ရွေးကောက်ပွဲအတွက် လှည့်လည် ဟောပြောရင်း ၁၉၄၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် အာလံမြို့ ၌ ကျင်းပ သော တော်လှန်ရေးနေ့ အခမ်းအနားတွင် မြွက်ကြားသည့် မိန့်ခွန်း
ဒီနယ်ဟာ တော်လှန်ရေးစခဲ့တဲ့နယ်ဖြစ်တ
ပြောင်းလဲနေသောတော်လှန်ရေး
တော်လှန်ရေးဟာ ယခုမှသာ ဖြစ်တာမဟုတ်ဘူး၊ စစ်ကြီးမဖြစ်ခင်ကလဲ တော်လှန်ရေး ဖြစ်တဲ့သဘောတရားတွေ ဖြစ်နေတာဘဲ။ ယခုစစ်ကြီး ဖြစ်ပြီးမှ တော်လှန်ရေးဟာ သိသိသာသာကြီး ပြောင်းလဲနေတယ်။ လူတွေက သတိ မထားဘဲ အမှတ်တမဲ့ နေကြလို့တော်လှန်ရေး သဘောတရားများဟာ အရေအတွက် အသေးစိတ် သဘောကအရည်အချင်း အစိုင်အခဲသဘောသို့ ပြောင်းနေတာကို မမြင်ကြဘူး။
နေ့စဉ်မျက်မြင်သဘော
ခေတ်ကြီး တခေတ်ခြားပြီး အစိုင်အခဲဖြစ်ပြီး ဖြစ်ပေါ်လာတော့မှသာ မြင်ကြတယ်။ ဥပမာ ကိုယ့်ရွာမှ လူပျိုပေါက် ကလေးတယောက် ကြီးထွားလာသော်လဲ အမှတ်တမဲ့ နေကြလို့ ကြီးလာတယ်မထင်ကြဘူး။ ဒီလိုလူပျိုပေါက်က လေးဟာ အခြားတမြို့ တရွာသို့ သွားနေပြီး၊ ရွာပြန်လာတဲ့အခါ တယ်ကြီးပါကလားလို့ထင်ကြ၊ ပြောကြတယ်။ ဒီသ ဘောအတိုင်းဘဲ၊ နေ့စဉ်မျက်မြင်ကို သတိမထားဘူး။ အမှန်တော့ တော်လှန်ရေးသဘောတရားများဟာလ
ရှေး ပြင်သစ်ဥပမာ
တော်လှန်ရေး သဘောအားဖြင့် ကြည့်လျှင် တော်လှန်ရေး သဘောတရားများ အသေးစိတ်သဘောက အစိုင်အ ခဲသဘောသို့ ပြောင်းလဲပြီး၊ ပေါက်ကွဲလာတာ အမျိုးမျိုးတွေ့ရတယ်။ ဥပမာ ရှေးအခါက ပြင်သစ်ပြည်ကြီးဟာ လယ်ရှင်စနစ်အရ စီမံပုံ ဆိုးဝါးလွန်းလို့ တိုင်းသူပြည်သားတွေဟာ အမျိုးမျိုး ညှင်းပန်းမှု ခံကြရတယ်။ ဒီအခါမှ တိုင်းသူပြည်သား၏ မကျေနပ်မှု၊ မခံနိုင်မှု အသေးစိတ် သဘောတရားများသည် အစိုင်အခဲသဘောသို့ ပြောင်း လဲပြီး တော်လှန်ရေး ပေါက်ကွဲလာတယ်။ ရုရှားပြည်မှာလဲ ဇာဘုရင်၏အုပ်ချုပ်ပုံစနစ်ကိ
ဆီးတားလျှင်ပေါက်ကွဲတတ်တယ်
ဥပမာ စီးဆင်းလျက်ရှိတဲံ ရေအယဉ်ကို ကန့်တားပိတ်ဆို့လိုက်တဲ့အခါ
အင်္ဂလိပ်တော်လှန်ရေးအဆင့်အတန
ယခု ဒုတိယကမ္ဘာစစ်ကြီးပြီးမှ အင်္ဂလန်ပြည်မှာလဲ တော်လှန်ရေး ဖြစ်ပေါ်လာတယ်။ အင်္ဂလိပ်လူထုက ကွန်ဆာ ဗေးတစ်အစိုးရကို တော်လှန်လိုက်လို့ လေဘာပါတီအစိုးရတက်ဖြစ်လာတယ်
လွတ်လပ်ရေး ပေးချင်သူများ
အင်္ဂလန်ပြည်မှာ ကွန်ဆာဗေးတစ်ပါတီထက် လေဘာပါတီက အဆင့်အတန်းမြင့်ပြီး နိုးကြားလာပေမဲ့ အချို့ နယ် ချဲ့ စိတ်မကုန်တာတွေလဲ ရှိသေးတယ်။ တချို့ ကတော့လဲ ဗြိတိသျှအစိုးရ လက်အောက်ခံ တိုင်းပြည်များကို တာ ရှည်မအုပ်ချုပ်နိုင်မဲ့ အတူတူ လွတ်လပ်ရေးပေးလိုက်လျှင် ငါတို့တိုင်းပြည်ကို ထိခိုက်လာမလားဆိုပြီး ငြိမ်နေတဲ့ အစားလဲရှိတယ်။ ချာချီတို့လို လူတသိုက်က ငါတို့တိုက်ခိုက်သိမ်းထားတဲ
စီးပွားရေးအတွင်းကြေ ကြေပြီ
ဗြိတိသျှအင်ပါယာရဲ့ အခြေအနေကို ဆန်းစစ်ကြည့်လိုက်လျှင် စစ်နိုင်တိုင်းပြည်ဖြစ်ပေမဲ
တော်လှန်ရေး အမတ်တွေ
မြန်မာပြည်မှာ ဖ-ဆ-ပ-လ ကို ယနေ့အထိ တိုင်းပြည်လူထုက ကြည်ညိုခဲ့တယ်။ နယ်ချဲ့ သမားတွေက ဖ-ဆ-ပ- လ ကိုအမျိုးမျိုးဖျက်ကြပေမဲ့ မပျက်ဘူး။ ရွက်လှေကြီးမှာ ရွက်ဘေးနည်းနည်းပါးပါး စုတ်ပြတ်တာလောက်ဟာ အရေးမကြီးပါဘူး။ ရှေ့ အဖို့မှာ လူထုအင်အားကောင်းသည်ထက်ကောင
လွတ်လပ်ရေးတိုက်ပွဲ မပြီးသေး
လွတ်လပ်ရေး တိုက်ပွဲမပြီးသေးဘူး။ တိုင်းပြုပြည်ပြု လွှတ်တော်ဟာ လွတ်လပ်ရေးရဲ့ အစသာဖြစ်တယ်။ အင်္ဂလိပ် နဲ့ စာချုပ်စရာတွေ ရှိသေးတယ်။ ဘယ်အထိစကားများမယ် မသိဘူး။ ဒါကြောင့် တိုင်းပြည်လူထုက ယနေ့ကစ၍ (အဇ္ဇတဂ္ဂေပါဏုပေတံ) ဆိုသလို လောကီနိဗ္ဗာန်ရောက်သည်အထိ အင်အားစုကို တောင့်တင်းအောင် လုပ်ပါ မည်ဟု အဓိဋ္ဌာန်ပြုကြပါ။
၁၉၄၇ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက်
တော်လှန်ရေးနေ့ အခမ်းအနား
အာလံမြို့ 
Credited to ourbogyoke blog
![](https://scontent-b-lga.xx.fbcdn.net/hphotos-prn2/s720x720/1383441_542998502438181_575533456_n.png)
No comments:
Post a Comment