Saturday, October 5, 2013

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပေါ်သဘောထား ။


ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပေါ်သဘောထား ။

ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းပါတီသည် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှပါတီတရပ်အဖြစ်အသွင်ပြောင်းလာဖြစ်သည် ။ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းသည်
စစ်အာဏာရှင်စနှစ်သက်ဆိုးရှည်ရေး နှင့်လူထုကိုဖိနှိပ်ရေးအတွက်ရည်ရွယ်၍နဝတ နအဖခေတ်တွင်စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ် သည် ။
ထိုအသင်းစဖွဲ့ပြီးနောက် မြို့နယ်တိုင်းတွင်ရှိသော ကျောင်းသားလှုပ်ရှားမှုနှင့်
ကျောင်းသားလှုပ်ရှားမှုဦးဆောင်သူများကို စောင့်ကြည့်ခြင်း သတင်းမှတ်တမ်းယူခြင်း များပြုလုပ်သည်ကို တွေ့ရသည် ။ အသင်းဝင်များကို အလုပ်အကိုင် အခွင့်အလမ်းများ နှင့်စွဲဆောင်စည်းရုံးသည်ကိုတွေ့ရသည် ။ လူထုကြား၌ လူမှုရေးလုပ်ငန်းများဖြင့် အသွင်ဖြင့်ဟန်ပြလုပ်ဆောင်ခြင်းကိုလုပ်ဆောင်သည် ။

လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းမှာ အသွင်ပြောင်း
လာခြင်းဖြစ်ပြီး ၊ စစ်အုပ်စုခေါင်းကြီးပိုင်းအချို့ စစ်ဝတ်စုံမှအရပ်ဝတ်လည်းလာခြင်းဖြစ် သည် ။ စစ်အာဏာရှင်စနှစ်သက်ဆိုးရှည်ရေးအတွက် ပါတီတရပ်အဖြစ်ကျားကန်းပေး ထားခြင်းဖြစ်သည် ။ ဒီမိုကရေစီအရေခြုံပါတီတရပ်ဖြစ်သည် ။ပြုပြင်ပြောင်းလည်းရေး ဆိုသည့်လေသံပြစ်၍ လူထုကြား၌ လူထုကိုဖွံ့ဖြိုးရေးလုပ်ငန်းများဖြင့် ပါတီအာဏာရရှိရေး
စစ်အာဏာရှင်စနှစ်ကိုသက်ဆိုးရှည်ရေးကိုရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည် ။

မြန်မာလူထုသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး စစ်အာဏာရှင်စနှစ်အလုံးစုံပျက်သုဉ်း
ရေး အစဉ်လိုလား၍ ၁၉၆၂စစ်အာဏာသိမ်းပြီးချိန်မှစ၍ ဒီမိုကရေစီရေးလှုပ်ရှားမှုကို နည်းလမ်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်မှာ ဒီဂနေ့အထိဖြစ်သည် ။

ပါတီတရပ်သည် လူထုဘက်ကရပ်တည်ပြီး ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုကာကွယ်
သောပါတီတရပ်ဖြစ်လျှင် လူထုကမေတ္တာထားကိုးကွယ်မည်ဖြစ်သည် ။ ကြံ့ခိုင်ဖွံ့ဖြိုး
ရေးပါတီသည် လူထုမေတ္တာကိုရရှိလိုလျှင် လူထုဘက်ကရပ်တည်ပြီး ဒီမိုကရေစီနှင့်လူ့အ ခွင့်အရေးကိုကာကွယ်စောင့်ရှောက်သော လူထုပါတီတရပ်အဖြစ်ရပ်တည်မှသာ လူထု၏ချစ်ခင်မှုကိုရရှိမည်ဖြစ်သည် ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီသည် လူထုကြား၍ ဖွံ့ဖြိုးတိုး
ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းသည် ပါတီအကျိုးအတွက်ဟန်ပြလုပ်ဆောင်ခြင်းဖြစ်
လူထုအကျိုးအတွက်မေတ္တာစေတနာအမှန်ဖြင့်လုပ်ဆောင်ခြင်းမဟုတ်ပေ ။ကြံခိုင်ဖွံ့ဖြိုးရေး
ပါတီသည် လူထုပါတီမဟုတ် စစ်အာဏာရှင်စနှစ်သက်ဆိုးရှည်ရေးအတွက် စစ်အုပ်စုဝင်များလူခွဲ၍ စစ်အုပ်စုကိုကျားကန်ပေးသောပါတီဖြစ်သည် ။

No comments: