October 9, 2013 at 5:31am
သည်မှာမနီး မဝေးလို့ ဆိုပေမယ့်
ငွေရတုတိုင်ခဲ့ပြီ။
ဘုန်းကြီးလူထွက်လည်းပါတယ်
နွားသတ်သမားလည်း ပါတယ်
စစ်သားလူထွက်လည်း တွေ့ မယ်
တက္ကသိုလ်ကျောင်းသားလည်း ပါတယ်
ကဗျာဆရာ။
ကျောင်းဆရာ။
စက်ပြင်ဆရာ
တက္ကသိုလ် နည်းပြ။
သင်တန်းနည်းပြ။
ရုံးစာရေး။
ရှေ့ နေ။
ဆရာဝန်။
သူနာပြုဆရာမ။
အထက ကျောင်းသား။
ကုန်သည်
ပွဲစား
လယ်စိုက်စားသူ
ဇာတ်သမား
အဆိုတော်
အလွှာပေါင်းစုံ ဇာတိပေါင်းစုံ
မြစ်ဖျားဆုံ မွေးဖွား
"ကျောင်းသားတပ်မတော်"။
တမနက်ပဲဖြစ်ဖြစ်
တရက်ပဲဖြစ်ဖြစ်
ငါတို့ ချစ်ခဲ့ကြတဲ့
"ကျောင်းသားတပ်မတော်"
အငြင်းပွားမှုတွေ ရှိခဲ့တယ်
အတင်းစကားပြောမှုတွေ ရှိခဲ့တယ်
မသကာင်္မှုတွေ ဖြစ်ခဲ့တယ်
အရောင်စုံလင်မှုတွေ ဖြစ်ခဲ့တယ်၊
ကွဲပြဲမှု ထိုးကြိတ်မှု
သတ်ဖြတ်မှု ငတ်ပြတ်မှု
စစ်ထောက်လှမ်းရေးတို့  ဖျက်ဆီးမှု
မူဝါဒကွဲလွဲမှု
အမျိုးသားရေး ကွာဟမှု
နယ်မြေ မလွတ်လပ်မှု
စောင့် ကြည့်ကာလများ
တောတွင်းလက်နက်ကိုင် ဥပဒေသများ
ကြမ်းတမ်း ခက်ထန်ခြင်းများ
ဘာတွေပဲဖြစ်ဖြစ်
ငှက်ဖျားကို ပွေ့ ဖက်
ချီဂွေဗာရားနဲ့ မွေ့ လျော်
အိပ်မက်တွေထဲမှာ
ခွပ်ဒေါင်းအလံတွေ လွှင့်ထူ
"ကျောင်းသားတပ်မတော်"
ရှေ့ သို့  ရဲရဲချီခဲ့တယ်....။
သမိုင်းကြောင်း လိမ်မရတဲ့
"ကျောင်းသားတပ်မတော်"
မီဒီယာသမားတွေ မွေးဖွားခဲ့တယ်
activists တွေ မွေးဖွားခဲ့တယ်
အကယ်ဒမစ်ဆိုတာ မွေးဖွားခဲ့တယ်
ရဲညီနောင်တွေ မွေးဖွားခဲ့တယ်
ဂျော်နီကိုလည်း မွေးဖွားခဲ့တယ်
မယ်တော်ဆေးခန်းကိုလည်း မွေးဖွားခဲ့တယ်
DVB ကိုလည်း မွေးဖွားခဲ့တယ်
တူလေးရေ..
တူမလေးရေ....
ဦးတို့ ခေတ်ကလေ....
ဒေါ်လေးတို့ ခေတ်ကလေ..
ဖေဖေတို့ 
မေမေတို့ ...
"ကျောင်းနံရံတ၀ိုက်....ဒေါင်းအလံ ပြန်စိုက်မယ်"
ဟွေးကော့စခန်း
ရင်း (၁၀၂)
ယုံကြည်ခြင်း
ဖောင်ဖျက်ခြင်း
စာငတ်ခြင်း
ကဗျာငတ်ခြင်း
အကြိမ်ကြိမ် ဖတ်ဖြစ်ခဲ့တဲ့
အမြတ်နိုးဆုံးဒေါင်းအိုးဝေ
ငွေရတု သို့  တိုင်ခဲ့ပြီ...။
ဖိုးဇီဝ (အောက်တိုဘာ ၈ရက်။ ၂၀၁၃)
No comments:
Post a Comment