Wednesday, October 17, 2012

"OIC နဲ့  စာချုပ်ဟာ စက္ကူစုတ်ဖြစ်ဖို့ လိုသေးတယ်"


ခုတော့လဲဘဲ နိုင်ငံတော်သမ္မတရုံးဝပ်
ဆိုက်မှာ -OIC- ရုံး ဖွင့်လှစ်မဲဟာကိုခွင့်
မပြုတော့ဘူးလို့  ကြေညာထား
တာတွေ့ ရတယ် ။

 ဒါပေမဲ့ ဆန္ဒပြနေတာတွေ ရပ်တန့် သွားလေပြီလားလို့  မေးစရာရှိလာတယ် ။
မရပ်တန့် သေးတဲအပြင်မှာ ဆက်လက်ပြီးတော့တောင် ဆန္ဒပြနေကြအုံးမယ်လို့ 
သတင်းတွေမှာကြားနေရတယ် ။

ဒီတော့ အဖြေတခုကို တိတိကျကျ အစိုးရက လုပ်ပေးဖို့ လိုတယ် ။မပေးလို့ ရှိနေရင်

ဆန္ဒပြတာတွေဟာ ဆက်တိုက်ဖြစ်နေမှာ သေချာနေတယ် ။အဓိကကတော့
စာချုပ်ချုပ်ခဲ့ တာကို မပယ်ဖျက်သေးဘူးဆိုတာပါဘဲ ။ ဒီစာချုပ်ကိုဒီအတိုင်းထားနေ
လို့ ကတော့ အသက်ဝင်ဆဲ ရှိနေအုံးမယ်ဖြစ်တယ် ။

တဖက်ကလဲဘဲဒီစာချုပ်က အသက်ဝင် ရှိနေသေးတာမို့  လျှာယားတိုင်း ပြောချင်နေ

အုံးမယ် ။ဒါ့ကြောင့်မို့ လို့  အစိုးရအနေနဲ့  -OIC- နဲ့  ချုပ်ဆိုထားတဲ့ စာချုပ်ကို ရုပ်သိမ်းပြီ်။
ဖျက်သိမ်းပြီဆိုတဲ့  အကြောင်း ကမ္ဘာကိုကြေညာဖို့ လိုတယ် ။ ဒီလိုကြေညာမှသာ အခုလို လမ်းပေါ်ထွက်ဆန္ဒပြနေတာတွေရပ်တန့် သွားမှာဖြစ်တယ် ။

တချိန်တည်းမှာဘဲ အခုလို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ သူများတွေထဲကရဟန်းသင်္ဃာတော်တွေ -ကျောင်းသားတွေကို ဖမ်းဆီးထားတာကြားရတယ် ။မြန်မာနိုင်ငံအတွင်းမှာ အခုလို
ဆန္ဒပြခဲ့ တာနဲ့  ပါတ်သက်လို့ ဖမ်းဆီးထားသူများရှိရင်လဲ ချက်ချင်းလွှတ်ပေးစမ်းပါလို့ 
 တောင်းဆိုပါရစေ ။

 တည်ငြိမ်အေးဆေးစွာ အကြမ်းမဖက်တဲ့  ဆန္ဒပြနေတဲ့  ကမ္ဘာကြီးမှာ မည်သည့်လူမျိုးကိုမျှ
အစိုးရက မဖမ်းဆီးဘူးဆိုတာ လူတိုင်းသိရှိနားလည်ကြပါတယ် ။ဒီကနေ့ မျက်မှောက်
ကမ္ဘာမှာ တည်ငြိမ်အေးချမ်းစွာ အကြမ်းမဖက်တဲ့ လမ်းပေါ်ထွက်ဆန္ဒပြသူတွေဟာ မြန်မာ
နိုင်ငံမှာသာ ရှိတယ် ။

လမ်းပေါ်ထွက်ဆန္ဒပြသူတွေမှာ လက်နက်ဆိုလို့  အပ်တိုတချောင်း မပါကြပါဘူး ။

တုတ် ၊ဒါး ၊ အုဋ္ဌ်နီခဲ ၊ သေနတ် ၊ ဗုံး စတာတွေ ဘာတခုမှ မပါဘူး ။

ယုတ်စွအဆုံး လက်ကမ်းစာစောင်တွေ - ပိုစတာတွေ - မှာ ဖရုသ၀ါစာ ရေးတဲ့ စာတွေ
နဲ့  ဘာတခုမှ ရေးထားတာ မတွေ့ ရဘူးဆိုတာ လူတိုင်းသိတယ် ။ခရမ်းချဉ်သီးအပုတ်လဲ
မပါသလို ကြက်ဥပုတ်လဲ မပါကြဘူးပေါ့ ။

ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ဆရာတော် ရဟန်းသင်္ဃာတော်တွေနဲ့ ဗုဒ္ဒဘာသာဝင် တိုင်းရင်းသားလူမျိုးတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများသာဖြစ်တယ် ။ သူတို့ ကို ဆန္ဒပြ
ခွင့်ပေးပြီး လူထုဆန္ဒပွဲပြီးဆုံးချိန် လူစုခွဲသွားမယ်ဆိုရင် အစိုးရနဲ့  လူထုကြားမှာ
ဘာပြသနာမှ မရှိတော့ဘူးပေါ့ ။

အေးအေးဆေးဆေး လူပေါင်းသောင်းနဲ့ ချီသော ဆန္ဒပြပွဲကြီး ပြီးဆုံးသွားရင်လူထူလူတန်း
စား အသီးသီးဟာ စစ်မှန်သော ဒီမိုကရေစီစနစ်တခုဆီသို့  ညင်သာစွာချီတက်သွား
တတ်နေပြီ ဆိုတဲ့  လက္ခဏာကို မြင်တွေ့ နေရပြီလို့  ပြောလိုရပြီဘဲ ။  အစိုးရနဲ့ လုံခြုံရေး
တပ်တွေဟာ ဒီလို အမြော်အမြင်တွေ ရှိနေဖိုလိုတယ် ။
  အခုအချိန်မှာ ပုဒ်မ္မ( ၁၄၄ ) အမိန့် ကို ဖြေးဖြေးချင်းနာရီလျှော့ပေးပြီး ရုပ်သိမ်းလာပြီ
ဆိုတာ သိလာရပါတယ် ။နိုင်ငံတော်သမ္မတအကြံပေးအဖွဲ့ ဝင်ဦးလှမောင်ရွှေနဲ့ 
 ဒေါက်တာကျော်ရင်လှိုင်နဲ့ နယူးယောက်မြို့ ကဗျာဆရာကြီး ( ဦး ) မောင်စွမ်းရည်အိမ်မှာ
 တွေ့ တုံးကဒီအကြောင်းကို ပြောပြလိုက်ပါတယ် ။

ကျွန်တော်သိတဲ့  ပုဒ်မ္မ( ၁၄၄ ) ဆိုတဲ့ အကြောင်းကို လူထုတွေကို အစိုးရက ပညာပေးသင်တန်းတွေ ပေးဖို့ လိုတယ်လို့ ပြောပြလိုက်တာဖြစ်တယ် ။ ပုဒ်မ္မ ( ၁၄၄ )

ဆိုတာ လူ(၅ ) ဦး ထက်မစုရဆိုတာမျိုးနဲ့  ညမထွက်ရအမိန့် လို့  ယေဘူယျသာ
နားလည်ကြတယ် ။

တိတိကျကျနားမလည်တော့ လူထုကလဲ ဖြစ်ချင်ရာဖြစ်ကြသလို တာဝန်ရှိ လုံခြုံရေးအဖွဲ

့တွေကလဲ တိတိကျကျ မသိတော့ ဒီအတိုင်း ပြသနာကို ကြီးထွားသွားစေတာဖြစ်တယ် ။

ဒါ့ကြောင့်ပုဒ်မမ(၁၄၄)ကိုလုံခြုံရေးတပ်သားတွေနဲ့  ပြည်သူလူထုကိုပညာပေးသင်တန်းတွေ
 ပေးဖို့ လိုတယ်လို့  နိုင်ငံတော်သမ္မတအကြံပေး အဖွဲ့ဝင်တွေကို  ကျွန်တော်ကအကြံပေး
တင်ပြလိုက်တာဖြစ်တယ် ။  ဒီတော့ ပုဒ်မ္မ ( ၁၄၄ ) ကို ပြောပြပါ့မယ် ။
 ပုဒ်မ္မ ( ၁၄၄ ) ဆိုတာဟာလူစုလူဝေးများနဲ့  ဆန္ဒပြလာကြရင် အကြမ်းဖက်မည့်
လက္ခဏာတွေ ရှိလာတော့မယ်ဆိုရင် ထိမ်းမနိုင်သိမ်းမရ ဖြစ်လာတော့မယ် ဆိုရင်
ထုတ်ပြန်ရမဲ့ ဥပဒေဖြစ်တယ် ။  ပထမဦးစွာ ဆန္ဒပြအုပ်စုကို ရှေ့မတိုးနိုင်အောင်
သံဆူးကြိုးကာ တားထားရတယ် ။
 အဲဒီလို ကာဆီးပြီးရင် ပုဒ်မ္မ ( ၁၄၄ ) အမိန်ကို ထုတ်ပြန်ကြောင်း အသိပေးရပါတော့မယ် ။
ဒီလို အသိပေးကြေညာတော့မယ်ဆိုရင်ဆန္ဒပြနေတဲ့  နေရာအနီးမှာ ကားတွေ အဆင်သင့်စီစဉ်ထားရပါလိမ့်မယ် ။

နောက်အဲဒီလိုဘဲ ဆေးရုံမှာလဲ တာဝန်ကျ ဆရာဝန်များကို တာဝန်ကိုယ်စီထမ်းရွက်နိုင်ဖို့  စီစဉ်ဆောင်ရွက်ထားရပါလိမ့်မယ် ။  ဒီလိုစီစဉ်ပြီးရင်ဆန္ဒပြနေတဲ့  လူအုပ်ကို ပုဒ်မ္မ ( ၁၄၄ ) အမိန့် ထုတ်ပြန်ကြောင်းလူကြားအောင် အသံချဲ့ စက်နဲ့  ကြေညာပေးရပါလိမ့်မယ် ။

ဒီအချိန်မှာ လူအုပ်ကနောက်မဆုတ်ဘဲ ရှေ့သို့  တက်လှမ်းလာရင် ရှေးဦးစွာ မြင်းတပ်နဲ့ 

ထိမ်းရပါတယ် ။ အကယ်၍ မြင်းတပ်မရှိတဲ့  နေရာဒေသတွေမှာ မျက်ရည်ယိုဗုံးနဲ့ 
လူအုပ်ကို ဖြိုခွဲ ရပါတယ် ။
  မျက်ရည်ယိုဗုံးနဲ့  လူအုပ်ကို ခွဲ လို့  လူစုကွဲသွားပြီဆိုရင်နောက်ထပ် ပုဒ်မ္မ ( ၁၄၄ )
အတိုင်း ညမထွက်ရအမိန့် ကို ကျင့်သုံးသွားရုံပါဘဲ။

ဒါပေမဲ့  အဲဒီလို မျက်ရည်ယိုဗုံးနဲ့  ပစ်ခတ်သော်လဲဘဲ လူအုပ်ကနောက်မဆုတ်ဘဲနဲ့  ရှေ့

ဆက်ပြီး သံဆူးကြိုးကို ကျော်ဖြတ်လာတော့မယ် ဆိုရင်သေနတ်နဲ့  ပစ်ခတ်နှိမ်နှင်းရ
ပါတော့မယ် ။ သေနတ်နဲ့  ပစ်ခတ်နှိမ်နှင်းတဲအခါမှာ မိုးပေါ် ထောင်မပစ်ရပါဘူး ။
 အကယ်၍ မိုးပေါ်ထောင်ပစ်ခဲ့ ရင် လူထုကသူတို့ ကို မပစ်ခတ်ဘူးဆိုတာ သိသွားပြီး အတင့်ရဲကာ ရှေ့ဆက်တိုးလာမဲ့ အန္တရယ်တွေ ဖြစ်လာပါလိမ့်မယ် ။ ဒါ့ကြောင့်မို့ လို့ 
 သေနတ်နဲ့  ပစ်ခတ်တဲ့အခါ မိုးပေါ်ထောင်မပစ်ဘဲနဲ့  အဆူပူဆုံး လူအုပ်ကို
ပစ်ခတ်ရပါတယ် ။
 ဆန္ဒပြတဲလူထုတွေထဲ အဆူပူဆုံး နေရာမှာ ခေါင်းဆောင်များက ရှိတတ်ပြီး တချို့ မှာ
ဆန္ဒပြပွဲကို လိုက်ပါကြည့်ရှူသူများ ဖြစ်တတ်ကြပါတယ် ။ ဒါ့ကြောင့်အဆူပူဆုံး လူအုပ်ကို
 ပစ်ခတ်ရပါတယ် ။

တကယ်လို့  အဲဒီလို ပုဒ်မ္မ( ၁၄၄ ) အမိန့် ကို ချိုးဖေါက်ပြီးသံဆူးကြိုးကို ကျော်ဖြတ်ကာ လူအုပ်က ရှေ့ဆက်တက်လာကြမယ်ဆိုရင်အဆူပူဆုံးနေရာ လူအုပ်စုကို ပစ်ပြီးတာနဲ့ 
 စောစောက ရပ်ထားတဲ့ မော်တော်ကားတွေနဲ့  ချက်ချင်း ဒဏ်ရာရသူ ၊ သေဆုံးသူ
များကိုသယ်ဆောင်သွားရပါတယ် ။ ဆေးရုံကို ယူဆောင်သွားပြီး အရေးပေါ် တာဝန်
ကျနေတဲ့ ဆရာဝန်များနဲ့  ကုသပေးရပါတယ် ။

ဒါဟာ ပုဒ်မ္မ ( ၁၄၄ ) ရဲ့ အနှစ်သာရဖြစ်ပါတယ် ။  ပုဒဒ်မ္မ ( ၁၄၄ ) ကို ချိုးဖေါက်ရင်

လုံခြုံရေးလက်နက်ကိုင် အဖွဲ့ ကို ပစ်မိန့် ပေးထားတာ သတိမူကြပါလိမ့်မယ် ။
ဒါဟာ ဒီဥပဒေမှာ အဓိက အရေးကြီးတဲ့  အချက်ပါဘဲ ။

ဒီလို ဥပဒေမျိုးကို လူထုကနားလည်မှ  အစိုးရရဲ့  လုံခြုံရေးတပ်တွေက နားလည်မှ ပုဒ်မ္မ

( ၁၄၄ ) အမိန့်ဟာ တန်ဖိုးရှိသလို နယ်မြေဒေသတွေဟာလဲဘဲ ငြိမ်းချမ်းကြ
မှာဖြစ်ပါတယ် ။အခုအချိန်မှာ ဥပဒေကို ထုတ်ပြန်ထားပေမဲ့  ဒီဥပဒေအတိုင်း မကျင့်
သုံးလို့ သာလူတွေဟာ ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်း ရမ်းနေကြတာဖြစ်ပါတယ် ။

ဥပဒေအတိုင်း တိတိကျကျ ဆောင်ရွက်လိုက်ရင် ဘယ်လူသားကမှ နားရွက်လှုပ်စရာ
အကြောင်းမရှိဘူးလို့  ထင်ပါတယ်။ဒါ့ကြောင့်မို့ လို့  စစ်အစိုးရရဲ့  အငွေ့ အသက်
မကုန်သေးတဲ့ မြန်မာနိုင်ငံအစိုးရအနေနဲ့  ဒီမိုကရေစီစနစ်ဆီသို့  ခြေလှမ်းလှမ်း
စပြုနေချိန်မှာ လူထုရဲ့ အသံကို နားထောင်ပြီး လူထုအလိုကို လိုက်လျောဖို
့လိုပါတယ် ။
 ဒီကနေ့ မျက်မှောက်ကာလ အချိန်မှာ လူထုလူတန်းစား အသီးသီးတွေကဆန္ဒပြတောင်း
ဆိုနေတာဟာ သူတို့ ရဲ့  ဘ၀လုံခြုံရေးအတွက်ဖြစ်တယ် ။ဒါကြောင့်မို့ လို့  စာချုပ်တွေ
ချုပ်ဆိုပြီး လုပ်ထားရင်စာချုပ်သက်တမ်းကို ဖျက်ဆီးဖို့  စက္ကူစုတ်လုပ်ပေးဖို့ လိုပါတယ် ။
 ဒီလိုစာချုပ်ကို စက္ကူစုတ်လုပ်ပြီးမှ လမ်းပေါ်ထွက် ဆန္ဒပြခြင်းတွေ ရပ်တန်
့သွားမှာ ဖြစ်ကြောင်းပါ ။။။။။

ခိုင်အောင်ကျော် ( နယူးယောက် )ရေးသားသည်။

                                        ဓါက်ပုံ (မဇ္ဈိမ)

No comments: