ချထားကြောင်း  ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ဧရာဝ တီ ကို ပြောသည်။
မောင်တောမြို့နယ်ရှိ သရေကုန်တန်းကျေးရွာ အုပ်ချုပ်ရေး မှူးနေအိမ်အား စက်တင်ဘာလ ၃၀ ရက်နေ့က မီးရှို့ခံရကြောင်း  ဒေသခံ တချို့က ဧရာဝတီကို ပြောသည်။ ထိုကိစ္စအား ပြည်နယ် အစိုးရက လည်း အတည်ပြု ပြောဆိုသည်။ ထိုနေ့၌ ပင် မင်းပြားမြို့တွင် လည်း ပဋိပက္ခ တချို့ရှိခဲ့ပြီး ယခုအခါ တည်ငြိမ်နေကြောင်း အာဏာပိုင်တို့က ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း ဒေသမှ ပြဿနာသည် ရခိုင်ပြည်သို့ ရိုက်ခတ်မှု ရှိလာနိုင်သကဲ့သို့ ရခိုင်ဒေသက ပြဿနာ သည်လည်း ဘင်္ဂလားဒေ့ရှ် နယ်စပ်သို့ ရိုက်ခတ်မှု တချို့ ရှိခဲ့ခြင်းကြောင့် ရခိုင်ပြည်သူများ အနေဖြင့် သတိထား၍ နေထိုင်ရန် လို အပ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုး က ပြော သည်။
“သွေးထိုးလှုံဆော်မှုတွေ၊ ကောလဟာလထုတ်လွှင့်မှုတွေ ရှိနေတဲ့အတွက် ရခိုင်ပြည်သူတွေအနေနဲ့ အရာရာကို သတိထားပြီး နေထိုင်ဖို့ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ဇွန်လဆန်းတွင် ဖြစ်ပွားခဲ့သော ရခိုင်ဒေသတွင်း ပဋိပက္ခများကြောင့် မောင်တောနှင့်စစ်တွေ တွင် ဒုက္ခသည်များ ရှိနေ ဆဲဖြစ် ပြီး၊ ၎င်းတို့ရေရှည် နေထိုင်စားသောက်ရေး အတွက် အခက်အခဲ များရှိကြောင်း သိရပြီး ရခိုင်နှင့်တခြားတိုင်းရင်းသား ဒုက္ခ သည်များသည် ဘုန်းတော်ကြီးကျောင်းများ၌ တည်းခိုနေဆဲဖြစ်ပြီး မကြာမီ နေရာချထားနိုင်မည် ဟု အာဏာပိုင်အဖွဲ့ က ဆို သည်။
စစ်တွေမြို့နယ်အတွင်းမှ မွတ်စလင် ဒုက္ခသည်များကို မြို့ပြင်၌  စခန်းများ တည်ဆောက်၍ နေရာ ချပေးထားသော် လည်း နေအိမ် လုံလောက်မှု မရှိကြောင်း၊ လူဦးရေများပြားပြီး ရေအိမ်သာ နည်းပါးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းခြင်း တို့ ရှိကြောင်း ဦးဝဏ္ဏရွှေ က ပြောသည်။
“ဆောက်ပေးတဲ့ တဲအိမ်ကသေးနေပြီး လူအရေအတွက်ကများတော့ မိုးရာသီမှာ နေထိုင်ရ ခက်ခဲနေကြပါတယ်၊ လူဦးရေနဲ့ လိုက်ဖက်တဲ့ တဲအိမ်တွေနဲ့ ကျန်းမားရေးစောင့်ရှောက်မှု၊ အစားအစာ အဓိက လိုအပ်နေပါတယ်”ဟု ၎င်း က ဆိုသည်။
စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများ၌ မွတ်စလင်ဦးရေ ၆ သောင်းဝန်းကျင်ရှိကြောင်း၊ အစိုးရအဖွဲ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းများက ထောက်ပံ့လှုဒါန်းမှုများ ရှိကြောင်း၊ အာဏာပိုင်များအနေဖြင့် စစ်တမ်းကောက်ယူထားသည့် လူဦးရေ စာ ရင်းအတိုင်း အားလုံးကို ထောက်ပံ့ပေးနေ၍ လုံလောက်မှု ရှိကြောင်း ဦးဝင်းမြိုင် က ပြောသည်။
၎င်းက“ကျနော်တို့ စစ်တမ်းမှာရှိတဲ့ စာရင်းအတိ အကျပေးပါတယ်၊ ဒါပေမယ့် စခန်းတွေထဲကို ခိုးဝင်လာသူတွေ ရှိနေတယ်လို့ သိရပါတယ်၊ ဒီလိုမျိုး တိုးပွားလာနေသူတွေက စာရင်းမရှိတော့ ရိက္ခာမရတာနေမှာပါ”ဟု ဆိုသည်။
မွတ်စလင်ဒုက္ခသည် စခန်းများသို့ ပြည်တွင်း မီဒီယာများ အပြင် နိုင်ငံတကာ မီဒီယာများ၊ ရုပ်သံများကို လွတ်လပ်စွာ သတင်းရခွင့် ပေးထားကြောင်း၊ ဒုက္ခသည်များကိုလည်း လွတ်လပ်စွာ အင်တာဗျူးများ လုပ်ခွင့်ပေးထားကြောင်း ပြည်နယ် အာဏာပိုင် တို့က ဆိုသည်။


ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ မြန်မာ့ပို့ကုန်မှ တာကာ ၅၆၈၁၃၃၄၉ ရရှိဆို
Written by သဇင်ဥ    Tuesday, 02 October 2012 15:53    PDF Print E-mail
imagesမြန်မာ့တင်ပို့ကုန်မှ ဘင်္ဂလာနိုင်ငံတော်ဝင်ငွေ တာကာ (၅၆၈၁၃၃၄၉) ကော့စ်ဘဇားခရိုင် တာခ်နာဆိပ်ကမ်းမှ စက်တင်္ဘာလအတွင်း အကောက်အခွန် ရရှိခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက တနင်္လာနေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။
မြန်မာ့တင်ပို့ကုန်မှ နိုင်ငံတော်ဝင်ငွေအဖြစ် အကောက်အခွန်ရရှိသော ယင်းငွေမှာ မြန်မာမှ ဘင်္ဂလာသို့ တင်ပို့သည့် စာရင်းဇယား (၁၄၀)အရ အသေအချာတွက်ချက် ရရှိခြင်းဖြစ်ကြောင်း ဆိုသည်။
တာခ်နာအခြေစိုက် အမျိုးသားနိုင်ငံတော်ဝင်ငွေအဖွဲ့ (NBR)က " ဘင်္ဂလာက မြန်မာသို့ တင်သွင်းခဲ့တာကာ စာရင်းဇယား (၇၀)အရ ဆံပင်၊ အယ်လိုမီနီယံ၊ ဘိလပ်မြေ၊ အ၀တ်အထည်နဲ့ တခြားပစ္စည်းတွေ စုစုပေါင်း တာကာ (၁၂၁၄၅၇၁၈)တန်ဖိုးရှိ ကုန်တွေ ပို့ခဲ့ပါတယ်။ မြန်မာက တင်ပို့ခဲ့တာက များသောအားဖြင့် သစ်၊ ငါး၊ ၀ါး၊ ဈေးယုံ၊ ကျွဲ၊ နွား၊ နနွင်းနဲ့ မဆလာတွေ တင်ပို့ခဲ့ပါတယ်။ " ဟု ယမန်နေ့က ဒေသခံသတင်းထောက်များသို့ ထုတ်ဖေါ်ပြောဆိုလိုက်သည်။
တာခ်နာဆိပ်ကမ်းမှ ဆိပ်ကမ်းစီးပွားရေးရာ ခေါင်းဆောင် အာဘ်ဒူလ် မိုဟိုက်မေန် က " သွင်းကုန်-ပို့ကုန် နယ်စပ်စီးပွားရေး ပိတ်နေခဲ့၍ ကျွန်တော်တို့အတွက် ကုန်ဈေးနှုန်းတွေ တက်ခဲ့တာပါ။ နယ်စပ်အကြား မူးယစ်ဆေးဝါးတွေ အပြန်အလှန်တင်မှုကြောင့်လည်း နယ်စပ် စီပွားရေးကို ထိခိုက်နစ်နာပါတယ်။ အဲဒါတွေကြောင့် မြန်မာက ကုန်ပို့ဆောင်လာသူတွေ နေ့စဉ်ကုဋေပေါင်းများစွာ ရှုံးဆုံးနစ်နာ နေရပါတယ်။ " ဟု ဒေသသတင်းထောက် တာဟေရာ အာဒါရ်အား ထုတ်ဖေါ်ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်အတွင်း ဇွန် (၈)ရက်နေ့က စတင်၍ အကြမ်းဖက်သမားများက သောင်းကျန်းမီးရှို့မှုများ ပြုလုပ်ခဲ့၍ အိမ်ခြေပေါင်း (၃၀၀၀) နီးပါ၊ ကျေးရွာပေါင်း (၄၀) နီးပါး၊ သေဆုံးသွားသူပေါင်း (၁၀၀)ခန့်၊ ဘုန်းတော်ကြီးကျောင်းပေါင်း (၁၆)ကျောင်း၊ ဗလီ (၇)ဆောင်နှင့် ဒုက္ခသည်ပေါင်း (၉၀၀၀၀) ကျော်တို့ ရှိခဲ့ပြီး မြန်မာ-ဘင်္ဂလာ နယ်စပ်စီးပွားရေးကို သြဂုတ်လ တတိယအပတ်က စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆိပ်ကမ်းတွင် သစ်စီးပွားရေးလုပ်ငန်းရှင် မိုဟာမတ် ဟာဆေမ်က "ကျွန်တော်တို့က မြန်မာ့သစ်တွေအပေါ်မှာ စိုးရိမ်ဖို့ တစ်စုံတစ်ရာ မရှိပါဘူး၊ လတ်တလောတော့ ဈေးတက်နိုင်တာပေါ့၊ ပိတ်နေခဲ့တဲ့ နယ်စပ်ပို့ကုန်-သွင်းကုန်အတွက် အစိုးရနဲ့ စီးပွားရေးသမားတွေက အခုလိုပွင့်လင်းလာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တာပါ။ "ဟု ဆိုသည်။
တာခ်နာအခြေစိုက် BGB အမှတ် (၄၂)မှ မြန်မာက မှောင်ခိုတင်ပို့လာသော ဘီယာ(၂၄၀)ကာတွန်းနှင့် ဒရိုင်းဇီး အရက်(၃၆)ပုလင်းအား တာခ်နာမြို့နယ် နာဇီရွာမှ တနင်္လာနေ့က ဖမ်းဆီးရမိကြောင်း သိရှိရသည်။
ဘင်္ဂလာတွင် အကြမ်းဖက်သမားများက နှစ်ပေါင်း (၃၀၀)ခန့်ကြာတည်ရှိနေသော ဗုဒ္ဓဘာသာ ရှေ့ဟောင်းအဆောက်အအုံ သမုတ်သိမ် အပါအ၀င် ကျောင်း(၂၅)ဆောင်ကျော်၊ ဆင်းတုတော်အများအပြား၊ နေအိမ်ပေါင်း (၁၀၀)ခန့်နှင့် ဒေသခံနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တချို့အား ယမန်နေ့မနက်အစောပိုင်း (၁၂)နာရီကျော်မှ စတင်ကာမီးရှို့သောင်းကျန်းတိုက်ခိုက်မှုကြောင့် သေကြေဒဏ်ရာ ရရှိနေမှုများမှာ ရခိုင်ပြည်အတွင်း အကြမ်းဖက် တိုက်ခိုက်ခံရသကဲ့သို့ ရင်ဆိုင်ကြုံတွေ့နေရသောကြောင်း နယ်စပ်စီးပွားရေးမှာ ထပ်မံရပ်ဆိုင်း သွားနိုင်ကြောင်း နှစ်နိုင်ငံအကြား ခရီးသွားစီးပွားရေးသမားများက ပြောသည်။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ အစိုးရက ကော့စ်ဘဇားခရိုင် ပန်းဝါမြို့နယ်၊ အိုခီးယားမြို့နယ်၊ ၀ါးခွတ်ချောင်းမြို့နယ်နှင့် တာခ်နာမြို့နယ်တို့တွင် ပုဒ်မ (၁၄၄)ညမထွက်ရ၊ လူမစုရအမိန့်ကို ယမန်နေ့က စတင်ထုတ်ပြန်ထားသည်။

No comments: