

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ရှမ်းပြည်နယ် ကွမ်ဟိန်း
မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက မြန်မာနိုင်ငံအပေါ်
ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အမြန်ဆုံးရုပ်သိမ်းပေးရန်
လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို၊ မည်သည့်နည်းလမ်းဖြင့်ဖြစ်စေ
ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆိုကိုယနေ့ကျင်းပသော
ပြည်သူ့လွှတ်တော်အစည်းအဝေး၌ အရေးကြီးအဆိုအဖြစ် ကြားဖြတ်တင်သွင်းခဲ့ရာ
လွှတ်တော် တစ်ရပ်လုံးက တခဲနက် ထောက်ခံခဲ့တာ တွေ့ရပါတယ်။
ဒီအဆိုဟာ ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို
တိုက်ရိုက် ရည်ညွှန်း လိုက်တာပါ။ တစ်ကယ်တော့ မြန်မာပြည် ကို စီးပွားရေး
ပိတ်ဆို့ ခံထားရမှု့မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ တိုက်ရိုက်ပတ်သတ်နေပါတယ်။
သူ့ဟာ စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံများ အပေါ် အတော် အသင့်
သြဇာညောင်းတာ လဲ အမှန်ပါဘဲ။ သူ့ က စီးပွားရေး ပိတ်ဆို့မှု့ကို အပြည့်အဝ
ထာဝရ မရုပ်သိမ်းစေဘဲ၊
တစ်ချို့ တစ်ဝက် (သို့မဟုတ်) ယာယီသာ
ရုပ်သိမ်းစေချင်ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စီးပွားရေး ပိတ်ဆို့မှု
ပြန်လည် ရုပ်သိမ်းလိုက်ရင် ရရှိမဲ့ အကျိုးကျေးဇူးကို သာမာန်ပြည်သူတွေ
မခံစားရဘဲ ယခင်ခေတ်က သူဌေးဖြစ်လာသူတွေ၊ အစိုးရ နဲ့ ပနံသင့်တဲ့ စီးပွားရေး
သမားတွေ၊ အကျင့်ပျက် ၀န်ထမ်းကြီး/ငယ်တွေ ပဲ အကျိုးဖြစ်သွားမှာ
စိုးရိမ်နေပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်ပ ခရီးစဉ် မှာ မြန်မာ့
စွမ်းအင်လုပ်ငန်း MOGE နဲ့ ပတ်သတ်ပြီး ပွင့်လင်း မြင်သာမှု့ မရှိဘူးလို့
ဝေဖန်ထားပါတယ်။ တစ်ကယ်ဘဲ အချိုဝန်ကြီးဌာနတွေဟာ ပွင့်လင်းမြင်သာမှု့
၊မရှိပါဘူး၊ US ရောက် နေတဲ့ မြန်မာ အရေး ဆောင်ရွက် နေသူ ဦးအောင်ဒင်တို့
အုပ်စုကလဲ အမေရိကန်က အပြည့်အ၀ စီးပွားရေး ရုပ်သိမ်းသွားမှာကို မလိုလားတဲ့
အပြင် အမေရိကန် တာဝန်ရှိ သူတွေ အချို့ထံ စီးပွားရေးပိတ်ဆို့မှု့
မရုပ်သိမ်းဖို့ တင်ပြတောင်းဆိုမှု့တွေ လုပ်နေတယ်လို့ အင်တာနက်
မိတ်ဆွေအချို့ က ပြောပါတယ်။
စီးပွားရေး ပိတ်ဆို့မှု့ဟာ နိုင်ငံ
နှင့် ပြည်သူကို ထိခိုက်တယ်၊ ဒီမိုကရေစီ နိုင်ငံ ဖော်ဆောင်နေမှု့ကို
နှောင့်နှေးစေတယ်လို့ လက်ရှိ အစိုးရ တာဝန်ရှိသူတွေ၊ စီးပွားရေး ပညာရှင်
တွေနဲ့ စီးပွားရေး လုပ်ငန်း အများအပြားက တရားဝင် ဖွင့်ပြောထားပြီးဖြစ်တယ်။
စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု့ဟာ မြန်မာပြည် မှာ ဒီမိုကရေစီ စနစ်
ဖြစ်ပေါ်လာဖို့ အထောက် အကူ မပြုဘူး၊ အဟန့်အတားသာ ဖြစ်တယ်လို့
အိမ်င်္နီးချင်း နိုင်ငံတွေ နှင့် အာဆီယံ ခေါင်းဆောင်တွေက အကြိမ်ကြိမ် အခါခါ
ဖွင့်ပြောပြီးဖြစ်တယ်။
အခု အဆိုကို လွှတ်တော်က သဘောတူပြီး
ဖြစ်တဲ့ အတွက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်
ဒေါ်နန်းဝါနု တင်သွင်းခဲ့တဲ့ အဆိုကို စိတ်ပါဟန် မတူသော် လည်း လိုက်နာ
ဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်။ မြန်မာပြည်သူတစ်ယောက် အနေနဲ့
ဖြစ်စေချင်တာကတော့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် မြန်မာ နိုင်ငံအပေါ် စီးပွား
ပိတ်ဆို့ မှု့ တွေကို ရုပ်သိမ်းအောင် အားကြိုးမန်တက် ဆောင်ရွက်စေချင်ပါတယ်၊
အစိုးရ ၀န်ကြီးဌာနတွေ ပွင့်လင်မြင်သာမှု့၊ အကျင့်ပျက် ခြစားမှု့တွေ ကို လဲ
ပွင့် ပွင့် လင်းလင်း ဝေဖန်၊ ထင်ရှားရင် ဖမ်းဆီး အေ၇းယူမှု့
လုပ်ဖို့တိုက်တွန်းတာတွေ လုပ်စေချင်ပါတယ်။ ဟိုတစ်လော က ဆက်သွယ်ရေး
ဒုဝန်ကြီး နဲ့ေ၇ွးကောက်ပွဲ ကော်မရှင်က အဖွဲ့ဝင် ဦးသာဦး တို့
ပြုတ်သွားတာဟာ အကျင့်ပျက် ခြစားလို့ လို ဆိုတာ အင်တာနက်မှာ ကျယ်ကျယ်
ပြန်ပြန့် သတင်းတွေ ထွက်နေပါတယ်။ ဒါပေမဲ့ အစိုးရ သတင်းစာတွေမှာတော့
သာမာန်နှုတ်ထွက်ခွင့် ပေးသယောင် သတင်း ထုတ်ပြန်ခဲ့တာတွေ့ရရပါတယ်၊ တစ်ကယ်တန်း
ပြည်သူတွေ ဖြစ်စေချင်တာက လာဘ်စားလို့ ထုတ်ပစ်လိုက်တယ်လို့ အစိုးရ က
တရားဝင် ပြောစေချင်တာပါ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မြန်မာ့နိုင်ငံရေးက ယတိပြတ် အနားယူပြီလို့ 
မျက်နှာပြောင်တိုက် ပြောရဲသူဟာ တော်တော်တုံးတဲ့ ဒီမိုကရက်တစ်ဘဲ။
No comments:
Post a Comment