Saturday, October 20, 2012

နိုင်ငံတော်အလံ

ပြည်သူတွေအမှန်တကယ်နက်သက်မြတ်နိုးသော အလံတော်ဖြစ်ပါတယ်။

ပြည်သူတွေအမှန်တကယ်နျစ်သက်မြတ်နိုးသော အလံတော်ဖြစ်ပါတယ်။

 

အောက်ဖေါ်ပြပါအလံကပြည်သူတွေအမှန်တကယ်နက်သက်မြတ်နိုးသော အလံတော်ဖြစ်ပါသလား ? ။



 

ကျွန်တော်အထက်တန်းကျောင်း သားဘ၀က  ကျားတတ်ဆိုတဲ့ရွာလေးကို သွား ပြီးတော့ ကျောင်းတတ်ရပါတယ်။ ကျွန်တော်တို့ရွာမှာ မူလတန်းကျောင်းပဲ ရှိသေး တာကိုး။ ကျားတက်ရွာမှာ တွဲဖက် အ ထက်တန်းကျောင်းရှိတယ်။ ကျွန်တော် တို့ရွာနဲ့ နှစ်မိုင်ဝေးပါတယ်။ ကျွန်တော်တို့ ဦးလေးတွေ ခေတ်ကတော့ ခြေလျင်သွား တက်ရတာ။ ကျွန်တော်တို့ခေတ်ရောက် တော့ တိုးတက်လာတယ်လို့ ပြောရမလား မသိ။ စက်ဘီးနဲ့ ကျောင်းတက်ရပါတယ်။
စက်ဘီးနဲ့ကျောင်းတက်ရတာ ပျော် စရာကောင်းပါတယ်။ အဲ.. စက်ဘီး ပေါက်ရင်တော့ တွန်းသွားရတဲ့ ဒုက္ခက မသေးပါဘူး။ တစ်ခါတစ်ရံ တစ်မိုင်ကျော် လောက် တွန်းသွားရတတ်ပါတယ်။တစ်ခု တော့ရှိတာပေါ့။ စက်ဘီးဆွဲတတ်တဲ့သူ နဲ့တွေ့ရင်တော့ စက်ဘီးကို ကိုင်တွန်း စရာမလိုဘူး။ စက်ဘီးပေးလိုက်ပြီး နောက်ထပ်တစ်စီးတွေ့ရင်အသာထိုင်လိုက် ရုံပဲ။ ဒါကလည်း ကံကောင်းမှ။ ဘာဖြစ် လို့လဲဆိုတော့ အဲဒီတုန်းက စက်ဘီး အ သွားအလာနည်းသေးတယ်။ တောပုန်း တွေရှိသေးတယ်။ လူပြတ်တဲ့နေရာဆိုရင် လုယက်မှုတွေဖြစ်တယ်။ ဓားနဲ့ထောက် ပြီး ပိုက်ဆံတောင်းတာတွေ၊ လူရိုက်ပြီး စက်ဘီးလုတာတွေ မကြာခဏ ဖြစ်ပွား လေ့ရှိတယ်။ အခုတော့ ဖွံ့ဖြိုးတိုးတက် လာပါပြီ။ လျှပ်စစ်မီးတွေလည်း ရပြီ။ ကတ်္တရာလမ်းကလည်း စပါယ်ရှယ်။ ရေ လည်းမပူရတော့ဘူး။
ပြီးခဲ့တဲ့လတုန်းက ကိစ္စတစ်ခုနဲ့ ကျားတက်ရွာကိုရောက်ခဲ့တယ်။ ကျွန် တော်အထက်တန်းကျောင်းသားတုန်းက မြန်မာစာပြတဲ့ ဆရာကြီးဦးမြင့်မောင်နဲ့ တွေ့တယ်။ ဆရာတပည့်နှစ်ယောက်ရှေး ဟောင်းနှောင်းဖြစ်တွေပြောဖြစ်ကြတယ်။  ဆရာကြီးဦးမြင့်မောင်အိမ်ကို ကျွန်တော် ရောက်တဲ့အချိန်က မနက်ခြောက်နာရီ ထိုး။ ဆရာကြီး ဦးမြင့်မောင်အိမ်က ဈေး တန်းထိပ်မှာရှိတယ်။ ဈေးက မနက် ငါးနာရီထိုးလောက်ဆိုရင် စည်ကားပြီ။ ဆရာကြီးဦးမြင့်မောင်က ဈေးလည်း  ရောင်းတယ်။ ကျွန်တော်နဲ့ စကားပြော ရင်း ဈေးဝယ်လာလိုက်၊ ထ,ရောင်းလိုက် နဲ့ပေါ့။ နေရာကောင်းတော့ ဈေးကလည်း ရောင်းကောင်းပါတယ်။ ဆရာကြီး ဦးမြင့် မောင်က ဈေးရောင်းရင်းနဲ့ ကျွန်တော့်ကို ဧည့်ခံစကားပြောနေတာဆိုတော့ ကျွန် တော်အားနာတာနဲ့ ထပြန်ဖို့ နှုတ်ဆက် လိုက်တယ်။
ဆရာကြီးက ““မပြန်နဲ့ဦးကွ..ရောက် တုန်း အေးအေးဆေးဆေးနေပါဦး””
ကျွန်တော်ပြန်ထိုင်လိုက်ပါတယ်။ ထိုစဉ် ခုနှစ်နာရီထိုးသဖြင့် အခြားတစ် အိမ်မှ နိုင်ငံတော်သီချင်းသံကြားလိုက်ရ တယ်။ ဆရာကြီးက စဉ်းစားသလိုလုပ် ပြီး။
““မင်း.. မှတ်မိဦးမလားတော့မသိ ဘူး။ မင်းကျောင်းသားတုန်းက နိုင်ငံတော် သီချင်းဆိုရမှာ ပျင်းလို့ စာသင်ခန်းထဲ ပုန်း နေခဲ့တာလေ။ အဲဒါကြောင့် ရိုက်ပြီး ဆုံး မခဲ့ရတယ်လေ။””
ကျွန်တော် ကောင်းကောင်း မမှတ် မိတော့ပါ။ မေ့နေပါပြီ။ ကျွန်တော် မေ့နေပေမဲ့ ဆရာကြီးကတော့ ကောင်း ကောင်းမှတ်မိနေဆဲ။ ဆရာကြီးရဲ့ မှတ် ဉာဏ်က ချီးကျူးလောက်ပါတယ်။ မုတား မပါ လင်္ကာမချောဆိုတာလို ကျွန်တော် လည်း ဆရာကြီးကို မှတ်မိပါတယ်လို့ လိမ်ပြောလိုက်ရပါတယ်။ ပြီးတော့ ဆရာ ကြီးက ကျွန်တော့်ကို ရှင်းပြပါတယ်။
““အဲဒီတုန်းက ဘာဖြစ်လို့ ရိုက်ပြီး ဆုံးမခဲ့တာလဲဆိုတာ မင်းသိမှာမဟုတ် ဘူး။ ငါကလည်း ရှင်းမပြခဲ့ဘူးလေ။ အဲဒီ တုန်းက ရှင်းမပြခဲ့တာဟာ ငါ့ရဲ့အားနည်း ချက်ဆိုပါတော့။ အေး.. အခုရှင်းပြ မယ်။ နိုင်ငံတော်အလံဆိုတာဟာ လွယ် လွယ်နဲ့ဖြစ်လာတာမဟုတ်ဘူး။ ဗိုလ်ချုပ် အောင်ဆန်းတို့လို မျိုးချစ်စိတ်၊ နိုင်ငံတော် ချစ်စိတ် ရှိတဲ့သူတွေရဲ့ သွေးတွေ၊ ချွေး တွေ၊ အသက်တွေနဲ့ ရင်းပြီးမှ ရလာခဲ့ တာ။ မင်းတို့ ငါတို့အခုလို အေးအေးချမ်း ချမ်းကိုယ့်မင်းကိုယ့်ချင်းနဲ့ နေနိုင်တာဟာ သူတို့ရဲ့ ကျေးဇူးတွေကြောင့်ပဲ။ သူတို့ရဲ့ ကျေးဇူးတွေကို မဆပ်ချင်ရင်နေလို့ရ တယ်။ ဒါပေမဲ့ အသိအမှတ်တော့ပြုသင့် တယ်””။
““ဘယ်လို အသိအမှတ်ပြုရမှာလဲ ဆရာကြီး””
““တော်တော်ဒုန်းဝေးတဲ့ကောင်ပဲ။ နိုင်ငံတော်အလံကို အလေးပြုရမှာပေါ့””။
ဆရာကြီးဦးမြင့်မောင်ရ့ စကားအ ဆုံး ကျွန်တော့်ခန်္ဓာကိုယ်မှာ ကြက်သီး မွေးညင်းထသွားပါတယ်။ တစ်ဆက် တည်း အတွေးတစ်ခုဝင်ရောက်လာပါ တယ်။ အဲဒီအတွေးကတော့ ““ငါဟာ.. ကျူရှင်ဆရာပြန်လုပ်ခဲ့ရင် ဆရာကြီး ရှင်း ပြခဲ့တဲ့ နိုင်ငံတော်အလံအကြောင်း ငါ့ရဲ့ တပည့်တွေကို ပြန်ပြီးတော့ ပြောပြမယ်”” ဟူ၍….။


ဇော်ဦး (မြန်မာစာ -ဆားလင်းကြီး)

No comments: