Thursday, October 4, 2012

လက်ပံတောင်း တောင်အရေး ဒေသခံများ၏ တောင်းဆိုချက် ပယောဂပါသည်ဟု ဦးပိုင်ဆိုခြင်း ၈၈ ငြင်း


Ohn Mar Oo 10:01am Oct 4


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ဒေသခံ တောင်သူများ ၏ တောင်းဆိုချက် များသည် ၄င်းတို့၏ ပင်ကိုသဘာဝအတွေးအခေါ် အယူအဆ မဟုတ်ဘဲ ပယောဂ ပါနေသည်ဟု စီးပွားရေးဦးပိုင်မှ မုံရွာ ကြေးနီစီမံကိန်း ဒါရိုက်တာ ဦးမောင်မောင်တင့်က စက်တင်ဘာလ ၂၆ ရက်တွင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်း တောင်စီမံကိန်းရုံး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောသည်။ ''ပြီးခဲ့တဲ့ မတ်လလောက် အထိ သူတို့ရဲ့ လျော်ကြေးလေး ကို နည်းနည်းလေး ပိုလိုချင် တယ်။ ရွှေ့တဲ့စရိတ် လေးကို ပိုလိုချင် တယ်။ ပယောဂဝင်တဲ့အခါမှာ သူတို့ရဲ့ အမနညိ (လားရာ) ပြောင်းသွားတယ်။ စီမံကိန်းကြီးအလုံးစုံ ပျက်သုဉ်းရ မယ်။ ဒါကြီး ရပ်ရမယ်။ အဲဒါတွေ လည်းသူတို့ရဲ့ ပင်ကိုသဘာဝ အတွေးအခေါ်အယူအဆမ ဟုတ်တော့ ဘူး'' ဟု ၄င်းက ပြောသည်။ ၄င်းနည်းတူ ရန်ကုန်မြို့ ဂရင်း မီးရထား ဟိုတယ်၌ စက်တင်ဘာလ ၂၉ ရက် ကပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲတွင် မြန်မာ့စီးပွားရေး ဦးပိုင်မှ ဌာန ကြီးမှူး ဦးဝင်းကြည်က လက်ပံတောင်း တောင် ကြေးနီစီမံ ကိန်း ပြဿနာ ကြီးထွားလာခြင်းတွင် ၄င်းတို့ဘက်မှ ချို့ယွင်းချက်တစ်စုံ တစ်ရာမရှိဟု ဆိုသည်။ ယင်းနှင့်ပတ် သက်၍ လက် ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ပယောဂပါ သည့်အခြေ အနေဟု ဆိုသူများ မှာနောက် ကြာင်း ပြန် ဆွဲချင်သူများ ၏ ပြောဆိုချက်မျိုးဖြစ်ကြောင်း လက်ပံတောင်း တောင် ကြေးနီစီမံကိန်း အရေး ဆောင်ရွက်ပေးလျက်ရှိသူ ၈၈ မျိုးဆက်ကျောင်းသား ကိုဂျင်မီ က ပြောသည်။ ''ဒီခေတ်မှာ ပယောဂ ဆိုတာ နိုင်ငံရေး ပယောဂဆိုတာ မရှိတော့ ပါဘူး။ ဒါခေတ်နောက်ပြန် ဆွဲတဲ့ သူတွေရဲ့ အတွေးအခေါ်ပါပဲ။ အဲဒီ ပြဿနာ က ဒေသခံ ပြည်သူတွေနဲ့ မပြေလည် လို့ ဖြစ်လာတဲ့ ပြဿ နာလေ။ ဒေသခံ ပြည်သူတွေနဲ့ ပြေလည်မယ်ဆိုရင် ဒီကိစ္စက ပြီး သွားတာ ကြာပြီ။ အဓိက က မပြေလည် တဲ့ပြသာနာပဲ''ဟု ကိုဂျင်မီ က ပြောသည်။ ၄င်းအပြင် အဆိုပါစီမံကိန်း ၏နောက်ကွယ်တွင်ကွယ်ဝှက်သော ကိစ္စနှင့် အမှောက် အမှားဖြစ်စေသာ ကိစ္စ များရှိနေသည်ဟု ယူဆ ကြောင်း ၄င်းက ဆိုသည်။ ''လွတ်လပ်တဲ့ အဖွဲ့ စုံစမ်း စစ်ဆေးရေးတွေ လေ့လာပါစေဦး။ ကျွန်တော်ထင်တယ်။ ဒီကိစ္စက ကွယ်တာဝှက်တာတွေ တချို့ရှိနေ တယ်လို့ ယူဆတယ်။ အဲဒီတော့ တချို့ဟာတွေမှာ အမှောက် အမှား လေးတွေ ရှိတယ်လို့ ယူဆတယ်။ ယူဆတဲ့အတွက် အမှန်အတိုင်းဖြစ်အာင် ကျွန်တော်တို့က ကူညီပေး တာ။ အဲဒီအမှန် တရားကိုတော့ အားလုံးက လက်ခံကြရလိမ့်မယ်'' ဟု ကိုဂျင်မီ က ပြောသည်။ ကြေးနီစီမံကိန်းကြောင့် သ ဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ထိခိုက်မှု များရှိနေပြီး အကောင်းဆုံး နည်းလမ်းဖြင့် ဖြေရှင်း နိုင်ရေးအတွက် အမျိုးသားကော်မရှင် တစ်ရပ် ပေါ်ပေါက်ရန် လိုအပ် ကြောင်း မြန်မာအီကိုတက်မှ ဦးဝင်း မျိုးသူက စက်တင်ဘာလ ၃ဝ ရက် လက်ပံတောင်းတောင်နှင့် ချင်းတွင်း အလှ သဘာဝကာကွယ် ထိန်းသိမ်းရေး နှီးနှောဖလှယ်ပွဲ အခမ်းအနား တွင် ဟောပြောရာ၌ ထည့်သွင်းပြော ကြားခဲ့သည်။ ''ဒီကိစ္စဟာ တရုတ်ကို မုန်း လို့၊ စီးပွားရေးသမားတွေကို မုန်း လို့ ဆိုတဲ့ သဘောနဲ့ လုပ်နေတာ မဟုတ်ပါဘူး။ လူမသိ သူမသိ ရင်းနှီးမြှုပ်နှံမှုတွေ ကနေ ဖြစ်ပေါ်လာ တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ထိခိုက် မှုတွေ၊ ဒေသခံတွေ ရဲ့အကျိုး စီးပွားထိခိုက်မှုတွေ၊ အမျိုးသား အကျိုးစီးပွားအပေါ် ဘယ်လောက် အကျိုးသက် ရောက်သလဲဆို တဲ့ တွေးခေါ်မှုတွေ၊ ပွင့်လင်းမြင်သာ မရှိမှုတွေဟာ အနာဂတ်တိုင်းပြည် တည်ဆောက်မှုမှာသတိထားရ တော့မှာပါ။ လက်ပံတောင်းတောင် ကို အခြေပြုပြီး ဒီအချက် ၃ ချက် ကို ကျွန်တော်တို့ အတည်ပြုဖို့ ဖြစ် လာတာပါ။ နောက်ဒီကိစ္စနဲ့ ပတ် သက်ပြီး လွှတ်တော်အသံ ပြည်သူ့ အသံလို့ပြောတဲ့ လွှတ်တော်က တကယ့်ပြည်သူတွေရဲ့ အသံဖြစ်ဖို့ လိုပါတယ်။ လွှတ်တော် အသံဟာ တရုတ်အသံ၊ လွှတ်တော်အသံက ဦးပိုင်အသံဖြစ်နေလို့ မရပါဘူး'' ဟု လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကိစ္စ လိုက်ပါဆောင် ရွက် ပေးနေသူ ၈၈ မျိုးဆက် ကျောင်း သား ကိုထွန်းမြင့်အောင်က စက် တင်ဘာလ ၃ဝ ရက်နေ့တွင် ပြော သည်။ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းဧရိယာထဲတွင်ပါဝင်သော ရွာ ၄ ရွာ ရွှေ့ပြောင်းရေးနှင့် စီမံ ကိန်းဝန်းကျင် ရွာ ၂၆ ရွာမှလယ် ယာမြေဧက ၇၈ဝဝ ကျော်၊ သိမ်း ဆည်းခြင်းအပေါ် ဒေသခံအချို့နှင့် ပဋိပက္ခဖြစ်ရာမှစ၍ ကျယ်ပြန့် လာ ခြင်းဖြစ်သည်။

ပေါ်ပြုလာ

No comments: