စစ်ထောက်လှန်းရေးအကြီး
အကဲဟောင်း၊၀န်ကြီးချုပ်ဟောင်း
ဦးခင်ညွန့် အထိန်းသိမ်းခံရ
သည်ဟု နိုဝင်ဘာ ၇ ရက်နေ့က
ရန်ကုန်တွင် သတင်းများ ထွက်ပေါ်ခဲ့သည်။
ယင်းမှာ ရခိုင်ပြည်နယ် ပဋိပက္ခအရေးတွင် ပါဝင်ပတ်သက်နေသောကြောင့်ဖြစ်ကြောင်း၊ယင်းအပါအ၀င် ၁၁ ဦး အထိန်းသိမ်းခံရခြင်း ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
"ထိန်းသိမ်းခံရတယ်ဆိုတာမဟုတ်ပါဘူး၊မနက်ကတောင် ခြံထဲမှာ အပင်တွေစိုက်နေကြသေးတယ်၊ကျွန်တော်နဲ့ အတူရှိနေပါတယ်။
အခုအိမ်မှာပါ"ဟု ဦးခင်ညွန့်၏ တပည့် ကိုနေလင်းအောင်က
News Watch သတင်းဂျာနယ်ကိုပြောသည်။
ဦးခင်ညွန့်သည် ဆိုင်းငံ့ပြစ်ဒဏ် ၄၄ နှစ်နှင့် နေအိမ်အကျယ်ချုပ်
ကျခံနေရာမှ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။
မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
News Watch
(စောင့်ကြည့်သတင်းဂျာန ယ်)

(စောင့်ကြည့်သတင်းဂျာန

No comments:
Post a Comment