Tuesday, October 23, 2012

"ပုသိမ် NLD မှ နုတ်ထွက်မည့် ပါတီဝင်များ မည်သည့် အလံအောက်မှ ခိုဝင်မည် မဟုတ်ဟု ဆို"


Posted by မိုးမြင့်မြတ် Popular Myanmar News Journal
on Wednesday, October 24,2012 at 10:52 AM

ပုသိမ်မြို့နယ် NLD မှ နုတ်ထွက်ကြမည့် ပါတီဝင်များသည် မည်သည့် အလံအောက်ကိုမှ ခိုဝင်မည်မဟုတ် ဟု နုတ်ထွက်ပါတီဝင် ဦးသန်းဝင်းက ပြောသည်။

''ကျွန်တော်တို့ ဒီလိုနုတ် ထွက်တာဟာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းရဲ့ တိုက်တွန်း ချက်မှ မပါသလို ကျွန်တော်တို့ ဘယ်သူ့ အလံအောက်ကိုမှ မခိုဝင်ပါဘူး။ ကျွန်တော်တို့ အမျိုးသားရေးနဲ့ ဒီမိုကရေစီ ရေးအတွက် အမြဲတမ်းရပ် တည်သွားမှာပါ'' ဟု ၄င်းက ပေါ်ပြူလာနယူးစ်၏ ဆက် သွယ်မေးမြန်းချက်ကို ပြန်လည် ဖြေကြားသည်။

ဒေါက်တာသန်းထိုက်၊ ဦးသန်းဝင်းနှင့် ဦးညွန့်လှိုင် အပါအဝင် ပါတီဝင် ရာ ဂဏန်း ကျော် မှာ အောက်တိုဘာ ၂၇ ရက်နေ့တွင် ပါတီမှ နုတ်ထွက် ပွဲ၊ ဆိုင်းဘုတ်ချပွဲနှင့် သတင်း စာရှင်း လင်းပွဲကို တစ်ပါတည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးသန်းဝင်းက ပြောသည်။

''နုတ်ထွက်မယ့် ပါတီဝင် ၅ဝဝ ဆိုတာ မဟုတ်ပါဘူး။ ရာဂဏန်းလောက်ပဲ ရှိမယ် ထင်ပါတယ်။ ကျွန်တော်တို့ မစည်းရုံးပါဘူး။ အဆင့်ဆင့် ဖြစ်နေတာကို သူတို့ ကိုယ်တိုင် လည်း ခံစားနေရလို့ လိုက်နုတ် ထွက်ကြတာပါ။ ပုသိမ်အပြင် သာပေါင်း၊ ကန်ကြီးဒေါင့်၊ မြောင်းမြ၊ ရေကြည်ကလည်း ကျွန်တော်တို့ နုတ်ထွက်ပွဲကို လာလေ့လာလိမ့်မယ်။ ဒီလို သာ ဗဟိုက ဆက်လက်ကျင့် သုံးနေမယ် ဆိုရင် ကျွန်တော် ထင်တယ်။ ဝမ်းနည်းစရာပဲ။ နောက်ထပ် ပြိုကွဲမှုတွေ ထပ် ကြုံရလိမ့်မယ်''ဟု ဦးသန်းဝင်း က ဆက်လက်ပြောသည်။

ယင်းနှင့် ပတ်သက်၍ NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်းက ပါတီဝင်များ နုတ်ထွက်၍ ပါတီသိက္ခာကျ စရာမရှိကြောင်း၊ ပါတီတွင် အလုပ်လုပ်လို့ မရပါက နုတ် ထွက်ခြင်းသာ အကောင်းဆုံး ဖြစ်ကြောင်း ပြောသည်။

''ပုသိမ်သွားတာ ကျွန်တော်ပါမသွားဘူး။ ဦးတင်ဦးတို့ သွားတာ။ ကျွန်တော်သိတာက သူတို့ သုံးဦး ကို တာဝန်ပြန်ပေးဖို့ ပြောတယ်။ မပေးရင် နုတ် ထွက်မယ်ဆိုပြီးပေါ့'' ဟု ဦးဥာဏ်ဝင်းက ထပ်မံ
ပြော သည်။

ပုသိမ်မြို့မှ နုတ်ထွက် မည့် NLD ပါတီဝင်များက ၄င်းတို့ မျှော်လင့်တကြီး ထောက်ခံခဲ့သော ပါတီ သည် ဒီမိုကရေစီစနစ်ကို အမှန် တကယ်ကျင့်သုံးနိုင်မှု အား နည်းပြီး ဗဟိုမှ ဖြုတ်ထုတ်ရပ် လုပ် ငန်း များကို လုပ်ဆောင်ကာ ဗဟိုဦးစီးစနစ်ကို အလွန်အကျွံ ကျင့်သုံးကြောင်း၊ အမှန်တရား ကို တားဆီးပိတ်ဆို့ခြင်းကြောင့် သည်းမခံနိုင်၍ နုတ်ထွက်ခြင်း ဖြစ်ကြောင်း ဦးသန်းဝင်းက ရှင်းလင်းပြောကြားသည်။

''ကျွန်တော်တို့ ဗဟိုနဲ့ ညှိတယ်။ ကျွန်တော်တို့ကို အရေးယူရင် ယူပါ။ ဒါပေမဲ့ ဒီ ရုံး နဲ့ အောင်နိုင်ရေး ကို တွဲလုပ် ခဲ့တဲ့ ရဲဘော်လေးတွေကို လက်တွဲခေါ်ပါလို့။ ကျွန်တော် တို့ရုံးလည်း မလာပါဘူးလို့။ အဲဒီလိုပြောခဲ့တာပါ'' ဟု နုတ်ထွက်ပါတီဝင် ဦးသန်းဝင်း က ပြောသည်။

NLDပါတီ ညီလာခံ ကျင်းပရေးအတွက် မြို့နယ် ကော်မရှင်များကို ဗဟိုမှ ရွေး ချယ်ဖွဲ့စည်းပေးခဲ့ရာ ယင်းကို ကျေနပ်မှုမရှိခြင်းကြောင့် မြို့ နယ်အချို့တွင် ပါတီတွင်း ပဋိ ပက္ခများ ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သော ရက်ပိုင်း အတွင်း ယင်းသို့ ပါတီတွင်း မငြိမ်သက် မှုများ အတွက် ဒေါ်အောင်ဆန်းစုကြည်
က လူထုသို့ တောင်း ပန်ကြောင်း ပြောကြားခဲ့သည်။

No comments: