Tuesday, October 23, 2012
ရှေးဘုရင်တွေ စုံစမ်းနည်းနဲ့  ယခုအစိုးရ လုပ်ချင်သူများ
ကျွန်တော်သိသော ကြားဖူးသော ရှေးယခင် သက်ဦးဆံပိုင် ဘုရင်များမှာ
တိုင်းသူပြည်သားများအား မည်သို့  နေထိုင် စားသောက် ၊ မည်သို့  အခြေအနေ ၊
မည်သို့ သူပုန်သူကန် ရှိမည့် အနေအထားများကို အိမ်ကြိုအိမ်ကြား
ကိုယ်ရောင်ဖျောက်ကာ ဘုရင်ကိုယ်တိုင် စုံစမ်းတော်မူ၏ဟု ကြားဖူးမှတ်ဖူး ခဲ
့ပါသည် ။ ဘုရင်ကိုယ်တိုင်စုံစမ်းထောက်လှ
မ်းရသမျှကို မင်းညီလာခံတွင်
ချပြပြီး ဆောင်ရွက်ပေးတော်မူ၏ဟု သိဖူးမှတ်ဖူး ခဲ့ ပါသည်။။
   ယခုခေတ်အစိုးရများမှာမူ ဘုရင်ကိုယ်တိုင်လို အိမ်ကြိုအိမ်ကြား
သွားရောက်စရာမလိုတော့ ။ စုံစမ်းထောက်လှမ်းရေးအဖွဲ့ တွေ ခန်
့အပ်ထားပြီးသောကြောင့် ပြည်သူပြည်သူများ၏ နေ့ တဓူဝ အခြေအနေမှန်များကို
သိရှိကြရပြီဖြစ်သည် ။ ပြည်သူ့ လွှတ်တော်ညီလာခံလည်း  ရှိနေနှင့်ပြီးဖြစ်ရာ
လွှတ်တော်ကိုယ်စားလှယ်များမှတဆင်
့ အစိုးရမင်းတို့  အားလုံးသိကြချေ၏ ။
ခေတ်စနစ်တို့ ကား တိုးတက်ပြောင်းလဲလာရာ ယခင်က စစ်အစိုးရသည်လည်း
မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရပါဟု မည်သူယုံယုံ မယုံယုံ
အာပေါက်အောင် ပြောနေရပြီးပြီ ။
      ယခင်က စစ်ဗိုလ်ချုပ်များသည်လည်း ခေါင်းပေါင်းစ တလူလူနှင့်
ပွဲလယ်တင့်နေပြီး ကမ္ဘာ့နိုင်ငံအသီးသီးက လက်ဆွဲနုတ်ဆက် ချီးကြူးထောပနာ
ပြုကြရလေပြီဖြစ်သည် ။ နိုင်ငံတကာရှိ အတိုက်အခံများကလည်း မတိုက်ခံကြတော့ဘဲ
နုတ်ဆတ်ကာ နေရလေတော့သည် ။ အတိုက်အခံပါတီများပင်
လွှတ်တော်ထဲရောက်ကြပြီဖြစ်ရာ ငြိမ်သက်သွားသော နိုင်ငံရေးဂယက်များဟု
ပြောဆိုခေါ်ဝေါ် ရနိုင်ကောင်းပါသည် ။
     ကံဆိုးချင်တော့ နိုင်ငံတ၀န်း လမ်းပေါ်ထွက် ဆန္ဒပြမှုတွေက အလျှိုလျှို
ပေါ်ထွက်လာ၏  ၊ ယခင်က လမ်းပေါ်ထွက်၍ ဆန္ဒပြသော သူများကို နှစ်ပေါင်း များစွာ
အကျဉ်းချခဲ့ ခြင်းရှိခဲ့ ရာမှ ပြန်လည်လွှတ်ပေးလိုက်ပေးပြီမို့  ခုတော့
လမ်းပေါ်ထွက်လဲ သီချင်းတွေတောင် ဆိုလို့  ဆန္ဒပြနေကြဖြစ်သည် ။
လူတိုင်းလိုလို လမ်းပေါ်ထွက်လာကြပြီဖြစ်ရာ မထွက်မိသည်ကိုပင် ကျွန်တော်တို
့က ဆော်သြခဲ့ ဖူးလေသေးသည်ကို အမှတ်ရမိတော့သည် ။
      အစိုးရက နုနယ်သေးသမို့  အပြစ်ကင်းစင်စွာနဲ့  ပြည်သူတွေခမြာ
ခွှင့်လွှတ်ပေးနေသည်လား မပြောတတ် ။ စောင့်ကြည့်ပါဆိုတော့
စောင့်ကြည့်နေသူများလည်း ရှိနေကြရသည် ။ မြစ်ဆုံကျတော့ ယခုအစိုးရလက်ထက်မှာ
မလုပ်တော့ပါဟု ပြောဆိုထားရာ နောင်လာမည့် အစိုးရလက်ထက်တွင်
ပွဲကြီးပွဲကောင်း ရှိနေတော့မည့် အလားအလာရှိနေသေးသည် ။ လက်ပံတောင်းတောင် ၊
ကြေးနီစီမံကိန်း ၊ ဖယောင်းတိုင်တော်လှန်ရေး ၊ ကချင်စစ်ဘေး ၊ လှိုင်သာယာ
စက်မှုဇုံ ၊ ၀မ်ပေါင် စသောတိုက်ပွဲတွေက လမ်းပေါ်ထွက်လာခဲ့ ကြသည် ။
အစိုးရသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ တွင် ဆန္ဒပြသူများအား
ငြိမ်းချမ်းစွာ တရားစွဲဆိုထားလိုက်တော့သည်ကို မြင်တွေ့ ရပြန်၏
 အခြားသောဆန္ဒပြတောင်းဆိုမှုများ
ကား အစီအရီများစွာရှိ၏ ကျောင်းသားသမ္မဂ
တရားဝင်ဖွဲ့ ရေး ၊ အလုပ်သမား လယ်သမား သမ္မဂ ဖွဲ့ ရေး များစွာ ရှိလာ၏ ။
နောက်ဆိုလျှင် နိုင်ငံတကာရှိ မည်သည့်သမ္မဂမျိုး ရှိသည်ဟု ကြားသိလျှင် ဖွဲ
့စည်းခွင့်ရရှိရန် လမ်းပေါ်ထွက် ဆန္ဒပြ တောင်းဆိုမှုများ ရှိလာနိင်သည် ။
ဒီမိုကရေစီသက်တမ်းနုနယ်သော အစိုးရဆိုတော့ စစ်ဗိုလ်ချုပ်တွေက
ပြုံးကြဲကြဲနှင့်  ၊ သူတို့ ကား ခေတ်ပညာတတ် စစ်ဗိုလ်ချုပ်များဆိုတော့
ယခင်စစ်အာဏာရှင်များနှင့် နည်းနည်းလောက် ကွာခြားနေသည်ကိုတော့ သတိထားမိ၏ ။
သို့ သော်လည်း ဒီပုတ်ထဲက ဒီပဲမို့  တလုံးပိုရှူနေသူများဟု
မှတ်ထားလိုက်ရသေးသည် ။
   ယနေ့ တွင် ရခိုင်ပြည်နယ်ဖက်မှ ကုလားနှင့် ရခိုင်လူမျိုးတွေ
အဓိကရုဏ်းဖြစ်သံတွေ ကြားလာမြင်လာရ၏ ။ လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခံနေရသော
ဒီမိုကရေစီတဖြစ်လဲ အစိုးရသည် လွှတ်တော်ညီလာခံတွင် ၄င်းအဖြစ်အပျက်ကို
 နုတ်ကပတ်တော်က ဖွင့်ဟမပြော ။ လက်နက်ကိုင် သူရဲသူဘက် ခြွေရံတော်များကလည်း
အဓိကရုဏ်းများကို နှိမ်နှင်းသံများ ဖျောက်ဆိတ်လို ဖြစ်နေ၏ ။
ရွာပျက်ကြီးထဲတွင် စပါးကျီကို မျောက်များ မီးရို့  နေသည်အလား
ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေသည်ကို မည်သူကမျှ တားပါဟေ့-ဆီးပါဟေ့လို့  ဟန်
့တားသံမကြားရ ။
    အဓိကရုဏ်းဆိုသည်မှာ လူစုလူဝေးများ၏ ရုန်းရင်းဆန်ခတ်မှုများဖြစ်ရာ
နေအိမ်ဥပစာများ ၊ အပြစ်မဲ့  ခလေးသူငယ်များ ၊ မိန်းမများ ၊
သက်ကြီးရွယ်အိုများမှာ ဒုက္ခဆင်းရဲကြီးစွာ ဖြစ်ကြရချေ၏ ။
ယင်းအဓိကရုဏ်းများကို ဖန်တီးသူ တို့ မီးရို့ မီးလုပ်သူများကား ဘာမှ
ပြသနာမတက် ။ မည်သို့ ပင်ဆိုစေ အစိုးရမှာ လမ်းပေါ်ထွက်လျှင်ပင်
ခွှင့်လွှတ်ပေးလေတော်မူ၏ ဟုဆိုသော  နိုင်ငံတကာများ၏ သည်းခြေကြိုက်
အကျိုးလို၍ ညောင်ရေလောင်းသည်ကို ပြူးပြဲလုပ်စရာမလိုဟုမြင်သည် ။ မိမိတို့ 
နိုင်ငံတွင် လမ်းပေါ်ထွက်ခြင်းလည်း မရှိရအောင် ကြိုးစားပမ်းစား
ဆောင်ရွက်တတ်ကြရန်သာ ရှိ၏ ။ စစ်တပ်မရှိမှန်း ပုလိပ်ကို လူမမြင်ဖူးမှန်း
ဆောင်ရွက်ထားတတ်ကြရန်သာလို၏ ။
    ယခုကား ရခိုင်ပြည်နယ်တွင် တပ်ရင်ပေါင်း ( ၆၀ ) ကျော်လောက် သို
့မဟုတ်အထက် ရှိသည်ဟု သိရသည် ။ ၄င်းတပ်ရင်းတို့ နှင့် မလုံလောက်၍
အဓိကရုဏ်းများဖြစ်နေသေးလျင် ကချင်ပြည်နယ် ။ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ်
တို့ မှ တပ်ရင်းတို့ ကို ရခိုင်ပြည်နယ်တွင် ယာယီထားပြီး ငြိမ်းချမ်းအောင်
လုပ်၍ရ၏ ။ အကယ်၍ ကချင်လက်နက်ကိုင်များ၊ ရှမ်းလက်နက်ကိုင်များ၊
ကချင်လက်နက်ကိုင်များက မြန်မာနိုင်ငံအတွင်းသို့  ကျူးကျော်ဝင်ရောက်မည်ကို
စိုးရိမ်သည် ဆိုလျင် မစိုးရိမ်ရအောင် ကျွန်တော်တို့ 
ဝိုင်းဝန်းပြောဆိုပေးက ရနိုင်လေသည် ။  အဓိကမှာ အစိုးရမင်းတို့ သည်
တရားဥပဒေစိုးမိုးရေးကို အမည်ခံဆောင်ရွက်နေ၍ မဖြစ်ကြောင်း
ယခုရခိုင်ပြည်နယ်အရေးက သက်သေပြနေ၏ ။
       ပုဒ်မ္မ-၁၄၄- အမိန့် ထုတ်ပြန်ခြင်းသည် ညမထွက်ရအမိန့် တခုတည်းမဟုတ်
။ နေ့ လည်း မထွက်ရအမိန့် ဖြစ်၏ ။ ၄င်းအမိန့် ကို ဖေါက်ဖျက်ပါက
ပိုးစိုးပက်စက် သေနတ်နှင့် ပစ်သတ်၍ ရ၏ ပစ်သတ်ပြီးလျှင် ဆေးရုံသို
့ချက်ချင်းပို့ ရ၏ ။  လူမသိ သူမသိ နေရာများမှာ မမြုပ်နှံရ ။
၎င်း-ပုဒ်မ္မ-၁၄၄- ကို ရခိုင်ပြည်နယ်အတွင်းမှာ ရှေးဦးစွာ
လူထုပညာပေးသင်တန်း ပေးရန် အမြန်ဆုံးလိုနေသည် ။ သို့ မဟုတ်က ဥပဒေကို
မသိ၍၄င်း ၊ နားမလည်၍၄င်း ချိုးဖေါက်နေကြမည်ဖြစ်သည် ။ အစိုးရမင်းများကလည်း
မည်သည့်လူမျိုးရေး မည်သည့်ဘာသာရေးပဋိပက္ခမျိုးကို မှ ကြားဝင် ဒိုင်လူကြီး
မပြုလုပ်ရန် ပြောချင်၏ ။ လွန်ခဲ့ သောလများထဲက
ဒုတိယဗိုလ်ချုပ်ကြီးသိန်းဋ္ဌေးက ရခိုင်ပြည်နယ်အရေးတွင်
ဒိုင်လူကြီးလုပ်မည်ဟု ပက်ပက်စက်စက်ပြောသောစကားကို ကျွန်တော့်နားမှ
မထွက်နိုင်ဘဲ ရှိနေ၏ ။ ထို့ ကြောင့် ယခုရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေသော
ပဋိပက္ခများသည် မီးလောင်တိုက်သွင်းခံနေရသလို ဖြစ်ပွါးနေရခြင်းကြောင့်
အဓိကလက်သည်မှာ မည်သူဖြစ်သည်ကို  ကျွန်တော်ခန်
့မှန်းလာတတ်စပြုလာပြီဖြစ်သည် ။ ရှေးယခင်က သက်ဦးဆံပိုင်ဘုရင်တို့ သည်ပင်
အိမ်ကြိုအိမ်ကြား စုံစမ်းထောက်လှမ်းပြီး သူ့ အစိုးရ တည်တန့် ရေး
ဆောင်ရွက်တော်မူခဲ့ သည် ။ ယခုအစိုးရမင်းတို့ ကား လူတွေမျက်ရည်ကြီးငယ်ကျမှ
စားဝင်သောက်ပျော် ကောင်းသည့်သူများဆိုလျှင် အစိုးရလုပ်ချင်ရင်တောင်
လုပ်၍မရသော ခေတ်ကို ရောက်လာပြီဆိုသည်ကို သတိထားမိဖို့ လိုပြီဟု
ပြောချင်လေတော့၏ ။
ခိုင်အောင်ကျော် ( နယူးယောက် )
No comments: