Friday, November 9, 2012

အင်ဒိုနီးရှား တံငါရွာလေးတစ်ရွာမှ ရှေးကျရက်စက်သည့် ငါးဖမ်းနည်း


ရွာသူရွာသားများသည် ဝေလ
ငါးများ၊ ငါးမန်းများ၊ လင်းပိုင်များ
ကို အဓိက စားနပ်ရိက္ခာအဖြစ်
မှီခိုစားသောက် နေကြသည်။
 စိတ်ဝင်စားစရာ အကောင်းဆုံး
အချက်မှာ အဏ္ဏဝါဘုရင် ငါးမန်းကြီးများနှင့် အလွန်တရာ ကြီးမားသော
ဝေလငါးကြီးများကို လာမာလီရာရှိ တံငါသည် ယောက်ျားများက
 မှိန်းလွတ်များဖြင့် ထိုးကာ သတ်ဖြတ်ကြခြင်း ဖြစ်သည်။

အင်ဒိုနီးရှား နိုင်ငံရှိ လမ်ဘာတာ ပင်လယ်ကမ်းခြေ ဒေသမှ တံငါရွာ

ငယ်လေး လာမာလီရာသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အရက်စက်ဆုံး
 ငါးဖမ်းနည်း တစ်မျိုးကို ယနေ့တိုင် တွင်ကျယ်စွာ အသုံးပြုနေဆဲ ဖြစ်သည်။


 ထိုရွာမှ ရွာသူရွာသားများသည် ဝေလငါးများ၊ ငါးမန်းများ၊ လင်းပိုင်များကို
အဓိက စားနပ်ရိက္ခာအဖြစ် မှီခိုစားသောက် နေကြသည်။ စိတ်ဝင်စားစရာ
အကောင်းဆုံး အချက်မှာ အဏ္ဏဝါဘုရင် ငါးမန်းကြီးများနှင့် အလွန်တရာ ကြီးမားသော ဝေလငါးကြီးများကို လာမာလီရာရှိ တံငါသည် ယောက်ျားများ
က မှိန်းလွတ်များဖြင့် ထိုးကာ သတ်ဖြတ်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ရိုးရာ
 ငါးဖမ်းလှေလေးများဖြင့် သမုဒ္ဒရာအတွင်းထိ သွားလာကာ သားကောင်များကို
 လေထဲ ဝဲပျံပြီး မှိန်းဖြင့်ထိုးကာ သတ်ဖြတ်လေ့ ရှိကြသည်။

အရှည်(၇၅)ပေထိ ကြီးထွားနိုင်သော စပမ်းဝေလငါးများသည်

လာမာလီရာ ရွာသူရွာသားများ သဘောအကျဆုံး သားကောင်
များလည်း ဖြစ်သည်။
 ၎င်းရွာလေးသည် နှစ်ပေါင်းရာချီ ကြာမြင့်သည်အထိ တံငါလုပ်ငန်းဖြင့်
အသက်မွေးဝမ်းကျောင်း ပြုကာ ရှင်သန်နေခဲ့သည်။
 ယခုအခါ စပမ်းဝေလငါးများ တစ်စထက်တစ်စ လျော့နည်းလာ
သည့်နောက် လာမာလီရာ ရွာသား တံငါသည်များသည် လင်းပိုင်
များ၊ ငါးမန်းကြီးများ၊ အရွယ်အစား အလွန်ကြီးသည့် ဝေလငါးမန်း
များကို ၎င်းတို့၏ လှံမှိန်းများဖြင့် ထိုးသတ်ကာ ရိက္ခာ
စုဆောင်းလာကြသည်။

၎င်းတို့သည် ရိုးရာ သစ်သားလှေလေးများ ဖြစ်ကြသည့် ပီလီဒန်များ

ကို အသုံးပြုကာ ပင်လယ်ထဲ ငါးဖမ်းထွက်ကြသည်။ ထိုလှေများ
သည် လူ(၁၄)ဦးထိ လိုက်ပါ စီးနင်းနိုင်ကြသည်။
 ကီဖာဟု အမည်ပေးထားပြီး ဝါးရိုးတွင် ဓားသွားတပ်ထားသည့်
 မှိန်းလှံများသည် ၎င်းတို့၏ အဓိက လက်နက်ဖြစ်သည်။
 ကျွမ်းကျင်မှု ပြည့်ဝနေသော တံငါယောက်ျားများသည် ကီဖာများကို
ကိုင်ဆောင်ကာ လှေပေါ်မှ ခုန်ချရင်း သားကောင်ဖြစ်သော ရေနေ
တိရစ္ဆာန်များအား ပစ်ခတ်လေ့ရှိသည်။ ထို့နောက် လှေပေါ် ပြန်လာ
ကာ နောက်ထပ် လှံတစ်ချောင်းကို ထပ်ယူကာ နောက်တစ်ကြိမ်
 တိုက်ခိုက်သည်။

အချို့ဝေလငါးကြီးများ၏ အဆီပြင်သစ် တစ်ပေထိ ထူလေ့ရှိသော်လည်း

 ထိုမှိန်းချက်များက အဆုံးထိ ဖောက်ဝင်နိုင်သည်။ အသက်အန္တရာယ်
 အလွန်များသော ငါးဖမ်းမှု ပြီးဆုံး အောင်မြင်ချိန်တွင် သားကောင်ကို
ကမ်းခြေထိ တရွတ်ဆွဲ ယူဆောင်လာသည်။
 အတန်ငယ်သေးသော ငါးမန်းကဲ့သို့ သားကောင်များကိုမူ အပိုင်း
အစအချို့ ဖြတ်တောက်ကာ လှေပေါ် သယ်ယူကြသည်။

တစ်ခါတစ်ရံတွင် ငါးမန်းကြီးများနှင့် ဝေလငါးများသည် ထိုလှေလေး

များကို စက်တပ် ရေလွှာလျှောစီး ဆိုင်ကယ်များထက်ပင် မြန်အောင်
 တရွတ်ဆွဲလေ့ရှိရာ အလွန်ကြောက်စရာကောင်းသော အလုပ်မျိုး
ဟု ညွှန်းဆိုရမည် ဖြစ်သည်။

ထို့နောက် ကမ်းခြေတွင် အမဲဖျက် ခုတ်ထစ်ကာ ကိုယ်တာ အသီးသီး ဝေမျှယူကြသည်။ ဝေလငါးများသည် အိန္ဒိယ သမုဒ္ဒရာနှင့်

 ပစိဖိတ် သမုဒ္ဒရာတို့ကို မေလမှ အောက်တိုဘာလအတွင်း ရွှေ့ပြောင်းလေ့
ရှိရာ ထိုအချိန်တွင် လာမာလီရာ ရွာသားတို့က လီဖာနူးခေါ် ငါးဖမ်းရာ
သီကို သတ်မှတ်သည်။
 ၎င်းတို့သည် ဝေလငါး ပေါများသော ရေပြင်များတွင် ယင်းသတ္တဝါများကို သတ်ဖြတ်ခြင်းထက် စောင့်ရှောက်ထိန်းသိမ်းကာ ကမ္ဘာလှည့် ခရီးသည်များ
ကို ဆွဲဆောင် ခေါ်ယူရန် NGOအဖွဲ့အစည်းများ၏ တိုက်တွန်းမှုကိုလည်း
 ဆန့်ကျင်နေဆဲ ဖြစ်သည်။

ရွာသား အများစုက မိမိတို့သည် အသက်ရှင် ရပ်တည်ရန်အတွက်

မဖြစ်မနေ အမဲလိုက်ရမည်ဟု ခံယူထားသည်။ လတ်တလောတွင် စပမ်းဝေလငါးများနှင့် ဝေလငါးမန်းကြီးများသည် မျိုးသုဉ်းလုလု
အခြေအနေနှင့် ရင်ဆိုင်နေရပြီး ပင်လယ်ပြင်တွင် ရှားပါးလာရာ
လာမာလီရာ တံငါသည်တို့၏ အာရုံသည် အစွယ်ငေါငေါနှင့် ရန်
လိုသောငါးမန်းကြီးများ၊ လူနှင့် နီးစပ်သော လင်းပိုင်များထံ
ကူးပြောင်း ကျရောက်နေကြောင်း သိရှိရသည်။








http://www.dailymail.co.uk/news/article-2229915/The-fishermen-forced-hunt-dolphins-sharks-spears-traditional-whale-prey-dying-out.html

No comments: