Saturday, October 5, 2013
* ဒီချုပ်ကကြေညာချက်ထုတ်ထားတဲ့ အခြေခံဥပဒေပြင်မယ့် ၁၄ ချက် *
******************************
***************
(ထို ၁၄ ချက်ထဲတွင် လူအများက လုံးဝ ပြင်ဆင်မည်ဟု သတ်မှတ်ထားသော ပုဒ်မ ၅၉ (စ) ကို မတွေ့ရခြင်းသည် ထူးခြားပါသည်)
@@@@@@@@@@@@@@@@@@@@@@@@@@@@@@
၁ ။ ။ နိုင်ငံတော်၏ အခြေခံမူများတွင် "နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး
ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို.ကို
အစဉ်တစိုက် ဦးတည်သည် " ဟုချမှတ်ထားခြင်း ။ ။
ပုဒ်မ - ၆ (စ)
၂ ။ ။ နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတများ၏ အရည်အချင်းများတွင် "
စစ်ရေးအမြင်ရှိရမည် " ဟူသော အချက်ကို ထည့်သွင်းထားခြင်း ။ ။
ပုဒ်မ ၅၉ (ဃ )
၃ ။ ။ ဥပဒေရေးတွင် ပြည်ထောင်စုလွှတ်တော် ၊ တိုင်းဒေသကြီးလွှတ်တော် နှင့်
ပြည်နယ်လွှတ်တော်များတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
အမည်စာရင်းတင်သွင်းမည့် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်း။ ။
ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)
၎ ။ ။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စုဝန်ကြီးနှင့်
ဒုတိယ၀န်ကြီးများအဖြစ် ခန်.အပ်တာဝန်ပေးခြင်းခံရပါက
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နှုတ်ထွက်ပီး ဖြစ်သည်ဟု
သတ်မှတ်ထားပီး… ကာကွယ်ရေး ၊ ပြည်ထဲရေး ၊ နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက် ခန်.အပ်ထားသော တပ်မတော်သားကိုယ်စားလှယ်များကို အငြိမ်းစားယူရန် (သို.မဟုတ် )
နှုတ်ထွက်ရန်မလိုဟု သတ်မှတ်ထားခြင်း ။
ပုဒ်မ - ၁၀၉ (ခ) ၊ ၁၄၁ (ခ) ၊ ၁၆၁ (ဃ)
၅ ။ ။ ပြည်ထောင်စုဝန်ကြီးများနှင့်ဒုတိယ၀န်ကြီးများ ခန်.အပ်တာဝန်ပေးခြင်းနှင့်စပ်လျှင်းပီး ကာကွယ်ရေး ၊ ပြည်ထဲရေး ၊နယ်စပ်ရေးရာဝန်ကြီးဌာနများအတွက်
တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ်ထံမှ သင့်လျော်သည့် တပ်မတော်သားများ၏ အမည်စာရင်းကို
နိုင်ငံတော်သမ္မတက ရယူခြင်း ။ ။
ပုဒ်မ - ၂၃၂ (ခ) (၂ )
၆ ။ ။ ပြည်ထောင်စုဝန်ကြီး၏ အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှား
မပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်သမ္မတမှ
အမည်စာရင်းတင်သွင်းသည့်ပုဂ္ဂိုလ် အား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန်.အပ်တာဝန်ပေးရန် ငြင်းပယ်ခွင့်မရှိစေရ ။ ။
ပုဒ်မ - ၂၃၂ (ဃ)
ရ ။ ။ ရာထူးမှနှုတ်ထွက်ရမည့် တပ်မတော်သား ၀န်ကြီး ဒုတိယ၀န်ကြီးတို.နှင့်ပတ်သက်လျှ င် နိုင်ငံတော်သမ္မတသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
ညှိနှိုင်းဆောင်ရွက်ရမည်။ ။
ပုဒ်မ - ၂၃၅ ( ဂ ) ( ၂ )
၈ ။ ။ အုပ်ချုပ်ရေးကဏ္ဍတွင် ပြည်ထောင်စု ၊ တိုင်းဒေသကြီး ၊ပြည်နယ်
ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုတို.တွင်လည်း
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်တင်သွင်းမည်. တပ်မတော်သားများ
ပါဝင်နေခြင်း ။ ။
ပုဒ်မ ၂၆၂ (က ) ( ၂ ) ၊( ခ ) ပုဒ်မ - ၂၆၄ ( ခ ) ( ၁ ) ( ၂ )
၉ ။ ။အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ( ၁၁ ) ဦးဖြင့်
ဖွဲ.စည်းထားရာ ဒုတိယ သမ္မတ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
၊ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ၊ နယ်စပ်ရေးရာဝန်ကြီး ၊
စုစုပေါင်း ( ၆ ) ဦးတို.ဖြင့် မဲအများစုကို တပါတည်း ယူထားခြင်း။ ။
ပုဒ်မ - ၂၀၁
၁၀ ။ ။ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာအားလုံးကို လွပ်လပ်စွာ စီမံ ခန်.ခွဲ စီရင် ဆောင်ရွက်ပိုင်ခွင့် ရှိနေခြင်း။ ။
၁၁ ။ ။ လက်နက်ကိုင်အဖွဲ.အစည်းအားလုံးသည် တပ်မတော်၏ ကွပ်ကဲမှုအောက်တွင်ရှိရမည်ဟုထည့်သွင်းထားခြင်း။ ။
ပုဒ်မ - ၃၃၈
၁၂ ။ ။ အရေးပေါ်အခြေအနေပေါ်ပေါက်လာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အာဏာကို ဖွဲ.စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိခြင်း။ ။
၁၃ ။ ။ ဖွဲ.စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး
၏
၇၅ ရခိုင်နှုန်း ကျော်မှ ပြင်ဆင်ရန်သဘောတူလက်ခံပီးနောက် ပြည်လုံးကျွတ်
ဆန္ဒခံယူပွဲ ကျင်းပရမည်ဟု မည်သို.မျှ ပြင်ဆင်ခွင့်မရအောင် သတ်မှတ်ထားခြင်း။ ။
ပုဒ်မ - ၄၃၆
၁၄ ။ ။ပြည်ထောင်စုလွှတ်တော်သည် သက်တမ်းကုန်ဆုံးချိန်တွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ယင်း၏လုပ်ငန်းဝတ္တရားများ
ဆောင်ရွက်ရန်မပီးပြတ်သေးကြောင်း
အထောက်အထားနှင့်တင်ပြလာပါက ထပ်ဆောင်းခွင့်ပြုကာလ ( ၆ ) လခွင့်ပြုနိုင်သည် ။
ထပ်ဆင့်တိုးပေးချိန် နောက်ထပ်တကြိမ် ( ၆ ) လပေးနိုင်သည် ။
နှစ်ကြိမ်ထိပေးပိုင်ခွင့်
ရှိသည်ဟူသော အန္တရာယ်အလွန်ကြီးမားသည့် တဖက်သတ်ရေးဆွဲထားခြင်းများ
ပါရှိနေခြင်း။ ။
ပုဒ်မ - ၄၂၁ (ခ ) ၄၂၅
စသည်တို.ဖြင့် အချုပ်အခြာ အာဏာသည် ပြည်သူလူထုထံမှ ဆင်းသက်ရမည်ဟူသော
ဒီမိုကရေစီမူများနှင့် ညီညွတ်ခြင်းမရှိဘဲ တဖက်သတ်ရေးဆွဲထားသည်ကို တွေ.ရသည် ။
ဗဟိုအလုပ်မှုဆောင်အဖွဲ.
အမျိုးသားဒီမိုကရေစီအဖွဲ.ချုပ်
အမှတ် ( ၉၇ ၊ ခ ) အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို.နယ် ၊ ရန်ကုန်မြို့
Labels:အတိတ်က မြိတ်သမိုင်း
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment