Wednesday, October 17, 2012

"ပြည်ပသို့ Viber စနစ်ဖြင့် မိုဘိုင်းဖုန်းသုံးခြင်း တရားမဝင်၍ လိုင်းဖြတ်မည်"


မိုဘိုင်းဖုန်းမှတစ်ဆင့် နည်းပညာအသုံးပြု၍ တရားမဝင်ဖုန်းခေါ်ဆိုမှုများကို ဖုန်းလိုင်းဖြတ်တောက်သွားတော့ မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ယင်းသို့ လိုင်းဖြတ်တောက်ရာတွင် မိုဘိုင်းဖုန်းများ အပြင် လက် ရှိ ကျေးလက်ဒေသများသို့ အရစ်ကျ ရောင်းချပေးနေသည့် ဂျီဖုန်းများကိုပါ သုံးစွဲသည်ဟုယူဆပါက လိုင်းဖြတ် တောက်ခံရမည်ဟု ထုတ်ပြန်သည်။

''နိုင်ငံတော်ရဲ့ဝင်ငွေကို တစ်ဖက်တစ်လမ်းကနေ ထိခိုက်ပါတယ်၊ ဖုန်းနဲ့ပတ်သက်တဲ့ စာရွက်၊ စာချုပ် တွေမှာလည်း ဒီအချက်ကိုထည့်သွင်း ထားတယ်၊ ဒါကိုဂရုမစိုက်ဘဲ နည်း ပညာသုံးပြီး ဖုန်းခေါ်ဆိုနေရင်တော့ ဖုန်းခေါ်ဆိုတာတွေကို ဝင်ရောက်စစ် ဆေးပြီးမသင်္ကာရင် ဖုန်းလိုင်းပိတ်ပစ် သွားမှာပါ''ဟု မြန်မာ့ဆက်သွယ်ရေး မှ အင်ဂျင်နီယာချုပ် တစ်ဦးက ပြော သည်။ လက်ရှိတွင် Skype, Viber, Pfingo တို့ကို အသုံးပြု၍ မိုဘိုင်းဖုန်း များမှတစ်ဆင့် ပြည်ပသို့တရားမဝင် ဖုန်းခေါ်ဆိုနေကြသည်ဟု ၄င်းက ပြော သည်။

''တရားဝင် ဖုန်းခေါ်ဆိုဖို့အတွက် ဆက်သွယ်ရေးတွေ PCOဖုန်းတွေနဲ့ Y-Talk စနစ်တွေ ထားရှိပေးထားတယ်၊ ဖုန်းခေါ်ဆိုခနှုန်း ထားကိုလည်း တရားမဝင်ဖုန်းခေါ်ဆိုတဲ့ နှုန်းထား နီးပါ့း Y-Talk မှာ ထားရှိပေးထားတယ်'' ဟု ၄င်းကဆက်ပြောသည်။

ယင်းသို့ တရားဝင်ဖုန်းခေါ်ဆိုမှုများထား ရှိပေးထားသော်လည်း ဖုန်းခေါ်ဆိုရာတွင် ခေါ်ဆိုသည့်နိုင်ငံ အပေါ်မူတည်၍ ဈေးနှုန်းကွာခြားခြင်း၊ လွတ်လပ်စွာဖုန်းပြောနိုင်မှု မရှိခြင်း၊ ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် သုံး စွဲသူအများစုမှာ တရားမဝင်ဖုန်းခေါ် ဆိုမှုကိုသာ အသုံးပြုနေကြကြောင်း သိရသည်။

မြန်မာ့ဆက်သွယ်ရေးမှ နိုင်ငံ ခြားသို့ တရားဝင်ဖုန်းခေါ်နှုန်းထား မှာ နိုင်ငံအပေါ်မူတည်၍ တစ်မိနစ် ကျပ် ၃ဝဝဝ နှုန်းမျှကျသင့်ပြီး တရားမဝင် ဖုန်းခေါ်ဆိုသည့်နှုန်းမှာ တစ်မိနစ် ကျပ် ၁ဝဝ မှ ကျပ် ၃ဝဝ နှုန်းသာ ရှိသည်။
PN-052

No comments: