Saturday, October 6, 2012

ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ


Posted: 05 Oct 2012 10:04 AM PDT
ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ
 ပူတာအို မြင်ကွင်းတခု ဓာတ်ပုံ (travel Myanmar)
သတင်း... ကိုရဲ
ရန်ကုန် အောက်တိုဘာ ၎

ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပူတာအိုမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်နေပြီး အခြားစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေပြီး သောကြောင့်  ပြည်သူအများ အခက်အခဲဖြစ်နေကြကြောင်း ပူတာအိုမြို့နယ် မူလရှီဒီးရွာသား ဦးဂျေဆာယက်က ပြောဆိုကြောင်းကို လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရသည်။

 “ဆန်တစ်အိတ်ကို တစ်သိန်းကျော်တယ်၊ ဆားငါးဆယ်သားတစ်ထုတ်ကို တစ်ထောင်ကျော်၊ ဖယောင်းတိုင် အသေးတစ်ထုတ်ကို တစ်ထောင်ကျော်ပေးရတယ်။  အခု ရောင်းတဲ့သူလည်းနည်းတယ်၊ ရောင်းတဲ့သူ ရှိရင်လည်း ၀ယ်စားနိုင်တဲ့သူ မရှိဘူးလို့ ဦးဂျေဆာယက်က ပြောတယ် ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။

ထို့အပြင်ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားမှု ကြာရှည်နေခြင်းကြောင့် ပြည်သူအချို့သည် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ခံစားနေရကြောင်း၊ စေတနာရှင်များ၏ လာရောက် လှူဒါန်းမှုများသည်လည်း အမှန်တကယ်လိုအပ်သူများဆီသို့ မရောက်ရှိဘဲ လက်သင့်ရာကိုသာ လှူဒါန်းသကဲ့သို့ ဖြစ်နေကြောင်းကိုလည်း ကြားသိခဲ့ရသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ထို့အတူပင် ပူတာအိုဒေသတွင် ယခင်နှစ်များက ဒေသထွက်ဆန်စပါးဖြင့် လုံလောက်သော်လည်း ယခုအခါ လယ်မြေအချို့ ရေနစ်မြုပ်မှုကြောင့် စားနပ်ရိက္ခာ အခက်အခဲများဖြစ်ပေါ်နေကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကြောင့် စားနပ်ရိက္ခာရှားပါးနေကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဒေါ်ဘောက်ဂျာက ပြောသည်။

ထို့အပြင် “ကျွန်မ တနေ့ကပဲ ပူတာအိုက ပြန်လာတာပါ။ တချို့တွေဆိုစားစရာမရှိဘူး။ ၀ယ်စားတဲ့သူတွေကလည်း ဆန်နို့ဆီဘူးနှစ်ဘူးကို တစ်ထောင့်ငါးရာကျော် ပေးပြီးဝယ်စားနေရတယ်။ ပူတာအိုကို အလှူရှင်တွေလာတာကိုတော့ မကြားမိဘူး။ မြန်မာ့လေကြောင်းနဲ့ ဆန်တွေသယ်တာကိုတော့ကြားတယ်။ ဒါပေမဲ့ဆန်တွေက ၀န်ထမ်းတွေကိုလည်း တစ်ယောက်ကို၊ တစ်လကိုတစ်ပြည်နှုန်းလောက်ပဲ ရတယ်။”ဟု ၎င်းကဆက်လက် ပြောဆိုသည်။

အဆိုပါဒေသသို့ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူများသည် လာမည့်ရက်အနည်းငယ်အတွင်း သွားရောက်လေ့လာမည်ဖြစ်ပြီး အဆိုပါဒေသ၏ လိုအပ်မှုများကို သွာရောက်လေ့လာကာ လိုအပ်နေသူများသို့ စားနပ်ရိက္ခာလှူဒါန်းမှုအချို့လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
“အဓိက အားဖြင့်တော့ ဟိုမှာ လိုအပ်နေတာဘာတွေလဲ၊ စေတနာရှင်တွေလှူဒါန်းမှု ပြည်သူတွေဆီ မရောက်ရတဲ့ အကြောင်းရင်ကဘာတွေလဲဆိုတာသွားလေ့လာမှာပါ။ ကျွန်တော်တို့လည်း တတ်နိုင်သလောက်တော့ လှူမှာပါ။ ငွေသားပဲယူသွားပြီး မြစ်ကြီးနားကနေ ပစ္စည်းဝယ်ပြီလှူမယ်။ အဓိကကတော့ စားသောက်ကုန်ပါပဲ”ဟု လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူ ဦးစောတင့်နိုင်ကပြောသည်။

 ကိုရဲအား ကျေးဇူးတင်ပါသည်..။
Posted: 05 Oct 2012 09:32 AM PDT
ရန်ကုန်မြို့ ဘင်္ဂလား ဒေ့ရှ် သံရုံး (The Embassy Of People's Republic Of Bangladesh) ၌ ရဟန်းသံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား၊ ပန်းဝါနှင့် စစ်တကောင်း ဒေသများတွင် ဘုန်းကြီးကျောင်းများနှင့် အိမ် များကို မွတ်စလင်အကြမ်းဖက် လူအုပ်စုများက တိုက်ခိုက်မှုများ ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ဗုဒ္ဓ ဘာသာ သံဃာတော်အပါး (၁၀၀)ခန့် ဆန္ဒထုတ်ဖော်မှုကို ယနေ့ အောက်တိုဘာလ (၅)ရက်နေ့ ၁း၀၀ တွင် ရွှေဝါရောင်ဆရာတော် ဦးကောဝိဒ ဦးဆောင်၍ ရဟန်းသံဃာတော်များမှ ဦးဆောင်၍ ဘင်္ဂလား ဒေ့ရှ် သံရုံး (The Embassy Of People's Republic Of Bangladesh) အမှတ် (၁၁)၊ သံလွင်လမ်း၊ ကမာရွတ်မြို့နယ်၌၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါသည်။

ယမန်နေ့ (အောက်တိုဘာလ ၄ ရက်နေ့)ကလည်း ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ၊ မကွေးပရိယတ္တိ စာသင်တိုက်မှာလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

ထို့အတူ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တွင်လည်း သံဃာအပါးတစ်ထောင်ကျော်ခန့်က ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသလို၊ အောက်တိုဘာလ (၃)ရက်နေ့ကလည်း ထိုင်းနိုင်ငံရှိ သံဃာတော်အပါး (၃၀၀)ခန့်က ဘန်ကောက်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အမျိုးဘာသာ သာသနာနှင့် အမိနိုင်ငံကို ချစ်မြတ်နိုးသူတိုင်း၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းဖြင့် သာသနာကို စော်ကားခံရခြင်းအား ကာကွယ်ကြပါစို့ ...။

သို့သော်လည်း မြန်မာနိုင်ငံမှ (မဟန) နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများကို
သည်းခံပြီး သာသနာကို ပြုနိုင်တာကိုလည်း ပြန်လည်သည်းခံခြင်းဖြင့်
ဆန္ဒပြကြပါစို့လို့ အော်ကြရဦးမှာလား ဆိုတာကိုလည်း တွေးမိရင်း
မြတ်စွာဘုရားရှင်၏ မျက်နှာတော်အား မြင်ယောင်မိရင်း
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ၊
မေမေ့သား (လင်းဆက်)
သတင်း၊ ရေးသားပေးပို့သူ.. လင်းဆက်
ဓာတ်ပုံ လင်းဆက်၊ ဒီမိုကောင်းကင်
Posted: 05 Oct 2012 09:17 AM PDT
သီရိလကာင်္ရောက် မြန်မာကျောင်းသား ရဟန်းတော်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများ ဖျက်ဆီးခံရမှုအရေး ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ပွဲ ပူပေါင်းပါဝင်..

ဘာသာ ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားဆင်းတုတော်များ၊ လူနေအိမ်များနှင့် စာသင်ကျောင်းကို အစ္စလာမ်ဘာသာဝင် မွတ်စလင်လူမျိုးများက ပြီးခဲ့သည့် စက်တင်ဘာလ ၂၉- ရက် နေ့မှစတင်ကာ ၀င်ရောက် မီးရှို့ဖျက်ဆီးနေကြပါသည်။ ထိုကဲ့သို့ ဗုဒ္ဓဘာသာဝင် ညီအစ်ကို မောင်နှမများ တဖတ်သက် အနိုင်ကျင့် စော်ကားခံရသည့်အရေးကို ဗုဒ္ဓဘာသာရဟန်းတော်များအနေဖြင့် လျစ်လျူရှုမထားဘဲ ယနေ့(၀၄.၁၀.၂၀၁၂) ကြာသပတေးနေ့ နေ့လည်(၁)နာရီတွင် ကိုလံဘိုမြို့၊ မြို့တော်ခန်းမအနီး Viharadevi park အတွင်းရှိ ဆင်းတုတော်ကြီးရှေ့မှောက်တွင် ဘင်္ဂလာဒေ့ရှ်သံဃာတော် အပါး ၂၀၀-ခန့်၊ မြန်မာသံဃာတော် အပါး ၁၅၀-ခန့်၊ သီရိလင်္ကာသံဃာတော် အပါး ၅၀-ခန့် ကမ္ဘောဒီယား၊ လာအို၊ မလေးရှား သံဃာတော်များနှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် ပြည်သူများ စုစုပေါင်း ၅၀၀- ကျော် ခန့် ပေါင်း စည်းခဲ့ကြသည်။

(သတင်း http://www.lankamsma.org/)

ဓာတ်ပုံ အတွက် ပေးပို့လာသူ ဆရာတော် အရှင်ဥက္ကဋ္ဌအား ကျေးဇူးတင်ပါသည်..

No comments: