Saturday, October 5, 2013

မိချောင်းကန် ဖီးနစ်ငှက်တို့၏ နိုးထချိန်


ဂိုလ်ရှယ်လေး

05 October 2013

မီးလောင်ပြာကျရာမှ ၄င်းပြာများအားလုံး ပြန်လည်စုစည်းကာ အသက်တဖန် ပြန်လည်ရှင်သန်လာပြီး အမြင့်မှားဆုံးကောင်းကင်ထက်မှ နေမင်းဆီသို့ တဟုန်ထိုးပျံတက် တောင်ပံရိုက်ချက်နှင့် ကျယ်လောင်စူးရှသော အော...်ဟစ်သံတို့ဖြင့် ရွရွကြွကြွ မာန်ဝင့်လှပသော ဖီးနစ်ငှက်တို့အကြောင်းက လူသားတို့ ကမ္ဘာအတွက် အားသစ် မာန်သစ် ခွန်းအားဖြစ်ကြရ၏။

ယခု မြန်မာပြည်အထင်ကရ ရန်ကုန်မြို့၏ မြို့တော်ခန်းမရှေ့ ..မ၀င်းမော်ဦး၏ ဒီမိုကရေးစီနှင့် လူ့အခွင့်ရေး တောင်းဆိုရင်း ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံအား ဖေါက်ထွင်းကာ သူမ၏ ရင်ဝသို့ ထိမှန်ခဲ့သော ကြင်နာခြင်းကင်းမဲ့သည့်ကျည်ဆံတို့ပျံဝဲကာ..အကြမ်းဖက်မှုပြယုဂ်တို့၏ ဘူမိနက်သန် …ဆူးလေဘုရား စောင်းတန်းနှင့် အလှမ်းမဝေး ပြည်ထောင်စုကျောက်တိုင်နှင့် ဗန္ဓူလပန်းခြံ တို့နားလေးမှာ …နိုင်ငံသားတိုင်းတို့၏ တန်းတူအခွင့်ရေးအတွက်..ရက်ပေါင်းများစွာ ဆက်ပြီး…မဟူရာအနက်ရောင် လမ်းမပေါ်ဝယ်…အနီရဲရဲ မတ္တာမြားခဲများ ဖြန့်ကျဲခင်းထားသကဲ့သို့ တီရှပ်အနီရောင်ဆင်တူများနှင့် မိချောင်းကန်က အဖိနှိပ်ခံပြည်သူများအတွက် ရင်ဝတွင် ထင်ကျန်ရစ်နေလျက်ရှိခဲ့သည့် ၂၃နှစ်အကြာ အဓမ္မ ဖိနင်းသွားကြခဲ့သော စစ်ဖိနပ်ခြေရာများကို ပယ်ဖျက်ဖို့ နိုင်ငံတကာ သတင်းမီဒီယာ ကင်မရာများအောက်တွင် နောက်မဆုတ်စတမ်း “ထိလျင်ထ.. ဖိလျင်ကြွ” လာနိုင်မည်ဖြစ်သည့် အကြမ်းမဖက် နှ့လုံးရည်ဇွဲဖြင့် ငြိမ်းချမ်းစွာတောင်းဆိုနေကြရင်း…ဒို့အဖိုးဖွားမြေကြီးမို့ ဒို့ပိုင်တဲ့မြေတလက္မရဲ့ တန်ဖိုးကို ဖေါ် ကြူးသီဆို အမှန်တရားအတွက် တောင်းဆိုနေကြလေ၏။

မြန်မာနိုင်ငံအား ကိုလိုနီဘုရင်ခံချုပ်ဖြင့် တာဝန်ယူခဲ့ဘူးသော ဘုရင်ခံ ဂရက်ဒေါက်က သူ၏ မှတ်တမ်းတွင် ရေးသားထားသည်မှာBurma has an area as large as England and France combined and a history of rural turbulence. The domination of Burma's banks and farm lending by ethnic Indians called Chettiars during British colonial times led to widespread rebellion in the 1930s. The rural and others ‘unrest effectively brought “British rule in Burma to an end,” မြန်မာပြည်သည် ပြင်သစ်နှင့် အင်္ဂလန် တို့စုပေါင်းထားသည့် အကျယ်ဧကမျှအရွယ်စားရှိရကာ ၊ ဝေးလံသီခေါင်ဆင်းရဲနုံချာလှသည့် သမိုင်းတခုဖြင့် တည်ရှိနေလေ၏။ ကျွန်ုပ်တို့၏ ဗြိတိသျှကိုလိုနီအချိန်ကာလတွင် ချစ်တီးယားဟုခေါ်သော အန္ဒိယ လူမျိုးစုငယ်များအား မြန်မာပြည်၏ မြေယာကွက်များနှင့် လယ်ယာများအား လုပ်ကိုင်စီမံခွင့်ပေးလိုက်သောအကြောင်းကြောင့် ၁၉၃၀ ခုနှစ်အတွင်း ကျယ်ပြန့်သော ဆန့်ကျင်အုံကြွသည့် ပုန်ကန်မှု့ဖြစ်ပေါ်မှုကို ဦးတည်ခဲ့ရသည်။ ထိုကြောင့် ကျေးလက်ဒေသနှင့် အခြားသော နေရာများမှ မငြိမ်သက်ဖြစ်မှု့များက ထိရောက်စွာပင် ကျွန်ုပ်တို့၏ အုပ်ချုပ်မှု့များကို အဆုံးသတ်စေသော အခြေနေသို့ ဆိုက်ရောက်ခဲ့ရလေသည်… ဟု ဖေါ်ပြထား၏။

မြန်မာနိုင်ငံတွင် နောက်ဆုံးအိမ် ယာမြေသိမ်းယူခဲ့သော စာရင်းပြုစုမှု့အချက်လက်အား လယ်ယာနှင့် စိုက်ပျိုးရေး ၀န်ကြီးဌာန နှင့် စီမံကိန်းနှင့် စာရင်းအင်း ဌာနတို့၏ ခိုင်လုံသော မှတ်တမ်းတွင် ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်မှ သိမ်းယူခဲ့သော မြေဧကပေါင်း တနိုင်ငံလုံးအတိုင်းတာအရ ၂၀၁၀ နှစ်ထိတိုင် မြေဧကပေါင်း တသန်း ခုနှစ်သိန်း ငါးသောင်း နှစ်ထောင်ဖြစ်ပြီး၊ လက်ရှိ တိုင်းပြည်တွင်းမှ ကုမ္မဏီပေါင်း ၂၁၆ ခုတို့အား ခွဲဝေ ငှားရမ်းခြင်း ရောင်းချထားပြီးခြင်း ဖေါ်ပြထားသည်။ ထို့အပြင် မြေယာအိုးအိမ်ဦးစီးဌာနမှ စာရင်းအရ တိုင်းရင်းသားဒေသများအပါဝင် တနိုင်ငံလုံးအတိုင်းတာရ အိမ်ခြေပေါင်း နှစ်သန်းလေးသိန်း သုံးထောင် ခြောက်ရာ အား ရွေပြောင်းနေရာချထားကြောင်းသိရပြီး အဆိုပါ ရွေပြောင်းခံရသော မူလအိမ်ပိုင်ရှင်တို့၏ မြေယာကွက်များအား မည်သို့ စီမံဆောင်ရွက်ကြောင်း အသေးစိတ် မဖေါ်ပြထားပဲ စာရင်းဖျောက်ထားကြောင်း တွေ့ရသည်။

ထိုသို့ အိမ်မြေယာကွက်များ စတင်သိမ်းဆည်းခြင်းအား ၁၉၉၀ခုနှစ် ရွေကောက်ပွဲပြီးသည်နှင့်တပြိုင်အနက် ထောက်လှမ်းရေးမှ ဗိုလ်ချုပ်ခင်ညွန့် (ယခု ဦးခင်ညွန့်) နှင့် စစ်ဘက်ဆိုင်ရာ ညွန်ချုပ်ဦးစီးမှု ဗိုလ်ချုပ်တင်ဦး(သေဆုံး)တို့မှ စတင်လုပ်ဆောင်ခဲ့သည်ဟုလည်း စာရင်းတွင် ဖေါ်ပြထားသည်။

၁၉၉၁ ခုနှစ် ဧပြီလတွင် စာအမှတ် ၀၃၀ ဖြင့် ခြေလျှင်တပ်ရင်း (၂၀၄)မှ တပ်ဖွဲ့ဝင်များကိုယ်တိုင် မိချောင်းကန် အပိုင်း ၁၊ အပိုင်း ၂၊ အပိုင်း ၃ တို့အား ၁၉၉၁ ခုနှစ် ဧပြီလ ကုန်တွင် အပြီးပိုင်ဖျက်သိမ်းရမည်ဟု ၁၉၉၁ ခုနှစ် ဧပြီလ ၁၈ရက်နေ့တွင် တွင် အိမ်တိုင်ရာရောက် ပေးပို့ ခြိမ်းခြောက်ခဲ့ပြီး အဓမ္မ ရွေ့ပြောင်းခိုင်းစေခဲ့ပြီး ၊ ရန်ကုန်မြို့နှင့် မိုင် ၃၀ ခန့်ဝေးသော ဒဂုံမြို့သစ် တောင်ပိုင်း မြောက်ပိုင်း ရွှေပြည်သာယာ လှိုင်သာယာ တို့တွင် အစိုးရမှ တောင်သူလယ်သမားများ၏ လယ်ယာမြေများအားမတရားသိမ်းယူထားသော လယ်မြေများပေါ်တွင် ပေအနံ(၂၀) အလျား ပေ(၆၀) အား ထိုခေတ်က ၃၅၀၀ ကျပ်ဖြင့် ရောင်းချပြီး အတင်းကြပ်ဝယ်ခိုင်းစေခဲ့သည်။ မြေမ၀ယ်နိုင်သူများအား ပဲခူးရိုးမနှင့် ကပ်လျှက်ရှိသော နေရာသို့ စစ်ကားကြီးများဖြင့် တင်ဆောင်ကာ သွန်ချ ထားပစ်ခဲ့လေ၏။
အချို့သော တိုင်းရင်းသာဒေသများတွင်လည်း မြေယာမြေများအားအဓမ္မသိမ်းယူသည့်အပြင် ပြောင်းရွေဖယ်ရှားရန် ငြင်ဆန်းသူများအား ဖမ်းဆီးနှိပ်စက်ကာ အကျဉ်းထောင်များသို့ ပို့ဆောင်စေခဲ့ပြီး အချို့မှာ အကျဉ်းရုံးသတ်ဖြတ်ခံခဲ့ရသော အထောက်ထားများအား နိုင်ငံတကာ မြေယာပိုင်ဆိုင်မှု့အခွင့်ရေးစောင့်ကြည့်မှု အဖွဲ့မှ တရားဝင်ထုတ်ပြန်ထားလေသည်။

ယခုမိချောင်းကန်၏ ရန်ကုန်မြို့လယ် မြို့တော်ခန်းမရှေ့တွင် ဆန္ဒပြနေကြသော အခြေနေသည် စစ်အုပ်ချုပ်ရေးမှ အရပ်ဘက်အုပ်ချုပ်ရေးသို့ ရောက်ရှိခဲ့သော ၂ နှစ်ကျော်ကာလအတွင်း အရှည်လျားဆုံး အကြာမြင်ဆုံးဆန္ဒပြမှုဖြစ်ပြီး ၊ စကားလုံးများဖြင့် ချိမ်းချောက်ခြင်းမှလွဲ၍ လက်နက်အင်အားသုံးကာဖြိုခွဲခြင်း မလုပ်သေးသည်မှာ အံ့ဖွယ်ဖြစ်နေသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ငြိမ်းချမ်းရေး စင်တာတို့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတခု တိုက်ရိုက်ပေါ်ထွက်လာနိုင်သည်ကို စာရေးသူ တိကျစွာ တွေ့ရသည်။

ဖေါ်ပြပါ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် အား ၂၀၁၃ ခုနှစ် တွင် နိုဘယ်ငြိမ်းချမ်းရေးဆု အပ်နှင်းနိုင်ရန် ယခင် နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် နယ်သာလန် နိုင်ငံမှ ၀န်ကြီးချုပ်ဟောင်း နိုဘယ်လ်ဆုရှင်တို့မှ ထောက်ခံချက်ပေးကာ နော်ဝေ နိုဘယ်လ်ရွေးချယ်ရေး ကော်မတီသို့ တင်သွင်းထားပြီး ဆုံးဖြတ်ချက်ချရန် ရက်ပိုင်းသာ လိုတော့သော အခြေနေသို့ရောက်နေရပြီး ဦးအောင်မင်းဦးဆောင်သော ငြိမ်းချမ်းရေးစင်တာ အဖွဲ့မှလည်း ၄င်းတို့ တဖွဲလုံးအားကိုယ်စား ပြုကာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုပေးအပ်ရန် တင်လျောက်ထားခြင်းဖြစ်သောကြောင့် ပင်တည်း။

နော်ဝေနိုင်ငံမှ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးကော်မတီ၏ နောက်ဆုံးထွက်ပေါ်ဆုံးဖြတ်သော အချိန်သည် (၁၀)ရက်သာ လိုတော့သည်။ ထိုကြောင့် ပြည်တွင်းရှိ ပရိပက္ခများအား ကြမ်းတမ်းစွာ အမြဲတစေ တုံ့န့်ပြန်လေ့ ဖြို့ခွင်းလေ့ရှိသော မြန်မာအာဏာပိုင်တို့မှ နိုဘယ်ငြိမ်းချမ်းရေးဆုအား နိုင်ငံတော် သမ္မတကြီး သို့မဟုတ် ငြိမ်းချမ်းရေးစင်တာ မှ တဦးမဟုတ် တဦးရရှိနိုင်ရန် လက်ရှိလူထု၏ တောင်းဆိုမှုများအား ခေတ္တ နှာစေးပြကာ ဒီမိုကရေစီနိုင်ငံတော်ကြီးသဖွယ် မင်းသားခေါင်းစွပ်ပြထားခြင်းလဲဖြစ်နေ၏။

သို့သော် ၂၀၁၃ ခုနှစ် အောက်တို့ဘာလ ၁၂ ရက်နေ့နောက်ပိုင်းတွင် နော်ဝေနိုင်ငံ နိုဘယ်ဆု ရွေးချယ်ရေးကော်မတီမှ ၄င်းတို့အား ရွေးချယ်ခြင်း မရှိပါလျင်…မိမိတို့၏ ဆုံးရှုံးနစ်နာမှုများအတွက် ဆန္ဒပြနေကြသော မိကျောင်းကန်ပြည်သူများ နှင့် ဒေသအသီးသီးမှ လူ့အခွင့်ရေးချိုးဖေါက်ခံရခြင်းကြောက့် ကန့်ကွက်နေကြသော လူသားတာဝန် အခမဲ့ထမ်းရွက်နေကြသူများအဖို့…အဖြေသိသာစွာ ပေါ်ထွက်လာတော့မည်ဖြစ်ပါသည်။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး

ကြိုက်သလောက်သာရှယ်နိုင်ပါသည်။ ပြည်တွင်းမှ ဆုံးရှုံးနစ်နာနေကြသော ပြည်သူများအားလုံး အောင်မြင်စွာ မိမိတို့၏ ဆုံးရှုံးမှုများ ပြန်လည် ရရှိနိုင်ကြပါစေသတည်း

No comments: