Tuesday, October 23, 2012

၉း၅၃ နာရီ တက္ကသိုလ်ကျောင်းသားများ ဆန္ဒ ထုတ်ဖော်မှု စတင်



တက္ကသိုလ်ကျောင်းသားမှ သတ်မှတ်ရက်အတိုင်း ဆန္ဒထုတ်ဖော်ကို ယနေ့ ၂၄.၁၀.၂၀၁၂ ရက်နေ့တွင် စတင် ဆန္ဒဖော်ထုတ်လျှက်ရှိပါသည်။ ဆန္ဒထုတ်ဖော်မှုကို လောကာနန္ဒာမှ စတင်ပြီး ရှေ့ဆုံးမှ သာသနာ့အလံ၊ နောက်တွင် မြန်မာနိုင်ငံတော်အလံ၊ ထို့နောက် ရခိုင်အောင်လံ၊ ယင်းနောက်တွင် ရခိုင်ပြည်နယ်အလံတို့ဖြင့် အစီအရီ စီတန်းလှည့်လည်ပြီး လူအုပ်တတန်းလျှင် (၄) ယောက်နှုန်း အားလုံး ဆန္ဒဖော်ထုတ်သူ (၅၀၀)လောက် ပါဝင်ပူပေါင်းလျှက်ရှိသည်ဟု သိရှိရပါသည်။ အစီအစဉ်ကို မြန်မာနိုင်ငံကို အလေးပြုရင်း ၊ ကျဆုံးသွား သော ရခိုင်သူရဲကောင်းများကို (၂) မိနစ်ခန့် ငြိမ်းသက်စွာ အလေးပြုလျှက်ရှိပါသည်။ ယခုအခါစတင်ထွက်ခွါ လာပါသည်။ Rakhine Straight Views

No comments: