Wednesday, October 24, 2012

ဝေသန္တရာ မလုပ်ပါနဲ့



ဝေသန္တရာ မလုပ်ပါနဲ့
---------------------
တစ်ချို့မှာ စူးဝင်နေတယ်
တစ်ချို့က ရူးလို့ကောင်းတုန်း
သတ္တိထူးတယ်ဆို
အခုမှ ဂန်ဒူးလို ဟန်လုပ် မနေပါနဲ့။

မာန်ပါပါ လုပ်လိုက်စမ်းပါ
ဟန်ဆောင်ရမယ့်အချိန် မဟုတ်တော့ဘူး
ခံနေရတာက ကိုယ့်သွေးချင်းတွေ
စံစားချင်တာကို မေ့ထားစမ်းပါ
ပုန်ကန်နေတာ ခေါင်းခေါက်ပြောမှ သိမှာလားဗျာ။

ရခိုင်ကို ထိလည်း သွေးချင်းကို ထိတာပဲ
ရခိုင်နာလည်း သွေးချင်းတွေ နာတာပဲ
တစ်မူးတစ်ပဲယူပြီး သူ့အသက်ကို မလှူကြပါနဲ့
ကိုယ့်ပြည်သူကို ကာကွယ်လှည့်ပါ
ကိုယ်ဘာတာဝန်ယူနေသလဲဆိုတာ မမေ့နဲ့ပေါ့
တိုင်းပြည်လှူတဲ့ ဝေသန္တရာကို မလိုချင်ဘူး။

ခမ်းကီိး

No comments: