Friday, July 13, 2012

ABSDF အဖွဲ့ ဝင်ဟောင်း ကိုရွှေသွေး ကွယ်လွန်

Friday the 13th -

by Thida သီတာ on Friday, July 13, 2012 at 4:56am ·
၁၉၈၈ က ထိုင်းမြန်မာနယ်စပ်ဘက် ထွက်ခွာခဲ့ပြီး မိမိယုံကြည်ချက်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တပ်ဖွဲ့ ဝင်ဟောင်း ကိုရွှေသွေး ဟာ ဒီနေ့  ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက် ( သောကြာ) မနက် ၅ နာရီ မိနစ် ၄၀ မှာ နော်ဝေ နိုင်ငံ လီလီစထရွန် မြို့ မှာ အသည်းကင်ဆာနဲ့  ကွယ်လွန်သွားပါတယ်..

ကိုရွှေသွေး ဟာ ABSDF တပ်ရင်း ၁၀၂ က ဖြစ်ပြီး ထောက်ပံ့ရေးတာဝန် ယူခဲ့သူဖြစ်ပါတယ်..
နောက် ပြည်သူ့ ကာကွယ်ရေးတပ်ဦး (PDF) ရဲ့  အလုပ်အမှုဆောင် ကော်မတီဝင် တဦးလဲ ဖြစ်ပါတယ်.. 
၂၀၀၅- ၂၀၀၆ မှာ ဒီမိုကရက်တစ် မြန်မာ့အသံ ( အော်စလို) ရေဒီယိုသတင်းခန်းမှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်...

နော်ဝေရောက်လာချိန်မှာလည်း ဘာသာရေး လူမှုရေးတွေမှာလဲ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပြီး နော်ဝေးနိုင်ငံရောက် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံသားများအသင်းမှာ ဂေါပက အဖွဲ့ ဝင်တဦးအနေနဲ့  တာဝန်ထမ်းဆောင်ခဲ့ပါတယ်..

အသည်း အောင့်အောင့်နေလို့ လွန်ခဲ့တဲ့ ၂ လကျော်ကျော်လောက်ကမှ ဓါတ်မှန်ရိုက်ကြည့်မှ အသည်းကင်ဆာဆိုတာ သိရပြီး ဆေးကုသမှု ခံယူခဲ့ပါတယ်.. ဒါပေမယ့် ကင်ဆာ ပြန့် နှန့် နှုံး မြန်ပြီး ဒီနေ့  မှာ ဆုံးပါးသွားပါတယ်.. သူ့ ရောဂါအခြေအနေ သူ သိပြီး သေခြင်းတရားကို အဆင်သင့်ပြင်ထားပုံလဲရပါတယ်.. လွန်ခဲ့တဲ့ ၃-၄ ရက်လောက်ထိ လာတွေ့ တဲ့ မိတ်ဆွေတွေကို စကား ပြောနေနိုင်ပါသေးတယ်..

ဆုံးပါးသွားချိန်မှာ အသက် ၅၀ ရှိပြီး ဇနီး နဲ့  သမီးငယ် ၂ ယောက် ကျန်ရစ်ခဲ့ပါတယ်...

ဈာပန ကိစ္စ ဆွေးနွေးနေကြဆဲမို့ ထပ်မံ အကြောင်းကြားပါမယ်..

အများအတွက် လုပ်ဆောင်ခဲ့တဲ့ ကောင်းမှုကုသိုလ်တွေကြောင့် ကောင်းရာဘ၀ကနေ ကိုရွှေသွေး သာဓုခေါ်နိုင်ပါစေ...

ဆေးရုံတက်နေတုံးက သမီး ၂ ယောက်နဲ့  အတူ

ဆုံးပြီးကာစ

ဆုံးပြီးကာစ

No comments: