Sunday, July 15, 2012

ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစ္စရေး ပါလက်စတိုင်းအရေးကအတုယူစရာ

ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစ္စရေး...
Aung Min 4:54pm Jun 12
ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစ္စရေး ပါလက်စတိုင်းအရေးကအတုယူစရာ တချို့ကို တင်ပြချင်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးစမှာ အင်္ဂလိပ်စစ်တပ်တွေဟာ အာရှ အရှေ့အလယ်ပိုင်းက ဆုတ်ခွာဖို့ ပြင်ဆင်ပါတယ်။ အဓိကအားဖြင့် သူတို့တပ်ဆွဲထားတဲ့ မြို့တွေဖြစ်တဲ့လက်ရှိ အစ္စရေးနိုင်ငံတည်ရှိရာ ဂျေရုဆလင်၊ ဂျက်ဖါ ၊ ဟိုင်ဖါ စတဲ့မြို့တွေရဲ့ အုပ်ချုပ်ရေးတွေကို သက်ဆိုင်ရာနေရာမှာရှိတဲ့ သူတို့ခန့်ထားခဲ့တဲ့ ဒေသဆိုင်ရာလူမျိုးစုတွေ ပါဝင်တဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေထံကို အာဏာလွဲခဲ့ပါတယ်။အဲ့ဒီဒေသမှာ အဓိကအားဖြင့်နေထိုင်ကြတာကတော့ ပါလက်စတိုင်း လူမျိုးတွေနဲ့ အစ္စရေး(ဂျူး)လူမျိုးတွေဘဲဖြစ်ပါတယ်။ သူတို့လူမျိုးစုနှစ်ခုလုံးအတွက် ဂျေရုဆလင်မြို့ဟာ ဘာသာရေးအရရော သမိုင်းအစဉ်အလာအရပါ အလွန်အရေးကြီးတဲ့ မြို့ဖြစ်ပါတယ်။ ဒီလို အင်္ဂလိပ်ရဲ့ စစ်အုပ်ချုပ်ရေးတွေ ရုပ်သိမ်းသွားလိမ့်မယ်ဆိုတာကို ကြိုသိတဲ့ အစ္စရေးတွေက ပြည်ပနိုင်ငံအနှံအပြားမှာရှိတဲ့ အစ္စရေး(ဂျူး)လူမျိုးတွေကို အင်္ဂလိပ်တွေ မထွက်ခွာခင်ကတည်းက အရှေ့အလယ်ပိုင်းဒေသကို နည်းအမျိုးမျိုးနဲ့ သွင်းခဲ့ပါတယ်၊ လက်နက် လူသူရိက္ခာစုပါတယ်၊ လူငယ်တွေကိုလက်နက်အမျိုးမျိုးကိုင်တွယ် အသုံးပြုပုံးတွေလျှို့ဝှက်သင်ကြားပေးပါတယ်။ ဒါပေမဲ့ ပါလက်စတိုင်းတွေအတွက်ကတော့ အစ္စရေး(ဂျူး)တွေလို အရာရာကို ကြိုတင်ပြင်ဆင်ထားတာမရှိသလို ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေအရပ်ရပ်ကိုလဲ ကြိုတင်တွေးဆထားတာမရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ပါလက်စတိုင်းတွေဟာ အင်္ဂလိပ်တွေရဲ့ အရေးပေးဆက်ဆံတာကို ခံရသလို အဲ့ဒီဒေသရဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကလဲ သူတို့နဲ့ ကိုယ်းကွယ်ရာဘာသာတရား လူနေမှု့ပုံစံတူညီတဲ့ နိုင်ငံတွေဖြစ်တာကြောင့် အကယ်၍အင်္ဂလိပ်တွေ ထွက်သွားပြီးလို့ အစ္စရေး(ဂျူး)တွေနဲ့ နယ်မြေလုပွဲတွေဖြစ်ခဲ့ရင်တောင် ပတ်ဝန်းကျင်နိုင်ငံတွေက သူတို့ကို လက်ပိုက်ကြည့်နေမှာမဟုတ်ဘူး စစ်တပ်တွေလွတ်ပြီး ကူညီကြမှာဖြစ်တယ်ဆိုတဲ့ အတွေးတွေနဲ့ လက်ရှိအခြေအနေကို လက်ပိုက်ကြည့်နေကြပါတယ်။ ဒါပေမဲ့ အစ္စရေးတွေကတော့ ပါလက်စတိုင်းတွေ တွေးတောချက်နဲ့ ပြောင်းပြန်ပါ။ သူတို့တွေးတာက သူတို့မှာဒီနေရာကလွဲပြီး ပြေးစရာမြေမရှိဘူး လက်ရှိနေရာဒေသသည်သာ သူတို့အတွက် အလုံခြုံဆုံးနေရာဖြစ်တယ် ဒါကြောင့် လက်ရှိသူတို့တရားဝင်ရရှိထားတဲ့ နေရာကို အသက်ခြင်းထပ်ပြီးကာကွယ်ရမယ် ဆိုတဲ့အသိရှိနေသလို သူတို့နဲ့ ယှဉ်တွဲနေထိုင်နေတဲ့ ပါလက်စတိုင်းတွေကိုလဲ ဘယ်တာ့မှ ရှော့မတွက်ပါဘူး။ ဒါကြောင့် အင်္ဂလိပ်တွေ ပါလက်စတိုင်းဒေသက မထွက်ခွာခင်ကတည်းက အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး အသေအချာအစီအမံတွေလုပ်ဆောင်ခဲ့ပါတယ်။ အင်္ဂလိပ်တွေ ထွက်သွားပြီးတဲ့ညမှာဘဲ အစ္စရေး(ဂျူး)တွေ တွေးထင်ထားသလို ပါလက်စတိုင်းတွေဟာ အစ္စရေး(ဂျူး)တွေနဲ့ ပူးတွဲအုပ်ချုပ်ခွင့်ရထားတဲ့ ဂျက်ဖါ၊ ဟိုင်ဖါနဲ့ ဂျေရုဆလင်မြို့တွေက အစ္စရေး(ဂျူး)တွေကို မောင်းထုတ်ပြီး အဆိုပါမြို့တွေကိုသိမ်းပိုက်ဖို့စတင်ကြိုးပမ်းပါတယ်။ ဒီလိုအခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ ကြိုတင်တွက်ဆပြင်စဉ်ထားတဲ့ အစ္စရေး(ဂျူး)တွေက ပါလက်စတိုင်းတွေရဲ့ ထိုးစစ်တွေကို အလွယ်တကူဘဲ လက်တုန့်ပြန်နိုင်ပြီး ပါလက်စတိုင်းတွေကို အလွယ်တကူပြန်လည် တိုက်ထုတ်နိုင်ခဲ့ပါတယ်(အသေးစိပ်ကို မောင်ပေါ်ထွန်း ဘာသာပြန်တဲ့ နိုင်ငံတော်တခု မွေးဖွားခြင်းဆိုတဲ့ စာအုပ်မှာ ဖတ်ရှု့နိုင်ပါတယ်)။ ပါလက်စတိုင်းပြည်သူအများစုကတော့ စစ်ဖြစ်လျှင်ဖြစ်ခြင်းမှာဘဲ စစ်ကိုခုခံတိုက်ခိုက်ဖို့ထက် သူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေကို ဒုက္ခသည်အဖြစ်ထွက်ပြေးခိုလှုံ့ဖို့ကို အဓိကကျိုးစားကြပါတယ်။ ဘာကြောင့်လဲဆိုရင် အဓိကအချက်ကတော့ သူတို့မှာပြေးစရာမြေရှိနေတာကြောင့်ရယ် အာရပ်တပ်တွေက သူတို့ကို ကူညီပြီး အစ္စရေး(ဂျူး)တွေကို အပြတ်ချေမှုန်းလိမ်မယ်ဆိုတဲ့ သူတပါးကိုအားကိုးချင်တဲ့စိတ်တွေက ကြီးစိုးနေလို့ဖြစ်ပါတယ်။ အစ္စရေးတွေကတော့ ပြေစရာမြေမရှိတဲ့အပြင် သူတို့ရဲ့ အစ္စရေးနိုင်ငံတည်ထောင်ရေးဆိုတဲ့ ရည်မှန်းချက် ကြီးမားတာကြောင့် သူတို့ရဲ့ နယ်မြေတလက်မခြင်းစီကို အသက်နဲ့လဲပြီး ကာကွယ်ခဲ့ကြပါတယ်။ဒါကြောင့် လူအများ လက်ရှိမြင်တွေ့နေရတဲ့ အစ္စရေးနိုင်ငံဆိုတာကြီးဟာ ပါလက်စတိုင်းတွေ နဲ့ အာရပ်တွေ ဝိုင်းဝန်းတိုက်ခိုက်ကန့်ကွက်နေတဲ့ကြားက ကမ္ဘာအလယ်မှာ သိက္ခာရှိရှိရပ်တည်နိုင်နေတာဘဲ ဖြစ်ပါတယ်။
ကျွန်တော် နိဂုံးချုပ်ပြောချင်တာကတော့ ရခိုင်အမျိုးသားများအနေနဲ့ နောက်နောင်မှာ အရာရာကို အမှု့မဲ့အမှတ်မဲ့ မနေကြဘဲ မိမိတို့ဆီမှာ အနီးကပ်ရန်သူရှိတယ်ဆိုတာကို အမြဲသတိရှိနေကြဖို့နဲ့ ရန်သူရဲ့ မဟာရည်မှန်ချက်ဟာ ဘာဖြစ်တယ်။ အဲ့ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဖို့ ဘယ်လိုကြံစဉ်နေကြတယ်ဆိုတာကို အမြဲနားစွန့်နေကြပြီး ဘယ်လိုအခြေအနေမျိုးမှာမဆို မိမိကိုယ်မိမိကာကွယ်နိုင်ဖို့ အမြဲအသင့်ပြင်ဆင်ထားကြဖို့ အကြံပေးပါရစေ။

No comments: