Tuesday, October 23, 2012

အဟဲ.

အဟဲ...း) ရခိုင်မှာဖြစ်နေတဲ့ အရေးအခင်းကိစ္စ သမ္မတရုံးက မှူးဇော် ဆိုတဲ့လူပြောတော့ လက်နက်ကိုင် ရိုဟင်ဂျာတပ်ကြီးတဲ့။ အခု ပြန်ကြားရေးဝန်ကြီးဌာနက ပြောတော့ .. လူမျိုးစု အချင်းချင်းတဲ့။ ကုလားတွေလည်း တော်ကြာ ရိုဟင်ဂျာဖြစ်လိုက် ... တော်ကြာ လူမျိုးစုဖြစ
်လိုက်နဲ့။ ကျနော့်ခမျာ မျက်လုံးလေးတွေ လည်လို့။

ဟိုတလောလေးက သမ္မတကြီးက နိုင်ငံတကာက ဆုတွေပေးတာ အကြိမ်ကြိမ်ခါချနေရတယ်လို့ မှူးဇော်တို့ပြောတာ ကျနော်က မယုံဘူး။ အကျင့်ကိုက လွယ်လွယ်နဲ့မှ မယုံတတ်ပဲကိုး ... ဒီတော့ အဖေ့ဘုတ် ပေါ်ကနေ ပူညံပူညံ ထလုပ်လိုက်တော့ .. တယောက်က သက်သေလာပြတယ်။ ...... ဦးသိန်းစိန်က ရိုဟင်ဂျာတွေကို စီစစ်ပြီး နိုင်ငံသား ပေးမယ်လို့ ပြောပြီးနောက် တက္ကသိုလ်တစ်ခုက ဆုပေးဘို့ ကမ်းလှမ်းဖူးပါတယ်တဲ့။ ( သေဟဲ့ ... ရ၀တ ... ပေါ့။)


အဲဒီ ရိုဟင်ဂျာကိစ္စ တချို့ ထင်နေကြတာ ရိုဟင်ဂျာကိစ္စ ဘီဘီစီ တို့ အာအက်ဖ်အေတို့၊ ဝေနှင်းပွင့်သုန်တို့ပေါ့။ ဦးသိန်းစိန်ကြီး လုပ်မှ ရိုဟင်ဂျာလည်း မြန်မာ နိုင်ငံသားတွေ ဖြစ်ကုန်တာ ခုမှ သိရတယ်ပေါ့။ ကိုယ့်ကိုယ်ကို ယူကြုံးမရ ဖြစ်ရပြန်ရော။ ( သြော် အတော်တုံးတဲ့ ငါပါလားပေါ့။ )


မျက်လုံးလေး ကလည်ကလည် နဲ့ ကျနော့်ခမျာ ဖြစ်နေတုန်းရှိသေး...

ကိုသားဆွေ ... ဦးသိန်းစိန် လက်ခံရတယ်ဆိုတာကလည်း ဖိအားမျိုးစုံကြောင့်ပါတဲ့။ ဟုတ်ကဲ့ပါဗျာ။ OIC ကိစ္စပေါ်လာတော့ စဉ်းစားမိတာက .. အင်း .... တွတ်ပီကြီးတော့ မသေးမျှင် အဖိ ခံရပြန်ပြီပေါ့။

လူ ၃၀၀၀ လောက်ပါပဲတဲ့ ... နိုင်ငံသားပေးလိုက်တာတဲ့။


အဲဒီ ကိန်းဂဏန်းတွေကိစ္စ အကြောင်းတိုက်ဆိုင်လို့ ပြောပြဦးမယ်။

(ကျနော့်ဘကြီး သင်ပေးခဲ့တဲ့ မြန်မာအစိုးရ ရေဒီယို နားထောင်တဲ့နည်းလေးတခုပါ။ ( ရေဒီယိုကနေ ငြိမ်းချမ်းရေး သီချင်းတွေ တော်တော်လွှင့်လာပြီဆိုရင် .. ငါ့တူရေ .... အဲဒါ ရှေ့ တန်းမှာ မီးကုန်ယမ်းကုန် တိုက်ပွဲတွေဖြစ်နေပြီလို့မှတ်တဲ
့။ .. ရေဒီယိုကနေ ရှေ့ တန်းရောက် တပ်မတော်သားလေးမှ စာရေးလိုက်ပါသည် ကျန်းမာပါ၏ လို့ ကြေညာရင် အဲဒီ သားမောင်ရဲ့ တပ်ရင်း ... ငိုသံကြားတပ်ရင်း ဖြစ်ပြီသာမှတ်တဲ့။ ရန်သူ့စခန်းကို တပ်မတော်စစ်ကြောင်းများမှ ရှင်းလင်း ဆိုရင် ...အဲဒါ ရွာ နှစ်ရွာလောက်တော့ ပြာကျသွားပြီလို့ မှတ်တဲ့။
၃၀၀၀ လောက်ပါပဲ ဆိုတာ မိသားစု တစု ထဲကို ပြောတာဖြစ်မယ်လို့ ဘကြီး နည်းနဲ့ ပြန်တွေးမိပြန်ရော။

ခုလည်း ဘကြီး နည်းနဲ့ပဲ ပြန်တွေးကြည့်ဦးမယ်။ လူမျိုးစု အချင်းချင်းတဲ့-

OIC ရုံး မလိုတော့ဘူးနော် .... သူတို့တွေ လူမျိုးစု (Ethnic) ဖြစ်သွားပြီပဲ။

(သားဆွေ)
www.ministryofinformation.gov.mm

No comments: