Wednesday, October 24, 2012

ကျောက်ဖြူတွင်လည်း မီးဟုန်းဟုန်း တောက်လောင်ပြီ

Wednesday, October 24, 2012

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ရခိုင်နှင့်မွတ်ဆလင်များ တစ်ဘက်နှင့် တစ်ဘက် အကြီးအကျယ် မီးရှို့နေကြပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

“ မွတ်လင်တွေက အဆင်သင့် လုပ်ထားတဲ့ မီးကွင်းတွေနဲ့ ပစ်တော့ ရခိုင်အိမ်တွေ အကြီးအကျယ် လောင်နေပြီ။ အခု မြင်နေရတယ်။ ပိုက်ဆိပ်မှာ ဖြစ်ပါတယ်။ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲလည်း ဖြစ်နေ
ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခုအခါ နေရာ အတော်များများကို မီးဟုန်းဟုန်းထလောင်နေပြီ
ဖြစ်ကြောင်း သူက ဆိုသည်။

ယခုအချိန်ထိ တဘက်နှင့်တဘက် ရင်ဆိုင်တိုက်ခိုက်မူ ဖြစ်ပွားရာ ရခိုင်
ဘက်က (၆) ဦးဆေးရုံကို ရောက်ရှိလာကြောင်း သိရသည်။

မွတ်ဆလင်များဘက်က အထိအခိုက်ကို မသိရသေးကြောင်း သူက
ပြောကြားသည်။

Narinjara

ကျောက်ဖြူမှ မွတ်ဆလင်များ စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေး
Wednesday, October 24, 2012

ကျောက်ဖြူမြို့တွင် ယမန်နေ့က တိုက်ခိုက်မူများ ဖြစ်ပွားပြီးနောက် မွတ်ဆလင် မိသားစု အများအပြားသည် စက်လှေ အစီး ၄၀ ကျော်ဖြင့် ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးသွားကြသည်ဟု ထွက်ပြေးသည်ကို ကိုယ်တိုင်သွားကြည့်ခဲ့သူ မျက်မြင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ စုစုပေါင်း အစီးလေးဆယ်ကျော်နဲ့ ထွက်ပြေးတာပါ။ အခုဘဲ ထွက်ပြေး
တာပါ။ ကျွန်တော်ထင်တယ် ပင်လယ်ပြင်ကို ဖြတ်ပြီး မောင်းတော့ ဘင်္ဂလာဒေခ်ျ့ အုန်းကျွန်းဘက်ကို ရောက်နိုင်တယ်။ မဟုတ်ရင် စစ်တွေ ဆံတော်ရှင် ကျွန်းဘက်ကို ရောက်သွားနိုင်ပါတယ်” ဟု သူက ပြောသည်။

အများစု မွတ်ဆလင် မိသားစုများမှာ ထွက်ပြေးသွားကြပြီး အနည်းစုသာ ကျန်နေခဲ့သည်ဟု သူက ပြောသည်။

“ အခုက ပိုက်ဆိပ်က မွတ်ဆလင်တွေ အများစု ထွက်ပြေးသွားတာပါ။ အနည်းစုက အိမ်ခြေ ၅၀၊ ၆၀ က လူတွေလောက်ဘဲ ကျန်နေခဲ့တယ်။ အာဏာပိုင်တွေကတော့ ဘာမှ လိုက်တားတာကို မတွေ့ရဘူး” ဟု သူက ဆိုသည်။

ယမန်နေ့က ကျောက်ဖြူတွင် ရခိုင်နှင့်မွတ်လင်များအကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး အိမ်ခြေရာချီ၍ မီးရှို့ခံခဲ့ရကာ သေဆုံးမူ
များလည်းရှိခဲ့ကြောင်း သိရသည်။

“ မွတ်ဆလင်တွေ ဘက်ကရော၊ ရခိုင်တွေဘက်က သေပါတယ်။ ဒဏ်ရာ
ရတဲ့သူတွေကလည်း အများအပြားရှိပါတယ်။ အခု ကျွန်တော် စာရင်းယူဖို့
ဆေးရုံကို သွားနေပါတယ်” ဟု ဆိုသည်။

မီးရှို့ပြီး ထွက်းပြေးတိမ်းရှောင်နေကြသော ကုလားများ

ကျောက်ဖြူမြို့ ပိုက်ဆိပ်ရပ်ကွက်အား ကုလားများမှ မီးရှို့ဖျက်ဆီးခဲ့ပြီး ဘင်္ဂလားပင်လယ်အောင်ဖက်သို့ ထွက်ပြေးတိမ်းရှောင်နေသည့် ကုလားများအားတွေ့ရစဉ် —

အေးချမ်းမွန်မှ Rakhine Straight Views တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Rakhine Straight Views

No comments: