Sunday, July 15, 2012

အိုဘာမား ရွှေ့တဲ့ ဆတ်ဆတ်ခါ ဖြတ်ဖြတ်လူး ဆန်ရှင်


3:37pm Jul 14


ဆတ်ဆတ်ခါ သွားစေသည့် ဟု ယူဆရသည့်စာသား

++++++++++++++++++++++++++++++
+++
အမေရိကန်အစိုးရသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနယ်
ပယ်တွင် ပွင့်လင်းမြင်သာ
မှု လျော့နည်းခြင်းနှင့် စီးပွားရေးတွင် စစ်တပ်၏အခန်းကဏ္ဍကို နက်ရှိုင်းစွာ
ပူပန်နေဆဲဖြစ်ပါသည်။ ပြီးခဲ့သည့် မေလတွင် မိမိတို့ ညွှန်ပြခဲ့သည့်အတိုင်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် ကာကွယ်ရေးဝန်ကြီးဌာနပိုင် စီးပွားရေး
လုပ်ငန်းများမှာမူ ထို General Licenses နှင့် အကျုံးဝင်မည်မဟုတ်ပါ။

ထို့အပြင် အမေရိကန်ကုမ္ပဏီများသည်လည်း နိုင်ငံတကာ ပူးပေါင်း

ဆောင်ရွက်မှု အုပ်ချုပ်ရေးစံနှုန်းများနှင့်
အညီ ၄င်းတို့၏ လုပ်ဆောင်မှုများ
နှင့် ပတ်သက်၍ အစီရင်ခံစာ တင်သွင်းရပါမည်။ ကျွန်ုပ်သည် သမ္မတ
အမိန့်ကြေညာစာ Executive Order အသစ်ကိုလည်း လက်မှတ်ရေးထိုး
ထားပြီး ယင်းအမိန့်အရ မြောက်ကိုရီးယားနှင့်စစ်လက်နက်
ကုန်သွယ်မှုတွင် ပါဝင်သော၊လူမျိုးရေးပဋိပက္ခကိုဖြစ်စေသော၊လူ့အခွင့်အရေး ချိုးဖောက်မှု
များတွင်ပါဝင်သော ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များ
ကိုဖျက်ဆီးသောသူများ
အပေါ် ဘဏ္ဍာရေးဝန်ကြီးဌာနက လက်ရှိချမှတ်ထားသော တားဆီး
ပိတ်ဆို့မှုများလည်း ပါဝင်သည်။

ယခုအမိန့်သည် မြန်မာအစိုးရနှင့် စစ်ဘက်အရာရှိများကအလွဲသုံးစာြး
ပု
သည် ၊ ခြစားသည် (သို့မဟုတ်) မတည်မငြိမ်ဖြစ်စေသည့် အပြုအမူများ ဆက်လက်လုပ်ဆောင်နေသည့် လူပုဂ္ဂိုလ်များအဖို့ ပြုပြင်ပြောင်းလဲရေး၏ အသီးအပွင့်များ မရိတ်သိမ်းနိုင်ကြောင်း ရှင်းလင်းသည့် သတင်းစကား
ဖြစ်ပါသည်။

The United States Government remains deeply concerned about the lack of transparency in Burma’s investment environment and the military’s role in the economy. As we indicated in May, the armed forces and Ministry of Defense-owned entities will not be covered by these General Licenses. In addition, U.S. companies will be asked to report on their activities in line with international corporate governance standards. I have also signed a new Executive Order that expands the Secretary of the Treasury’s existing sanctions authorities to those who undermine the reform process, engage in human rights abuses, contribute to ethnic conflict, or participate in military trade with North Korea. This Order is a clear message to Burmese government and military officials: those individuals who continue to engage in abusive, corrupt, or destabilizing behavior going forward will not reap the rewards of reform.


ဗဟုသုတ အလို့ငှါ ဆန်ရှင် သမိုင်းအကျဉ်း

+++++++++++++++++++++++++++

အကြောင်းအရာ။ မြန်မာနိုင်ငံအပေါ် အမေရိကန်စီးပွားရေးပိတ်ဆို့မှု တစ်နှစ်သက်တမ်း တိုးခဲ့မှုကိစ္စတင်ပြခြင်း


၁။ အမေရိကန်ပြည်ထောင်စုသမ္မတ မစ္စတာဘားရက်အိုဘားမား သည် ၁၇.၅.၂၀၁၂ ရက်နေ့တွင် မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော စီးပွားရေး

ပိတ်ဆို့မှုများကို (၁) နှစ် သက်တမ်းတိုးလိုက်ကြောင်း ဥပဒေကဲ့ သို့
အာဏာတည်သောအမိန့်(Executive Order) အားအတည်ပြုလက်မှတ်
ရေးထိုးခဲ့ပါသည်။ ၄င်းထုတ်ပြန် သောအမိန့်တွင် အိမ်ဖြူတော်မှ ယခင်
ထုတ်ပြန်ထားသော အောက်ဖော်ပြပါ ဥပဒေကဲ့သို့အာဏာတည်သော အမိန့်(၄)ခုအား ဆက်လက်အတည်ပြုခဲ့ခြင်းဖြစ်ကြော
င်းဖော်ပြပါရှိပါသည်

(က)ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁၃၀၄၇) ၂၀.၅.၁၉၉၇ ။


မြန်မာနိုင်ငံတွင် ရင်းနှီးမြှပ်နှံမှုအသစ်ပြုလုပ်ြ
ခင်းကို တားမြစ်ခြင်း (Prohibiting New Investment in Burma) ဖြစ်ပြီးအမေရိကန်
ပြည်ထောင်စု သမ္မတ ဝီလီယံ ဂျေ ကလင်တန်မှ ၂၀.၅.၁၉၉၇ ရက်နေ့တွင်
လက်မှတ်ရေးထိုးခဲ့ပါသည်။ အမေရိကန် ပြည်ထောင်စုဘက်အခြမ်းမှ အစိုးရဌာနနှင့် စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် စီးပွားရေးအသစ် ရင်းနှီးမြှပ်နှံမှု မပြုရန် တားမြစ်ခဲ့ခြင်းဖြစ်ပါသည်။

(ခ)ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ်(၁၃၃၁၀) ၂၈.၇.၂၀၀၃။


မြန်မာနိုင်ငံ အစိုးရ၏ ပိုင်ဆိုင်သောပစ္စည်း၊ ပိုင်ဆိုင်ခွင့်ကို ပိတ်ဆို့ခြင်း နှင့်

သေချာ ဆောင်ရွက်သည့် အရောင်းအဝယ်များကို တားမြစ်ခြင်း (Blocking Property of Government of Burma and Prohibiting Certain Transaction) ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု သမ္မတ ဂျော့ခ်ျဒဗလျှူ
ဘွတ်ရှ် မှ ၂၈.၇.၂၀၀၃ တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၄င်းအမိန့်အား အမေကန်ပြည်ထောင်စုကွန်ဂရက်နှင့် ဆီးနိတ်တို့မှ ၂၈.၇.၂၀၀၃ ရက်နေ့
တွင် အတည်ပြုခဲ့သော Burmese Freedom and Democracy Act of 2003 အားကျောထောက်နောက်ခံပြု၍ Executive Order ကို သမ္မတမှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါအမိန့်၏ အကျိုးသက်ရောက်မှုမှာ
မြန်မာအစိုးရရုံးလုပ်ငန်းနှင့် တာဝန်ရှိသူများ၏ ပိုင်ဆိုင်သော အဖိုးတန်
ပစ္စည်းများကို ပိတ်ဆို့ထားခြင်း(ဘဏ်စာရင်း အရင်းအနှီးစသည်) (Freezing) နှင့် ဘဏ္ဍာရေး ဆိုင်ရာဝန်ဆောင်မှု (Financial Services)
ထောက်ပံ့ပေးခြင်းများကို တားမြစ်ခြင်း (Prohibition of the Provision of Financial Services to Burma) တို့ဖြစ်ပါသည်။အဓိကသက်ရောက်မှုမှ

မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာလွှဲပြောင်း ဝန်ဆောင်မှု လုပ်ငန်းကို ပိတ်ဆို့တားမြစ်လိုက်ခြင်း ဖြစ်ပါသည်။နောက်ပိုင်းတွင် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုပေးခြင်းကို သံတမန်ရေး ရာလုပ်ငန်းများ၊ မြန်မာနိုင်ငံအတွင်း အမေရိကန်အစိုးရနှင့်ပတ်သတ်သော စီးပွားရေးလုပ်ငန်းများနှင့်
ပတ်သတ်၍ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန (U.S Treasury Department) မှခြွင်းချက်ပြုခြင်း (Exception)အမိန့်ထုတ်ပြန်ပေးခဲ
့ပါသည်။

(ဂ)ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ်(၁၃၄၄၈) ၁၈.၁၀.၂၀၀၇။


မြန်မာနိုင်ငံဆိုင်ရာပိုင်ဆိုင်
သော ပစ္စည်းပိုင်ဆိုင်ခွင့်များကို ပိတ်ဆို့ခြင်းနှင့်
မြန်မာနိုင်ငံသို့ အရောင်းအဝယ်ဟုဆိုင်သော ကိစ္စများကို တားမြစ်ခြင်း (Blocking Property and Prohibiting Certain Transactions Related
to Burma)ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသမ္မတ ဂျော့ခ်ျ ဒဗလျူဘွတ်ရှ်
မှ ၁၈.၁၀.၂၀၀၇ ရက်နေ့ တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ယခင်ပိတ်ဆို့
တားမြစ်မှုများတွင် မြန်မာအစိုးရ၏ တရားဝင် လုပ်ငန်း၊ပုဂ္ဂိုလ်များနှင့် ထင်ထင်ရှားရှားသီးခြားရပ်တည်နေေ
သာအရာ များဆိုင်ရာ တန်ဖိုးရှိသော ပစ္စည်းများ၏ ဘဏ်စာရင်း၊ အရင်းအနှီးစသည်ကို သုံးစွဲခြင်းမှပိတ်ဆို့ခြင်း (Freezing of Assets) ကိုတိုးလိုက်ခြင်းဖြစ်ပါသည်။ အစိုးရနှင့်
ဆက်နွယ်မှုရှိသည်ဟု ၄င်းတို့ယူဆသော ပုဂ္ဂိုလ်၊ကုမ္ပဏီများ စာရင်းထပ်တိုးခြင်းဖြစ်ပါသည်။

(ဃ) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် အမှတ်(၁၃၄၆၄) ၂.၅.၂၀၀၈။


မြန်မာနိုင်ငံနှင့်သက်ဆိုင်သော
ပစ္စည်းများ ပိုင်ဆိုင်ခွင့်များကိုပိတ်ဆို့ခြင်းနှင့်
မြန်မာနိုင်ငံသို့ အရောင်းအဝယ်ကိစ္စများကိုတားမြစ်ြ
ခင်းဖြစ်ပြီး အမေရိကန်
ပြည်ထောင်စုသမ္မတ ဂျော့ခ်ျဒဗလျူဘွတ်ရှ်မှ ၂.၅.၂၀၀၈ ရက်တွင်
လက်မှတ်ရေးထိုးခဲ့ပါသည်။ မြန်မာ့ကျောက် မျက်ရတနာလုပ်ငန်း၊ မြန်မာ့
ပုလဲလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းတို့ ကို ပိတ်ဆို့တားမြစ်မှု၌ ထည့်သွင်း
လိုက်ခြင်းဖြစ်ပါသည်။ဤအမိန့်သည် Tom Lantos Block Burmese Jade Act of 2008 ဥပဒေ၏ ရှေ့ပြေးအမိန့်ဖြစ်ပါသည်။

၂။ ပြည်သူလူထုဆိုင်ရာ ဥပဒေအမှတ် ၁၁၀-၂၆၈၊

၁၁၀ကြိမ်မြောက် ကွန်ဂရက်၏ TOM Lantos Block Burmese JADE (Junta’s Anti-Democratic Efforts) Act of 2008 ။

“တွမ်လန်တော့စ်ကျောက်စိမ်းဥပဒေ” ဟုလူသိများပြီးအမေရိကန်

ပြည်ထောင်စု ကွန်ဂရက်မှ ၂၉.၇.၂၀၀၈ တွင်ပြဌာန်းခဲ့ပါသည်။ဤ ဥပဒေ
၌ မြန်မာ့ကျောက်မျက်ရတနာများ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမှု
ကို ပိတ်ဆို့ခြင်း မြန်မာအစိုးရအရာရှိများကို ဗီဇာနှင့်ဘဏ္ဍာရေးပိတ်ဆို့မှု
များဖြစ်ပါသည်။

၃။ အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသော အရေးယူမှုဆိုင်ရာ ဥပဒေများ ။ မြန်မာနိုင်ငံအား ဖိအားပေးအရေးယူမှု

( Saction ) အတွက် ဖက်ဒရယ်ဥပဒေ (၅) ခုပြဌာန်းထားပါသည်-

(က) Section 138 of the Customs and Trade Act of 1990

မြန်မာနိုင်ငံအပေါ်စီးပွားရေးပိ
တ်ဆို့မှု ပြုလုပ်နိုင်ရန် သမ္မတသို့ အာဏာ လွှဲအပ်ခြင်းဖြစ်ပါသည်။
(ခ) Section 307 of the Foreign Assistance Act of 1961 ကို ပြင်ဆင်
ခြင်းဖြစ်ပါသည်။၁၉၉၄-၅ဘဏ္ဍာရေးနှ
စ်မှစပြီး နိုင်ငံတကာမှမြန်မာနိုင်ငံ
အပေါ်အကူအညီပေးမှု အစီအစဉ်များ ဆုပ်ကိုင်ထားခြင်း (Withhold)
ဖြစ်ပါသည်။
(ဂ) Section 570 of the Foreign operation, Export Financing, and Related Programme Appropriations Act 1997။ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အခြေခံ၍ မြန်မာနိုင်ငံအပေါ် သမ္မတမှ ရွေးချယ်အတည်ပြု၍ စီးပွားရေးဖိအားပေး အရေးယူရန် လုပ်ပိုင်ခွင့်ပေးခြင်း ဖြစ်ပါသည်။
(ဃ) The Burmese Freedom and Democracy Act of 2003။
မြန်မာနိုင်ငံမှ သွင်းကုန်ပစ္စည်းများ ကန့်သတ်မိန့်ချမှတ်ရန် လိုအပ်ကြောင်း ၊ မြန်မာအစိုးရအဖွဲ့ဝင်များ၊ အရာရှိများ၊ အဖွဲ့စည်းများ၏ ပိုင်ဆိုင်ခွင့်များကို သုံးစွဲမှု ပိတ်ဆို့ခြင်း (Freezing) ပြုလုပ်ရန်လိုအပ်ကြောင်း၊ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ချေးငွေရရှိရေး၊ အမေရိကန်ပြည်ထောင်စုမှ
ထောက်ကူပေးမှုကိုတားမြစ်ပိတ်ဆို့
ရန်လိုအပ်ကြောင်း မြန်မာအစိုးရ
အဖွဲ့ဝင်များ အရာရှိများကို ဗီဇာထုတ်မပေးရန် စသည့်ကန့်သတ်ချက်များ
ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပါသည်။
(င) ကျောက်စိမ်းဥပဒေ (JADE Act 2008 )။ စာပိုဒ် (၂) ၌ ဖော်ပြခဲ့ပြီးးဖြစ်ပါသည်။

၎။ အမေရိကန်ပြည်ထောင်စုမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ကန့်သတ်မှုများကို ခွဲခြားဆန်းစစ်ကြည့်ပါက (၇)မျိုးရှိကြောင်းတွေ့ရပါသည်။


(က) ဗီဇာတားမြစ်မိန့် (Visa Bans)

(ခ) ဘဏ္ဍာရေး ၀န်ဆောင်မှုအပေါ် ကန့်သတ်မှု
(Restriction or Financial Services )
(ဂ) ပိုင်ဆိုင်ခွင့်များသုံးစွဲမှုပိ
တ်ဆို့ခြင်း (Frozen Aassets)
(ဃ) အထွေထွပို့ကုန်ကန့်သတ်မှု (General Import Restriction )
(င) သီးသန့်ပို့ကုန်များတားမြစ်မှု (Specific Import Restriction )
(စ) ရင်းနှီးမြှပ်နှံမှုတားမြစ်မိန့် (Investment Ban)
(ဆ) နှစ်နိုင်ငံချင်းနှင့် နိုင်ငံတကာ ထောက်ကူမှုများတားမြစ်မိန့်
( Bilateral and Multilateral Assistance Ban )

၅။ မြန်မာနိုင်ငံအတွက် လတ်တလော ဦးစားပေးလိုအပ်ချက်မှာ

“ဘဏ္ဍာရေး ၀န်ဆောင်မှုအပေါ် ကန့်သတ်မှု (Restriction or Financial Service ) ဖြစ်ပါသည်။ ၎င်းကိစ္စလျှော့ပေါ့မှသာ “အမေရိကန် ဒေါ်လာ ”
ကို ဘဏ္ဍာရေး ၀န်ဆောင်မှုပြုလုပ်နိုင်မည်ဖြစ်
ပါသည်။ ဥပဒေများနှင့် သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များ၌

“ဘဏ္ဍာရေးဝန်ကြီးဌာနTreasuryသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏

အကြံပေးမှုဖြင့် ဆောင်ရွက်ရမည်” ဟုပါရှိပါသည်။

No comments: