Thursday, October 11, 2012

Danger မူးယစ်ဆေးအဖွဲ့မှ မြိတ် ရဲတွေ နှင့် အုပ်ချုပ်ရေးအဖွဲ့များအား ရာဇာသံပေး အကြမ်းဖက်ပြီ



၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၂ နာရီ ခန့် တွင် မြိတ်မြို့ပေါ်ရှိ ကားမှန်များအား Danger အဖွဲ့မှ ခဲများပစ်ပေါက်ခွဲသွားကြပါသည်။

 ဆိုင်ကယ်စီး လူရမ်းကား၊ မူးယစ်ဆေးဂိုဏ်း Danger အဖွဲ့ ဦးဆောင်သူများကို မြေနီလမ်း အိမ်ပေါ်တက် အကြမ်းဖက်တိုက်ခိုက်မှုဖြင့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၅ ရက် သစ်ထူးလွင်  အင်တာနက် သတင်းများတွင် ပါဝင်လာသောကြောင့် ဦးဆောင်သူအချို့ကို ရဲတပ်ဖွဲ့မှ ခေါ်ယူထားသည့်အတွက် Danger အဖွဲ့မှ သူတို့ ခေါင်းဆောင်များ ပြန်လွတ်ပေးရေး ရာဇာသံပေးသည့်အနေဖြင့် မြိတ်မြို့ပေါ်ရှိ ကားများအား တစ်ညတည်း ၁၆ စီးခန့် လိုက်လံ ဖျက်ဆီးသတိပေးလိုက်ကြောင်း ၄င်းအဖွဲ့နှင့် နီးစပ်ရာ သတင်းရပ်ကွက်မှ သိရှိခဲ့ရပါသည်။

ကျနော် ဈေးသည်တွေကို ပစ္စည်းသယ်ပေးတဲ့ ဘေးတွဲဆိုင်ကယ်သမားပါ ည ၁ နာရီ ခွဲ ခန့် ဂုဏ်ရုံလမ်း ကနေ ၊ ကမ်းနားဘက်သွားတာ လမ်းမှာ အကျီင်္အနက်ရောင်ဝတ် ဆိုင်ကယ် အဖွဲ့တစ်ဖွဲ့တွေ့တယ်ကျနော် လမ်းဘေးဆင်းနေရတယ်ဗျ။ ကြောက်ရတာပေါ့ဗျာ မြိတ်မှာ ဒီကောင်တွေ အန္တရာယ် အရမ်းကြီးနေ တာတောင်  ရဲနှင့် အုပ်ချုပ်ရေးအဖွဲ့ ဒီအတိုင်ကြည့်နေတာ အံ့သြသင့်မိတယ် ဟု ပြည်သူတစ်ဦး၏ ကြောက်ရွံ့စွာ ရင်ဖွင့်သံပါ။


မြိတ်ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့များဘက်မှ တစ်စုံတစ်ရာအကြောင်းပြန်ကြာြးေ
ဖဆိုခြင်းမရှိပါ။

No comments: