Tuesday, October 23, 2012

ကတွင်းပျက်နေတဲ့ ခွေးခြင်္သေ့နဲ့ ဒေါင်းတောင်ပံကျိုး




တဇောက်ကန်းအလွဲတွေ့ နဲ့ 
စမ်းတ၀ါးဝါးလမ်းမှာ ဆောက်ရမ်းလျှောက်ရင်း
ဖိဆန်သူမှန်သမျှလက်ညှိုးကွေးဖြေရှင်း
ကမ္ဘာမ၀ှမ်းကပစ်တဲ့ လေသေနတ်
တရုတ်တံတိုင်းနဲ့ ကာ
သယံဇာတသာပေး
ပေါက်ဖော်ကြီးကြ့ပုံးပြုံးလေး

အချင်းချင်းအကွဲမှာလက်ဦးသူအနိုင်ရလို့ 
ဗိုလ်ခင်ညွှန့် ယန္တယားလည်ြး့ပိုကွဲ
သာဒစဉ်မြေးဆက်သုံးမကုန်နိုင်အောင်
ပြည်သူပိုင်တွေကိုယ်ပိုင်ဖြစ်လို့ 

ရာသိခွင်အပြောင်းမှာ
အလျှင်အမြန်အသွင်ပြောင်းလို့ 
ဆော့ကစားတဲ့ ပွဲမှာ
အာဏာရူးတွေအဖြစ်ကရီစရာ

လွှတ်တော်ထဲရောက်သူရောက်
အညံ့ ခံပြီးပြည်တော်ပြန်သူပြန်
ရံပုံငွေရှာသူရှာ
ပြည်ပခရီးထွက်သူထွက်
မရေရာသေးတဲ့ နေရာအတွက်
အချင်းချင်းစမန်ခုပ်လို့ 
အတင်းအဖျင်းတွေကလည်းကြောင်စရာ

မျှော်တော်ရောင်ဘ၀ကပြည်သူတွေကတော့
နှစ်သတက်နှစ်ပေါ့



ဆောင်းယွန်းနွေ

No comments: