Sunday, July 15, 2012

ကြိုတင်ကြံစည် ခြုံခိုတိုက်ခိုက်လိုက်တဲ့ လွှတ်တော်ထဲက အဖြစ်အပျက်

ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု
 
 

 
တနင်္ဂနွေနေ့၊ ဂျူလိုင်လ ၁၅၊ ၂၀၁၂------------------------------------
မြန်မာ တစ်နိုင်ငံလုံးရဲ့ စီးပွားရေး ချွတ်ခြုံကျမှုဟာ ဆန်ရှင်ကြောင့်လို့ ဘယ်လိုများလေ့လာ သုံးသပ်လိုက်ပါလိမ့် ကျားဖြူ အမတ်ကြီး ဒေါ်နန်းဝါနု?

သောကြာနေ့ လွှတ်တော်မှာ ကျားဖြူပါတီက ဒေါ်နန်းဝါနုက လွတ်တော် အစီအစဉ်ထဲ ဆွေးနွေးဘို့ ပါဝင်ထားခြင်းမရှိပဲ ရုတ်တရက် အရေးကြီး တင်ပြစရာရှိလို့ပါ ဆိုပြီးပါလာတဲ့ စာရွက်ကိုထုတ်ပြီး စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းရေးအကြောင်းကို ဆွေးနွေးသွားတာပါ။ လွှတ်တော်ဥက္ကဋ္ဌကြီးကလည်း ဒါ အရေးကြီးတယ်ဆိုပြီး ခွင့်ပြုပေးခဲ့ပါတယ်။

ယုဇန ဦးဌေးမြင့်ကလည်း အသင့်ပါလာတဲ့ စာရွက်တွေထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ ရခိုင်ဘက်က လွှတ်တော် အ မတ်ကလည်း ပါလာတဲ့ စာရွက်ထုတ်ပြီး ထောက်ခံဆွေးနွေးပါတယ်။ NLD အမတ် ဦးဝင်းထိန်က ထ ဆွေးနွေးမယ်လုပ်ပြီး မိုက်ကရိုဖုန်း ခလုပ်နိုပ်တာ မီးလင်း မလာခဲ့ပါဘူး။ နောက်က ခုံတွေမှာ သွားလင်းနေတယ် ပြောပါတယ်။ တော်တော်ကြာမှ ဖွင့်ပေးလိုက်၊ ဖွင့်ပေးလိုက်ဆိုပြီး စပီကာက အသံတွေကြားနေရကြောင်း ဦးဝင်းထိန်နဲ့ VOA ဆွေးနွေးခန်းမှာ ဦးဝင်းထိန်က ပြောပါတယ်။

မိုက်ကရိုဖုန်းတွေက အော်တိုမဟုတ်ပဲ စက်ခန်းက လိုသလို ထိန်းချုပ်နေပုံရပါတယ်လို့လည်း ဦးဝင်းထိန်ကပြောပါတယ်။ ဦးဝင်းထိန် ၀င်ရောက်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ NLD ကနှစ်ယောက် ထ ဆွေးနွေးပြီးနောက် အချိန်မရှိတော့ပါဘူး။ အတင်း ကြီး အသံနဲ့ မဲခွဲအတည်ပြုလိုက်ပါတယ်။

ရုတ်တရက်ကြီး အခုလိုဆွေးနွေးလိုက်လို့ NLD က လက်တန်းတွေ ထပြောရတော့တာပါ။ စစ်စကားနဲ့ပြောရရင်တော့ ခြုံခို တိုက်လိုက်တာပေါ့လေ။
DD85 (MMCP)

ဒီအဆိုဟာ နဂိုမူလက အစည်းအဝေးအစီအစဉ်မှာ မပါဘဲ ကြားဖြတ် တင်သွင်းတဲ့အဆိုဖြစ်ပြီး လွှတ်တော်ဥက္ကဋ္ဌ သူရ ဦး ရွှေမန်းကနေ ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်သုံးပြီး အဲဒီအဆိုကို အတည်ပြုလိုက်တာလို့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တက် ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါ တယ်။

“နားထောင်နေရင်းနဲ့ ပုံစံက မကျဘူး။ ပြောမယ်ဆိုတော့လည်း ပြောလို့မရဘူး။ ကျနော်ပြောချင်တာက မြန်မာနိုင်ငံမှာ စီး ပွားရေးပိတ်ဆို့တဲ့ အဓိက အကြောင်းအရင်းက လူ့အခွင့်အရေးတွေ ချိုးဖောက်လို့ စီးပွားရေးပိတ်ဆို့တာ။ အဲဒီအကြောင်းကို မသိဘဲနဲ့။ အဲဒီအကြောင်းတွေကို ကောင်းကောင်းသိချင်ရင် ကောင်းကောင်း လေ့လာဖို့ လိုတယ်။ မြန်မာနိုင်ငံက လူ့အခွင့် အရေး ဘယ်လောက် ချိုးဖောက်တာတွေကြောင့် စီးပွားရေးပိတ်ဆို့တာ။

“အခု ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အစိုးရက မီဒီယာတွေကိုလည်း အထိုက်အလျောက် လွတ်လပ်ခွင့်ပေးတယ်။ ကျနော်တို့ ကိုလည်း ရွေးကောက်ပွဲဝင်လို့ရအောင်အထိ ညှိပေးတယ်။ စီးပွားရေးပိုင်းမှာလည်း မော်တော်ကားကိစ္စတွေ အထိုက်အ လျောက် လုပ်ပေးတယ်။ နိုင်ငံတကာကလည်း သူတို့ရဲ့ စီးပွားရေး ပိတ်ဆို့တာတွေကို လျော့ပေးတယ်။ ဦးသိန်းစိန် အစိုးရ ဘက်က အထိုက်အလျောက် လျော့ပေးလို့ စီးပွားရေးပိတ်ဆို့တာတွေလည်း လျော့ပေါ့လာတာ။ ပိုပြီးတော့ လျော့ပေါ့ ပေး ချင်ရင် ပိုပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို လုပ်ရမယ်။ ဒါကြောင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို တောင်းဆို မယ့်အစား ဒီနိုင်ငံမှာ ဦးသိန်းစိန်အစိုးရကနေ လူ့အခွင့်အရေးကို ပိုပြီး ပွင့်ပွင့်လင်းလင်း လုပ်ပေးပါဆိုတဲ့ အဆိုကို တင်ချင် တာ မတင်လိုက်ရဘူး။ အဲဒါပါပဲ။”
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန် ..(DVB)

ကိုသောင်း ပုလဲမြေ

No comments: