![]() |
![]() |
Tuesday, 04 December 2012 21:07 |
![]()
မရမ်းကုန်း မြို့နယ်၊ပြည်လမ်းရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနရုံးရှေ့သို့
ရောက်ရှိလာသည့် တော်ဝင်အလုပ်သမားများကို တွေ့ရစဉ်
![]()
အင်းစိန်မြို့နယ် စုပေါင်းရုံးရှိ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးရုံး ၊ မရမ်းကုန်းမြို့နယ်
အလုပ်သမား ဥပဒေစစ်ဆေးရေးရုံးသို့ လမ်းလျှောက်လာစဉ်
![]()
မရမ်းကုန်း မြို့နယ်၊ပြည်လမ်းရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနရုံးရှေ့သို့
ရောက်ရှိလာသည့် တော်ဝင်အလုပ်သမားများကို တွေ့ရစဉ်
![]()
အင်းစိန်မြို့ နယ် စုပေါင်းရုံးရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေး ရေးရုံးရှေ့တွင်အလုပ်သမားများ တောင်းဆိုမှုပြုလုပ်နေစဉ်
ရဲတပ်ဖွဲမှ လူစုခွဲရန်သတ်မှတ်ထားသည့် အချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ အလုပ်သမား ဥပဒေစစ်ဆေးရေးရုံး၊ ခရိုင်ဦးစီးမှူး ဦးအောင်ခင်မှ အလုပ်သမားများ တောင်းဆိုသည့်အချက်များအား သက်ဆိုင်ရာနှင့် ညှိနှိုင်း၍ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အလုပ်ရှင်ဘက်မှ ခုံရုံး၏ ဆုံးဖြတ်ချက်များအား လိုက်နာခြင်းမရှိပါက တရာစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အလုပ်သမားများအား လူစုခွဲရန်ပြောကြားခဲ့ရာ အလုပ်သမားများမှ လူစုခွဲပြီး မရမ်းကုန်း မြို့နယ်ရှိ အလုပ်သမားဥပဒေ စစ်ဆေးရေးရုံးသွား သွားရောက်တောင်းဆိုမှု ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့လမ်းလျှောက်ရာ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ သုံးကြိမ်တိုင်တိုင် ငြိမ်းချမ်းစွာ စီတန်းလမ်း လျှောက်ခြင်း မပြုလုပ်ရန်၊ လိုက်နာခြင်းမရှိပါက ဥပဒေအရအရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း တားမြစ်ခဲ့သော်လည်း အလုပ်သမားများ က ဆက်လက်၍ လမ်းလျှောက်ခဲ့ပြီး မရမ်းကုန်းမြို့နယ် အလုပ်သမား ဥပဒေစစ်ဆေးရေးရုံး သို့သွားရောက်ခဲ့ကြသည်။ အလုပ်သမားများသည် မရမ်းကုန်း အလုပ်သမား ဥပဒေစစ်ဆေးရေးရုံး ရှေ့တွင် ဒီဇင်ဘာလ ၄ရက်နေ့ ညနေပိုင်းအထိ ဆက်လက်တောင်းဆိုမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ ခုံသမာဓိရုံးမှ အလုပ်သမားများအား အနိုင်ပေးလိုက်သည့် ဆုံးဖြတ်ချက်များမှာ(၁) စက်ရုံတွင် ရှိသော အလုပ်သမားများအား အပြင်ဆိုဒ်သို့ မပို့ရန်(၂) အလုပ်သမားများ၏ သဘောတူညီမှုမရှိဘဲ စည်းကမ်းချက်များ မထုတ်ပြန်ရန်(၃) ECစာချုပ် အမြန်ဆုံး ချုပ်ဆိုပေးရန် (၄)လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း အမြန်ဆုံးပြုလုပ်ပေးရန် စသည့် အချက်များ ဖြစ်သည်။ |
No comments:
Post a Comment