Friday, October 5, 2012

ဗုဒ္ဓဘာသာကို ပစ်မှတ်ထားတိုက်ခိုက်လာသော မွတ်ဆလင်အကြမ်းဖက်သမားများကြောင့် အရှေ့တောင် အာရှရှိ မွတ်ဆလင်စီးပွားရေးသမားသူဋ္ဌေးများ၏ အနာဂတ် စိုးရိမ်ဖွယ်ရှိနေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar အနီးမှာ
 ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို
အစ္စလာမ် အစွန်းရောက် အဖွဲ့ တွေက ပြု
လုပ်ခဲ့တာဖြစ်ပါတယ်။ Cox’s Bazaar နဲ့
ပန်းဝါလို့  ခေါ်တဲ့
Ramu ဒေသတ၀ိုက်မှာအကြမ်းဖက်တိုက်ခိုက်မှုတွေ ကြောင့်လူ၂၀၀ကျော်သေဆုံးခဲ့ပါတယ်။
 ထောင်ပေါင်းများစွာ သောဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ မီးရှို့ဖျက်ဆီးခံခဲ့ရ ပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အဲဒီဒေသမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ထားပြီး မသင်္ကာသူ တချို့ကိုလည်း မကြာသေးခင် နာရီပိုင်းအတွင်းကပဲ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အဓိကစဖြစ်တဲ့ နေရာက တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Ramu လို့ခေါ်ပြီး မြန်မာတွေက ပန်းဝါလို့ ခေါ်တဲ့မြို့မှာ ဖြစ်ပါတယ်။
 အဲဒီဒေသမှာ အစ္စလာမ် အစွန်းရောက် တချို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားတွေအပါအ၀င် စာသင်ကျောင်း နဲ့လူနေအိမ်တွေကိုလူအုပ်စုဖွဲ့ပြီးရုတ်တရက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။

အခုချိန်ထိ နောက်ဆုံးရရှိတဲ့သတင်းတွေအရကတော့ မီးဒဏ်ကို မရှောင်နိုင်တဲ့ ဗမာရခိုင်အဘိုးအို (၃)ဦးနဲ့ အဘွားအိုတဦး၊စုစုပေါင်း၅ဦးထက်မနည်းသေဆုံးခဲ့တယ်လို့သိရပါတယ်။

အစပိုင်းမှာ ပန်းဝါမြို့မှာသာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ထားပေမယ့် ဒီကနေ့ နေ့လည်ပိုင်းကစပြီး Cox’s Bazaar လို့ခေါ်တဲ့ ဖလောင်းချိတ် ဒေသမှာပါ ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်သလို့ မသင်္ကာသူ အတော်များများကိုလည်း ဖမ်းဆီးထားတယ်လို့ အခြေအနေတွေကို အနီးကပ် လေ့လာ စောင့်ကြည့်နေတဲ့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် ရခိုင်အမျိုးသမီး အဖွဲ့ချုပ်က ဥက္ကဌဒေါ်မြရာဇာလင်းကပြောပါတယ်။


 ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အစွန်းရောက်မူဆလင်တွေရဲ့ အကြမ်းဖက်မယ့် စီမံချက်ကို ကြိုတင်ရရှိထားခဲ့ ပေမယ့် ကာကွယ်ဖို့ လုပ်ဆောင်ထားတာ မတွေ့ရပါဘူး။  ဖြစ်ရပ်ကြီးတစ်ခုဖြစ်ပွားပြီးမှသာ ၀တ်ကျေတန်းကျေ        ထလုပ်တာမျိုးဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပြောဆိုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှာ အစ္စလာမ်ကိုးကွယ်သူအများစုရှိနေတာကြောင့် တစ်ခြားဘာသာတွေကို တန်းတူထားဆက်ဆံတာ မတွေ့ရ ပါဘူး။ အစ္စလာမ်မစ်နိုင်ငံတွေရဲ့ ထုံးစံအတိုင်း ဘာသာရေးခွဲခြားဖိနှိပ်မှုတွေရှိနေပါတယ်။ အရှေ့တောင် အာရှနိုင်ငံတွေဖြစ်တဲ့ မြန်မာ၊ထိုင်း၊ကမ္ဘောဒီးယား၊လာအိုစတဲ့နိုင်ငံတွေမှာ ဘာသာရေးကိုးကွယ်မှု မျှမျှတတ ရှိတဲ့အကြောင်း ပြင်သစ်နိုင်ငံအခြေစိုက် ဘာသာရေးအကဲခတ်လေ့လာသူတွေက ၀န်ခံပြောဆိုထားပါတယ်။


အစ္စလာမ်မစ်နိုင်ငံတွေမှာ ဒီလိုမျိုးဘာသာရေး အစွန်းရောက်တွေကြောင့် သေကြေဒဏ်ရာရမှုတွေ၊ တိုက်ခိုက် သတ်ဖြတ်မှုတွေ နေ့စဉ်ဖြစ်ပေါ်နေတာဖြစ်တယ်လို့လဲ အဆိုပါအဖွဲ့က သုံးသပ်ထားပါတယ်။




မြန်မာနိုင်ငံရခိုင်ဒေသမှာဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ ပွင့်လင်းမြင်သာစွာ ဖြေရှင်းနိုင်ခဲ့ပေမယ့် အခုဘင်္ဂလားဒေ့ရှ်မှာဖြစ်တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ ဘဂ်လားဒေ့ရှ်အစိုးရက ပွင့်လင်းမြင်သာမှုမရှိဘူးလို့သုံးသပ်ထားပါတယ်။

အခင်းဖြစ်ဖြစ်ပြီးချင်း နောက်တနေ့မနက် တနင်္ဂနွေနေ့မှာတော့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခင်းဖြစ်ပွားတဲ့နေရာကို အခြေအနေတွေ သွားရောက် စစ်ဆေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းဌာနက ၀ါရင့်သတင်းထောက် Abdul KaramAzadကပြောပြပါတယ်။

 “မနေ့က မနက်အစောကြီးမှာပဲ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် အခင်းဖြစ်တဲ့ နေရာကို ချက်ချင်းသွားခဲ့ပါတယ်တဲ့။ ဒီတိုက်ခိုက်မှုတွေဟာ ကြိုတင် ပြင်ဆင်ပြီး အကွက်ကျကျ ပြုလုပ်တဲ့ တိုက်ခိုက်မှု တွေဖြစ်တယ်လို့ ၀န်ကြီးက ပြောခဲ့ပါတယ်တဲ့။

ဒီတိုက်ခိုက်မှုကို အစ္စလာမ် စစ်သွေးကြွတွေက ဦးဆောင် ပြုလုပ်ခဲ့တယ်လို့ အစိုးရဖက်က ရည်ညွန်း ပြောဆိုနေပါတယ်တဲ့။ ဒါ့အပြင် ရိုဟင်ဂျာအုပ်စုတွေလည်း ဒီတိုက်ခိုက်မှုမှာ ဆက်နွယ်ပါဝင်မှုရှိတယ်လို့ အစိုးရကပြောတယ်လို့ AbdulKaramAzadကပြောသွားတာပါ။




”တိုင်းပြည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် အစွန်းရောက်အဖွဲ့တွေက ကြိုတင် ပြင်ဆင်ပြီး ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကိုပြုလုပ်တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကပြောပါတယ်။

စနေနေ့ညက အခြေ အနေတွေ အတော်လေး ဆိုးရွားခဲ့ပေမယ့် အာဏာပိုင်တွေဖက်က ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် လိုက်တာနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အချိန်မှီ တိုးမြင့် ချထားလိုက်နိုင်တာကြောင့် မနေ့ တနင်္ဂနွေနေ့က စပြီး အခြေအနေတွေဟာပြန်လည်တည်ငြိမ်နေပြီလို့ဒေသခံတွေကပြောပါတယ်။


ပန်းဝါလို့ခေါ်တဲ့ Ramu နဲ့ Cox’s Bazaar ဒေသတွေမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေအပြင် ဒါကာမြို့မှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း၃ကျောင်းကိုလည်း မူဆလင် အစွန်းရောက်အဖွဲ့တစ်ဖွဲ့ကဖျက်ဆီးဖို့လုပ်ဆောင် ခဲ့ပါသေးတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ အခုလိုမျိုးအကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့အသေးစိတ် ဖြေရှင်း တင်ပြဖို့ ဘင်္ဂလားဒေ့ရှ်တရားရုံးချုပ်ကတောင်းဆိုထားပါတယ်။

အကြမ်းဖက်အုပ်စုတွေရဲ့အကြောင်းပြချက်ကတော့ အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ကိုရမ်ကျမ်း စာအုပ်ကို စော်ကားရာရောက်စေတဲ့ ဓါတ်ပုံကို Facebook အင်တာနက် စာမျက်နှာမှာ တင်လိုက်တဲ့အတွက် အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလို့ ပြောပါတယ်။


ဒါပေမယ့် အဲဒီလို ပြောဆိုမှုအပေါ် ဘင်္ဂလားဒေ့ရှ်အစိုးရကိုယ်တိုင်က ယုံကြည်မှုမရှိပဲ၊ အကြမ်းဖက်ဆူပူမှုဖြစ်အောင် တမင်အကွက်ဆင် လုပ်ဆောင်တယ်လို့ ယူဆနေတဲ့အကြောင်း ၀ါရင့်သတင်စာဆရာ Abdul Karam Azad က ပြောပါတယ်။



အစ္စလာမ် ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ ကိုရမ်ကျမ်းစာအုပ်အား မဖွယ်မရာ စော်ကားထားသည့်ပုံဖေ့စ်ဘွတ် စာမျက်နှာများပေါ်တွင် ပျံ့နှံ့လာပြီးနောက် ထိုပုံကို ဗုဒ္ဓဘာသာဝင် လူငယ်တဦးက တင်သည်ဟု စွပ်စွဲကာ ဒေါသထွက်နေသော လူအုပ်များက ဒေသတွင်းရှိ ဗုဒ္ဓဘာသာ ကျောင်းတော်များနှင့် စေတီ ၁ဝ ခုကျော်ကို စက်တင်ဘာလ ၂၉ ရက်နေ့ည သန်းခေါင်အချိန်က ကော့ဘဇားခရိုင်၊ ပင်းဝါရွာကြီး (ခေါ်) ရာမူး Ramu ဒေသတွင်စတင်တိုက်ခိုက်ဖျက်ဆီးခဲ့ကြခြင်းဖြစ်ပါတယ်။

အဲဒီအကြမ်းဖက်မှုမှာ ရိုဟင်ဂျာများနှင့် ဆက်စပ်နေ သည်ဟုညွှန်းဆိုသည့်အစီရင်ခံစာတခုကိုလက်ခံရရှိထားကြောင်း ပြည်ထဲရေး ဝန်ကြီး မိုဟီအူဒင် ခန်း အလမ်ဂီးရ် Mohiuddin Khan Alamgir က ပြောဆို လိုက်သည်။ ၀န်ကြီးမိုဟီဒင်ခန်း အလမ်ဂီးရ်က ဒီအဖြစ်အပျက်ဟာအလွန် ပဲ အကျည်းတန်၊အရုပ်ဆိုးတဲ့အကြောင်းနဲ့ အရှေ့တောင်အာရှမှာ ကြီးပွားချမ်းသာနေတဲ့ မူဆလင်အများစု ရေရှည်အကျိုးစီးပွားကိုထိခိုက်နိုင်တယ်လို့ ပြောပါတယ်။




ဗုဒ္ဓဘာသာဝင်နိုင်ငံတွေမှာရှိနေကြတဲ့ ပြည်သူလူထုအများစုအနေနဲ့ အခုအခါမှာ မူဆလင်ဆန့်ကျင်ရေးစိတ်ဓာတ် တွေပြင်းထန်နေပါတယ်။ အစ္စလာမ်ကိုးကွယ်သူတွေရဲ့ ကုန်ပစ္စည်းတွေ ၀ယ်ယူအသုံးမပြုရေး၊ အစ္စလာမ်တွေရဲ့ စားသောက်ဆိုင်တွေမှာ ၀င်ရောက်မစားသောက်ရေးနဲ့ မူဆလင်အများစုရဲ့ အန္တရာယ်ကကာကွယ်ရေးအတွက် ဘက်ပေါင်းစုံမှ ဆန့်ကျင်ရေးတွေလုပ်ဆောင်ကြဖို့ လှုံ့ဆော်မှုတွေဖြစ်ပေါ်နေပါတယ်။
 ကမ္ဘာကြီး တည်ငြိမ်မှု ကင်းမဲ့အောင်အစ္စလာမ်ဘာသာဝင်တွေ၊ အထူးသဖြင့်အစွန်းရောက် မူဆလင်အကြမ်းဖက် သမားတွေက လုပ်ဆောင်နေခြင်းဖြစ်တာကြောင့် မူဆလင်လုပ်ငန်းရှင်တွေရဲ့ အနာဂတ်ဟာစိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးထောက်ပြပြောဆိုသွားခဲ့ပါတယ်။

  Uba Khet

No comments: