Saturday, October 6, 2012

အမေစု ဘာလဲ .. ဘယ်လဲ ?


အခုတလော .... facebook ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်ရေးသားထားတဲ့ စာတစ်ချို့ ဖတ် လိုက်ရပါတယ်... အဓိက ကတော့ ... ကချင်စစ်ပွဲ ... ရခိုင်ပြည်နယ် ဆူပူမှု နဲ့ ..... ကြေးနီတောင် ဆန္ဒပြပွဲများ မှာ ၀င်မပါလို့ ဆိုတဲ့ အမြင်နဲ့ ရေးသားကြပါတယ်..... တစ်ချို့ ကလည်း ၈၈ က ကိုမင်းကိုနိုင် ကို ဇန်းတင်သလိုလို နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုကြပါတယ်.ပြောနိုင်ပါတယ်....
လူတိုင်းမှာ အမြင်တွေ ကွဲလွဲ ခွင့် ရှိနေမှာပါပဲ ...... ဒီတော့ ကျွန်တော့ အမြင်ကိုလည်း တင်ပြလိုက်ပါတယ်....

အဲဒိလို ... ယခု မျက်မှောက်မြန်မာ့ အရေးမှာ အထင် ကရဖြစ်တဲ့ ကချင်စစ်ပွဲတွေ.... ရခိုင်ပြည်နယ်က ဘင်္ဂလီ အရေးတွေနဲ့ ... ကြေးနီတောင် ဆန္ဒပြမှုများ မှာ ဒေါ်အောင် ဆန်းစုကြည် မပါဝင်ပေးခဲ့ဘူး ... ပြည်သူဘက်က မရပ် တည် ဘူးလို့ ပြောနေတာ ဟာ ... ဒေါ်စု ပြောနေတဲ့ Rule of Law ကို နားမလည်လို့ ပါပဲ ..... တရားဥပဒေ စိုးမိုးရေး ဆိုတဲ့ စကားရဲ့ ကျယ်ဝန်းမှုကို မသိလို့ သာ ပြောနေခြင်းဖြစ် ပါတယ်......


တရားဥပဒေ စိုးမိုးရေးဆိုတဲ့ စကားလုံးကို ... မြန်မာ ပြည်မှာ ကြားနေရတာ ကြာပါပြီ... ကျွန်တော့ တစ်သက်ပါပဲ .... ဒါပေမယ့် တကယ်တန်းဘာကို မှ အကောင်အထည် မဖော်နိုင် ခဲ့တော
့ ..... လူတွေ စိတ်ဝင်စားမှုနည်းတာလည်း ဖြစ်နိုင် ပါတယ်.... အရင် အာဏာရှင် အစိုးရ နှစ်ဆက်လုံး မှာလည်း ပြောခဲ့ဖူးတာပါပဲ .... သူတို့ ချမှတ်ခဲ့ တဲ့ နိုင်ငံရေး ဦးတည်ချက်လေးရပ်မှာတောင်. ..တစ်ချက်အဖြစ်ထည့်ထားပါသေးတယ်... ဒါပေမယ့် ဘာမှ ဖြစ်မလာတော့ ... လူတွေလည်း စိတ်မ၀င်စားဘူးပေါ့လေ.....
တရားဥပဒေ စိုးမိုးရေး ဆိုတာ ဒီမိုကရေစီနိုင်ငံတစ်ခုရဲ ပထမဆုံး လှမ်းရမယ့် ခြေလှမ်းပါပဲ ...... ဒီမိုကရေစီဆိုတာ .. ပြည်သူ အုပ်ချုပ်တဲ့ စနစ်ပါ... ပြည်သူ ကရေးဆွဲ .. ထောက်ခံထားတဲံ ဥပဒေ တစ်ရပ် စိုးမိုးနိုင်မှသာ ... ဒီမိုကရေစီနိုင်ငံဖြစ်ပါမယ်....တရားဥပဒေမှာ အကုန်ပါဝင်ပါတယ်..... နိုင်ငံရေး စီးပွားရေး ... လူမှုရေး .. ပတ်သက်သမျှ အားလုံး အတွက် ပြဌာန်းထားတဲ့ ဥပဒေ တိုင်းဟာ တရားဥပဒေမှာ အကျုံးဝင်ပါတယ်.... ဒါတွေကို နိုင်ငံ တစ်ခု မှာ တိကျသေချာစွာ လိုက်နာဆောင်ရွက်နိုင်မှ...... ကျွန်တော်တို့ လှမ်းချင်တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုဆီကို သွားနိုင်ပါလိမ့်မယ်... ဥပဒေ မရှိ ... ဥပဒေ မစိုးမိုး ... နိုင်တဲ့ နိုင်ငံဟာ ပရမ်းပတာ ဖြစ်တတ်ပါတယ်...

ဒီတော့ ဥပဒေ ဆိုတာ ကိုလည်းရှင်းပါမယ်... ဥပဒေဆိုတာ ... အထက်အစိုးရ... သို့ မဟုတ် အာဏာရလူနည်းစု တစ်ခု ရဲ့ ထုတ်ပြန် မိန့်မဟုတ်ပါဘူး ... ကျွန်တော်တို့ ပြည်သူများ ကနေ ရေးဆွဲတင်ပြထားပြီး ပြည်သူတွေ က ထောက်ခံ ထားတဲ့ ဥပဒေကို ဆိုလိုပါတယ်.....


အခုလက်ရှိမြန်မာ နိုင်ငံမှာပြဌားန်ထားတဲ့ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကို ပဲ ကြည့်ရင်.. ပြည်သူထောက်ခံထားတာ မဟုတ်ပါဘူး ..... လူနည်းစု တစ်ခုကနေရေးဆွဲအတည်ပြုထားတဲ
ံ ဥပဒေသာဖြစ်ပါတယ်.... သူတို့ ဘာကြောင့် အတည်ပြု နိုင်ခဲ့တာလဲ .... ဒါဟာ တရားဥပဒေ မစိုးမိုးလို့ ပါပဲ .... ဒီမိုကရေစီနိုင်ငံတစ်ခုဆိုရင်..... ပြည်သူ့ ထောက်ခံမှုနဲ့ .. ပြည်သူ့ ဆန္ဒ နဲ့ သာ ... ဥပဒေ တစ်ခုကို အတည်ပြုနိုင်ရမယ်..... ဥပဒေ အထက်မှာ ရှိနေတဲံ ပုဂ္ဂိုလ်များကြောင့်သာ .... ဒီ ဖွဲ့စည်းပုံကို ကျွန်တော်တို့ လက်ခံခဲ့ရတယ်.....

ဒီလောက်ဆို .. တရားဥပဒေ စိုးမိုးရေး ဆိုတဲ သဘောကို လိပ်ပတ်လည်လောက်ပြီထင်ပါတယ်
.... အတိုချုံးဆိုရင်တော့ ... ပြည်သူတွေ အုပ်ချုပ်တဲံ စနစ်တစ်ခုမှာ ... ပြည်သူအများရေးဆွဲတဲ့ ဥပဒေ ဟာ တည်တံ့ရမယ် စိုးမိုးရမယ်..... ဒါမှ တိုင်းပြည် အနာဂတ်ဟာ ပြည်သူ လက်တွင်းမှာရှိပါလိမ့်မယ်....

ပထမတစ်ချက် ကချင်စစ်ပွဲနဲ့ တရားဥပဒေ ပတ်သက်ပုံကိုပြောပါမယ်...


ကချင်စစ်ပွဲမှာ .... အချက်နှစ်ချက်ကြောင့် သာ မငြိမ်းချမ်းသေးတာဖြစ်တယ်..
. နံပါတ် တစ်... သမ္မတ ကြီး ရဲ့ အပြစ်အခတ် ရပ်ဆဲ ပါပြီ ဆိုတဲ့ စကားဟာ .... ကာချုပ်ရဲ့ ကျည်ဆန်လောက် အရာမရောက်ခြင်းနဲ့ ...... နံပါတ်နှစ်.... တိုင်းရင်းသားများ ဘက်မှ အစိုးရအပေါ် အယုံ အကြည် မဲ့ လာခြင်းတို့ ကြောင့် သာ ဒီစစ်ပွဲ မရပ်သေးတာ ပါ....

ဒီတော့ သမ္မတကြီး ဆိုတာ နိုင်ငံခေါင်းဆောင်ပါ..... ဖွဲ့စည်းပုံ အခန်းသုံးမှာ ပါဝင်သလို ... နိုင်ငံတော်သမ္မတသည် နိုင်ငံသားအားလုံး ၏ အထွဋ် အထိတ် ဖြစ်စေရမည် ဆိုတာ ကို .... နံပါတ် တစ် အချက်က ရိုက်ချိုးလိုက်တာပါပဲ ..... ကာချုပ်က သမ္မတစကားကို အရာမရောက်သလို လုပ်သွားပါတယ်...... ဒါဟာ တရား ဥပဒေ မစိုးမိုးလို့ ပါပဲ ...... ဖွဲ့ စည်းပုံဥပဒေ အတိုင်းသာဖြစ်ရင်.. သမ္မတ ရဲ့ စကားသာ အတည်ဖြစ်ရပါမယ်....... ဒါပေမယ့်ဖြစ်မလာခဲ့ပါဘူး ... ဥပဒေ ထက် ကျည်ဆန်က အစွမ်းပိုထက်သွားပါတယ်.....
.

အဲဒါရဲ့ အကျိုးဆက်ကတော့ ဒုတိယအချက်ပါပဲ ..... ဥပဒေ မှ မစိုးမိုးနိုင်တဲ့ နောက်တော့ .. တိုင်းရင်းသားများ က ဒီအစိုးရစကားကို ယုံပါတော့မလား .. KIA ဘက်က ရော ... ယုံကြည်မှုရှိပါတော့မလား .... မရှိနိုင်တော့ ပါဘူး ..... ဒီအစိုးရကို လည်း မယုံ ဒီဥပဒေကိုလည်း မယုံကြည်မှတော့ ..... ဘယ်လိုလာပြီး ငြိမ်းချမ်းရေး... ညှိနှိုင်းရေးဆိုတာ ရှိလာနိုင်ပါတော့မလဲ ...... ဒီတော့ ကချင်အရေး ရဲ့ အဓိက အချက်ဟာ တရားဥပဒေ မစိုးမိုးလို့ ဖြစ်နေရတယ် ဆိုတာ ငြင်းစရာကို မရှိပါဘူး ........


ဒီတော့ ... ရခိုင်အရေးကို ဆက်သွားပါ့မယ်.....


ရခိုင်အရေးမှာတော့ အချက်သုံးချက်ပါဝင်နေပါတယ်.
.... တစ်အချက်.... မသီတာထွေးလူသတ်မှုဖြစ်ဖြစ်ခြင်းသာ .. ဒီအမှုကို တရားဥပဒေအတိုင်း ဆောင်ရွက်လိုက်နိုင်မယ်ဆို .... တောင်ကုတ် ကိစ္စဟာ ဆက်ဖြစ်လာစရာမရှိပါဘူး ... တောင်ကုတ်ကိစ္စမဖြစ်တော့ ရင်.... ဒီဘင်္ဂလီတွေ အစဆွဲထုတ်စရာ အတော်ရှာရခက်သွားပါလိမ့်မယ်...ဒါပမေယ့် ကျူးကျော်ချင်သူက တော့ အစကို မရ အရ ဆွဲထုတ်မှာပါပဲ ....... ဒီတော့ ကျူးကျော်ချင်သူဆိုသူတွေ.... တိုင်းရင်းသား လိုချင်သူတွေကို တစ်ချက်ကြည့်ရအောင်..... ဒါက ဒုတစ်ရ အချက်ပေါ့...

ဖြစ်သွားတဲ့ ဆူပူမှုမှာ ပါဝင်သူအများစု ဟာ ... နိုင်ငံသားမှတ်ပုံတင်ကိုင်ထ
ားကြသူတွေပါ...... ဒါအပြင်အခု ရန်ကုန်တိုင်းဒေသကြီးထဲမှာ တွေ့တဲ့ ဘင်္ဂလီများဟာလည်း မြန်မာစကားသာမတတ်တယ်.... မှတ်ပုံတင်တော့ ကိုင်ထားကြတာပါပဲ .... ဒီတော့ ဒီမှတ်ပုံတင်တွေဘယ်က ရသလဲ ..... ရှင်းပါတယ်... လူဝန်မှုကြီးကြပ်ရေး ကနေ ထွက်လာတာပေါ့ ..... ၂၀၁၀ မှာတုန်းက ပါတီအနိုင်ရရေး အတွက်မှတ်ပုံတင်ပေါင်းများစွာ ထုတ်ပေးခဲ့တယ်လို့ လည်း ပြောသူက ပြောပါတယ်....ဒါဟာလည်းဖြစ်နိုင်တာပါပဲ .... ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်... မောင်းတောမြို့ က ဦးရွှေမောင်ဟာ .. အကောင်းဆုံး သက်သေပါပဲ ..... ဘယ်လိုပဲဖြစ်ဖြစ် .. အခု လောလော ဆယ်... ဒီ ဆူပူသူတွေ လက်ထဲ မှာ နိုင်ငံသားမှတ်ပုံတင်ရှိနေရင် .... သူတို့ မှာ အခြေခံနိုင်ငံသားအခွင်အရေး အရ ဘာမှ သွားလုပ်လို့ မရပါဘူး ..... ဒီတော့ မှတ်ပုံ တင်တွေ များစွာ ထွက်လာတာဟာ .... တရားဥပဒေ မစိုးမိုးလို့ ... နိုင်ငံတော် အဆင့် စီမံခန့်ခွဲမှုညံ့ဖျင်းလို့ ..... ဆိုတာ ငြင်းစရာမရှိပါဘူး .... ကျူးကျော်သူတွေ အတွက် အကြီးဆုံး တံခါးကို ဖွင့်ပေးခဲ့တာ ... သူတို့ ပဲကိုး .......

တတိယ အချက်ကတော့ .... အခု အခြေအနေ ငြိမ်းအေးသွားပြီလို့ မဆိုနိုင်ပေမယ့် ..... ဆူပူမှုတွေ နည်းပါးသွားတဲ့ ကာလမှာ .... စစ်ဆေးရေးကို .... ဆောင်ရွက်သင့်နေပေမယ့် .... ဘယ်သူမှ တုတ်တုတ် မလှုပ်ကြပါဘူး ....ခိုးဝင်လာသူတစ်ယောက်မှ
မရှိလို့ မဖမ်းပါဘူး ဆိုတော့ .. ခိုးမ၀င်ပဲ နိုင်ငံသားကတ်ပြားကိုင်ပြီး ဆူပူနေတဲ့ .. လူတွေ ကျတော့ မဖမ်းတော့ ဘူးလားလို့ မေးစရာရှိလာပါတယ်...... တရားဥပဒေ အတိုင်း အရေးယူသင့်တဲ့ ဟာကို အရေးကို ယူရမှာပါ...... ဖမ်းထားပါတယ် ဆိုတဲ့ လူဦးရေဟာ .. ဆူပူအကြမ်းဖက်မှု မှာ ပါဝင်ခဲ့တဲ့ ဦးရေနဲ့ ယှဉ်လိုက်ရင်... ဆင့်ပါးစပ် နှမ်းပက်သလောက်သာ ရှိသေးတာမို့ .... ဘာမှ အသုံးမကျတဲ့ စုံစမ်းစစ်ဆေးရေး ဟာ .. ရခိုင်ပြည်နယ်က ပြည်သူများ အတွက် ဘာအကာအကွယ်မှ မပေးနိုင်ခဲ့ပါဘူး ..... ဒါဟာ တရားဥပဒေ အတိုင်း မလိုက်နာ မဆောင်ရွက်လို့ ... မစိုးမိုးလို့ ဆိုတာ ငြင်းချင်လို့ ကို မရပါဘူး ....

ဒီတော့ ရခိုင် အရေးဟာ အစကနေ .. အလယ်.. အခု ဆုံးခါနီးတိုင်အောင်ကို ဘာ တရားဥပဒေ စိုးမိုးမှု မှ မရှိလို့ အဓိက ဖြစ်ခဲ့တယ်ဆိုတာ သိသာနိုင်ပါတယ်......


ကြေးနီတောင် အရေးကို ပြောပါမယ်....


ကြေးနီတောင် ဟာ ဦးပိုင်ရယ်. .အစိုးရ ရယ်.... တရုတ်ဝမ်ဘောင်COMPANY ရယ်ပေါင်းလုပ်ကြပါတယ်.... အစိုးရက ကမြတ်အများ ဆုံး ယူပါတယ်... ပြီးရှု.. ဦပိုင်က ငွေကြေးတစ်ပြားမှ စိုက်ထုတ်ခြင်းမရှိပဲ .... အမြတ်ယူပါတယ်.... တရုတ် Company က ငွေကြေးအကုန်စိုက်ထုတ်ပြီး .. အမြတ်ကို အနည်းဆုံးရပါတယ်...... ဒီကြေးနီတောင်ကို .... ဒီကုမ္ပဏီနဲ့ အပြိုင် .. တောင်ကိုရီးယား နဲ့ ဂျပန်ကုမ္ပဏီများ က ပါ ၀င်ယောက် ယှဉ်ပြိုင်ပြီး Project လုရာက တရုတ်က ရသွားတယလို့ .... ဆိုပါတယ်....


ဒီတော့ နိုင်ငံတော်ပိုင်မြေကို ထုခွဲရောင်းချလိုက်တာဟာ .... နိုင်ငံတော်နေ ပြည်သူရဲ့ ဆန္ဒ ပါပါသလား ဒါကို အဓိက စမ်းစစ်ရပါမယ်.... ပါခဲ့တယ်ဆိုရင်တောင်မှ.....
ဒီလောက်အထိ အခြေအနေဆိုးလာနိုင်တယ်ဆိုတာမသိလို့သာ ... အသိပညာနည်းပါးတဲ့ တောသူတောင်သားတွေ မို့ သာ ခံလိုက်ရတာဖြစ်ပါတယ်.... စီမံကိန်းတစ်ခု လုပ်မယ်ဆို ... ဒီစီမံကိန်း ရဲ့ ကောင်းခြင်းဆိုးခြင်းတို့ ကို ..... အဲဒီ နယ်မြေကြ့ပည်သူတွေကို ချပြရပါမယ်.... အမှန်အတိုင်းချပြရပါမယ်..... ဒါတွေကိုရော .. အစိုးရက လုပ်ဆောင်ခဲ့ပါသလား .....မင်းတို့ လယ်တွေပေါ်ကိုတော့ ... မြေဖို့ မှာပါကွာလို့ အစကတည်းကပြောခဲ့ရင်... ဘယ်လယ်သမားက မှ လက်ခံမှာ မဟုတ်ပါဘူး ... ဒါဟာ ပြည်သူကို နားလှည့် ပါးရိုက်လုပ်တာပါပဲ .......

နိုင်ငံတော်ပိုင်မြေကို ပြည်သူမသိပဲ နားလှည့် ပါးရိုက်လုပ်ပြီးရောင်းတယ်
ဆိုမှတော့ ... ဒါဟာ ... တရားဥပဒေ ကိုလက်တစ်လုံးခြားလုပ်တာနဲ့ ဘာထူးပါသလဲ .... ဒါဟာ တရားဥပဒေ အထက် မှာ ဘယ်သူတွေ ရှိနေသေးသလဲ ဆိုတာ လက်ညှိုးထိုးပြလိုက်တာ ပါပဲ ....

ဒီကြားထဲ ဆန္ဒပြသူများကို ဖမ်းဆီးပြီး ရဲများ က နှိပ်စက်နေတာ ဟာ လည်း ရဲတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မပါဝင်ပါဘူး ....... ဒါလည်း တရားဥပဒေ အတိုင်းမလုပ်လို့ ပါပဲ ......


ဒီတော့ ကြေးနိတောင် ဆန္ဒပြမှု ရဲ အဓီက တရားခံဟာ တရားဥပဒေ မစိုးမိုးလို့ ပြည်သူတွေ ခံစားလိုက်ရတယ်ဆိုတာ အသိသာကြီးပါပဲ .....


ဒီတော့ အဓိက အရင်း အမြစ်ကြိးဖြစ်တဲ့ ဒိ တရားဥပဒေ စိုးမိုးရေး ဆိုတာကို ... ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် ဦးရွက်ပြုပြီး လွှတ်တော်ထဲက နေ... ကြိုးစားဆောင်ရွက်နေတာ ဟာ ... ဒီအရေး သုံးခုလုံး ကို တစ်ပြိုင်နက် ရှင်း နိုင်အောင်.... ဒီအရေးတွေ အပြင် နောင် အနာဂတ် မြန်မာ နိုင်ငံတော်မှာ .... အစဉ်သဖြင့် တရားဥပဒေ စိုးမိုး လာနိုင်အောင်... ပြည်သူတွေ မတရား သဖြင့် ခံစားနေရတဲ့ ဘ၀ကနေလွတ်မြောက်အောင် အမျှော်အမြင်ရှိရှိဆောင်ရွက
်နေခြင်းသာဖြစ်ပါတယ်......

ဒါအပြင်. .. ကိုမင်းကိုနိုင်ရဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှ
ာလည်း ... ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ... ကိုယ်ဖြစ်ချင်တာတွေ တစ်ထိုင်တည်း မဖြစ်လို့ အပြစ်မတင်သင့်ကြောင်း ..... သူတို့ ၈၈ မျိုးဆက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုသာ ၀န်းရံပေးသွားမှာဖြစ်ကြောင်းနဲ့ ... ဒေါ်စု အခုလက်ရှိရောက်နေတဲ့ နေရာဟာ .. အခက်အခဲများစွာရှိကြောင်းတို့ ကို ပြောခဲ့ပါတယ်.......

ဒိတော့ အဓိပ္ပါယ်က ရှင်းရှင်းလေးပါပဲ ... ဒေါ်စုက ... လွှတ်တော်တွင်းကနေ အမတ်တစ်ယောက် အနေနဲ့ တိုက်ပွဲ ၀င်နေချိန်မှာ ... ပြင်ပ အခြေခံလိုအပ်ချက်တွေကို ၈၈ က လိုက်လံဖြည့်ဆည်းရင်... နိုင်ငံတော် တိုးတက်ရေး အတွက် ဟန်ချက်ညီညီရွေ့ လျားနေကြတာပါပဲ .....


ကဲဒီလောက်ဆို ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်နေသူများလည်း နားလည်လောက်မယ်ထင်ပါတယ်....
.. ရောမမြို့ကြီးကို တစ်ရက်တည်းနဲ့ တည်လို့ မရနိုင်သလိုပါပဲ ... ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ဒီမိုကရေစီ နိုင်ငံတော် ကြီးတစ်ခု အတွက်.... သင့်တင့်လျှောက်ပတ်သော အချိန် ကာလ လိုအပ်ပါလိမ့်မယ်..... ဦးတည်ချက်များ တူနေကြပြီပဲလေ... ဘာလို့ အတင်းလိုက်တိုက်နေမလဲ ...... တကယ်တန်း တရားဥပဒေ စိုးမိုး တဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခုဖြစ်လာတော့မှ ပဲ .. အချင်းချင်း တိုက်ကြခိုက်ကြစေချင်ပါတယ်.. ဒီကြားထဲ ပွဲလန့်တုန်းဖျာခင်းချင်သူများက လည်း ခွေးတိုးပေါက်က ပန်းကုန်းစွတ်ပြီးဝင်လာကြပါသေးတယ်...... အခြေအနေတွေဟာ... စောင့်ကြည့်နေရမယ့် အချိန် ... နိုင်ငံအတွက် အလုပ်လုပ်ရမယ့် အချိန်ပါ.... ကိုယ် အင်တာနက်ပေါ်မှာ တိုးတက်အောင်လုပ်နိုင်ရင်လုပ်.... ဒါဟာလည်း ကိုယ့်နိုင်ငံတိုးတက်မှု အတွက်ပါပဲ .......

ဒိတော့ Rule of Law ဆိုတဲ့ စကားသုံးလုံး အတွက်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုန်းကန်နေမှု ဟာ .ဘယ်လောက်အရေးကြီးနေသလဲ .. ခက်ခဲနေသလဲ ဆိုတာ ..... အမေစု ဘာလဲ ဘယ်လဲ ဆိုသူတွေ အတွက်ဒီဆောင်းပါးက .. အဖြေ ကောင်းကောင်း တစ်ခုဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်.....


BY: လင်းလွန်းညို.


http://www.facebook.com/photo.php?fbid=512450138783345&set=at.4636753203 27494.118428.463656166996076.1264138043.100000150984325.100002366455632.100000894010897&type=1&theater

No comments: