Thursday, October 4, 2012

Ohn Mar Oo ‎"မှန်မှန်ကန်ကန်မလုပ်ရင်ခဲစာမိမယ် :)"

‎"မှန်မှန်ကန်ကန်မလုပ်ရင်ခဲစာမိမယ် :)"


ပခုက္ကူမြို့နယ်အတွင်း ဆိုင်ကယ်လိုင်စင်သွင်းရာ၌ မတရားသဖြင့် ကိုယ်ကျိုးရှာနေသူများပေါ် လူထု ကခဲမိုးရွာချ


ပခုက္ကူမြို့နယ်အတွင်း မော်တော်ဆိုင်ကယ်လိုင်စင်သွင်းရာ၌ ရပ်ကွက်အုပ်ချုပ်ရေးပိုင်း မှ တာဝန်ရှိသူအချို့က ကိုယ်တိုင်လာရောက် လိုင်စင်သွင်းသူများအား လိုင်စင်ရရှိစေရန် ဆောင်ရွက် ပေးခြင်း မပြုဘဲ အချိန်ကြန့်ကြာစေကာ ပွဲစားများနှင့်ပူးပေါင်း၍ ပြင်ပမှလာသူများအပေါ် လိုင်စင်ရရှိ ရေး ဆောင်ရွက်ပေးနေမှုများကြောင့် လိုင်စင်သွင်းရန်လာသူ ကျောင်းသားများနှင့် ကိုယ်ကျိုးရှာရပ် ကွက်အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူအချို့ကြား ပြဿနာဖြစ်ပွားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူ များအား ကျောင်းသားများက ခဲများဖြင့် ပစ်ပေါက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဆိုင်ကယ်လိုင်စင်လာသွားတဲ့အခါ တာဝန်ရှိသူတွေရဲ့ မျက်နှာလိုက် ကိုယ်ကျိုးတစ်ခု ပဲ ကြည့်ကြတာကနေ ပြဿနာစတာ။ ပခုက္ကူအမှတ်(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်၊သူ့ တပည့် သံချောင်းနဲ့ သန်းဝင်းဆိုတဲ့သူတွေက ဆိုင်ကယ်လိုင်စင်သွင်းဖို့ ရွာတွေက တက်လာတဲ့သူတွေ ဆီကနေ ဧည့်စာရင်းကြေးဆိုပြီး ငွေ ၅၀၀၀ တောင်းတယ်။ ပြန်ပြောရဲတဲ့ သူတွေဆိုရင်တော့ အနည်း ဆုံး ၂၀၀၀ လောက်ထိတောင်းတယ်။ ပြီးတော့ ဆိုင်ကယ်လိုင်စင်သွင်းရင် တစ်စီးကို ၃၀၀၀၀ လောက် တောင်းပြီး သူတို့ရော၊ ကညနရော၊ အခွန်ဦးစီးရောပေါင်းစားနေကြတယ်။ ဒီနေ့ကျတော့ ဆိုင်ကယ် လိုင်စင်သွင်းတာတွေ ပိတ်တော့မှာဆိုတော့ အဝေးသင်တက္ကသိုလ် ကျောင်းသားတွေလည်း တက်လာ ပြီး လိုင်စင်ဝင်တာပေါ့။ အဲဒါကိုယ်တိုင်လိုင်စင်လာသွင်းတဲ့သူတွေက လုံးဝမရဘူး။ အဲဒီကတာဝန်ရှိသူ တွေနဲ့ ပေါင်းပြီး အစီးရာချီပြီးလိုင်စင်သွင်းတဲ့ ပွဲစားကောင်တွေကျတော့ အဆင်ပြေတယ်။ နောက်ဆုံး ကျောင်းသားတွေက သွင်းမယ့်ဆိုင်ကယ်တွေယူတာ။ ရပ်ကွက်အုပ်ချုပ်ရေးပိုင်းက လူတွေက ရဲတွေ ခေါ်၊ မီးသတ်တွေခေါ်ပြီး ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးလုပ်တော့ အဲဒီမှာပဲ စားမေးပွဲဖြေမယ့် ကျောင်းသားတွေက ဒေါပွပြီးခဲတွေနဲ့ ပစ်ပေါက်ကုန်ကြတာ”ဟု ပခုက္ကူမြို့နယ်အမှတ်(၃) ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားခဲ့သည်။

အမှန်တကယ် လိုင်စင်သွင်းရာတွင် ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံလိုင်စင်ရရှိ ရေး အကျိုးဆောင်များမှာလည်း ၀ိသမလောဘသား လိုင်းသမားတချို့နှင့် တာဝန်ရှိဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ပူးပေါင်းကိုယ်ကျိုးရှာမှုများကြောင့် ဒေသခံဆိုင်ကယ်လိုင်စင် သွင်းလိုသူများအ တွက် ထိရောက်စွာကူညီပေးနိုင်ခြင်း မရှိကြောင်း သိရှိရသည်။

No comments: