Wednesday, October 10, 2012

ဦးထွန်းလွင်ခန့်မှန်းသော ဘင်္ဂလားပင်လယ်အော်မုန်တိုင်းအခြေအနေ ရန်ကုန်၊ အောက်တိုဘာ- ၁၀



"၂၀၁၂ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ပထမဆုံး မုန်တိုင်း စဖြစ်ပါတော့မယ်။"

ယမန်နေ့ကတည်းက မြန်မာနိုင်ငံတောင်ပိုင်းကို ချဉ်းကပ်လာခဲ့တဲ့ အပူပိုင်းမုန်တိုင်း GAEMI ရဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတောင်ပိုင်းတို့ကို ဖြတ်သန်းခဲ့ပြီးနောက် ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းအတွင်း ရောက်ရှိလာခဲ့ပြီးတဲ့ နောက်ပိုမို အားကောင်းလာခဲ့ပါတယ်။ မကြာမီ မုန်တိုင်းငယ်တစ်ခုအ
ဖြစ်ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

မုန်တိုင်းငယ်ဟာ မြောက်-အရှေ့ယွန်ယွန်းကို ရွေ့ လျှားပြီး ဒီကနေ့မွန်းတည့်မှ နောက် (၂၄)နာရီမှ(၃၆)နာရီအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်အနီးမှ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်။

မုန်တိုင်းငယ်ကမ်းခြေကိုဖြတ်ကျော်စဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီမိုင် (၄၀)မှ(၅၀)အထိသာ တိုက်ခတ်နိုင်တဲ့အတွက် မုန်တိုင်းဒီရေ တက်ခြင်း မရှိနိုင်ပါ။သို့ရာတွင် ပင်လယ်ပြင်တွင်မူ မကြာခဏ မိုးသက်လေပြင်းများ ကျရောက် နိုင်ပြီး ရေပြင်မြေပြင်လေဟာ တစ်နာရီ(၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ လှို်င်းကြီးနိုင်ပြီး လှိုင်းအမြင့် (၈ ပေမှ ၁၀ ပေ)ခန့်အထိ ရှိနိုင်ပါတယ်။

မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း တို့မှာ နေရာအနှံ့အပြားမိုးရွာနိုင်ပြီး၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းတို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။

http://www.tunlwin.com/latestdetail.php?myanmar=1035
 
 http://sphotos-b.ak.fbcdn.net/hphotos-ak-ash3/c18.0.403.403/p403x403/536007_425138384214468_956688137_n.jpg 
 
ဦးထွန်းလွင်ခန့်မှန်းသော ဘင်္ဂလားပင်လယ်အော်မုန်တိုင်းအခြေအနေ

ရန်ကုန်၊ အောက်တိုဘာ- ၁၀

ဘင်္ဂလားပင်လယ်အော်တွင် ယခုနှစ် ပထမဆုံးဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် အစောဆုံးအနေဖြင့် အောက်တိုဘာလ ၁၀ ရက် ညပိုင်းနှင့် အနောက်ကျဆုံး အောက်တိုဘာလ ၁၁ ရက် နံနက
်တို့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး ဖြတ်ကျော်နိုင်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းပြောကြားလိုက်သည်။

"မုန်တိုင်းငယ် က
မ်းခြေကို ဖြတ်ကျော်လာစဉ်အတွင်း လေတိုက်ခတ်မှုဟာ တစ်နာရီ မိုင် ၄၀ မှ ၅၀ အထိသာ တိုက်ခတ်နိုင်တဲ့အတွက် မုန်တိုင်းဒီရေတက်ခြင်း မရှိပေမယ့်လည်း ပင်လယ်ပြင်တွင်မူ မကြာခဏ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး ရေပြင်မြေပြင် လေဟာ တစ်နာရီ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါက လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ရှစ်ပေမှ ဆယ်ပေခန့်အထိ ရှိနိုင်တယ်" ဟု ဦးထွန်းလွင်က ခန့်မှန်းသည်။

"ရေကြီးနိုင်တဲ့အခြေအနေကတော့ ရခိုင်မြောက်ရယ် ချင်းမြောက်တို့ မကွေးတို့ သတိထားရမယ်။ အနားရောက်မှ ဘာဖြစ်သွားမလဲမသိဘူး" ဟု ဦးထွန်းလွင်က ဆက်လက်ပြောသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလကလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ မုန်တိုင်းဖြတ်ကျော်ခဲ့ပြီး ကုန်းတွင်းဖြတ်ကျော်နေစဉ်အတွင်း မုန်တိုင်းအတွင်းရှိ ဆဲလ်တစ်ခုကွဲကာ တိမ်တိုက်ကြီး အောက်ဖက်ဆင်းလာခဲ့သဖြင့် မြန်မာနိုင်ငံ၏ မိုးနည်းဒေသဖြစ်သော ပခုက္ကူနှင့်ဆိပ်ဖြူ စသောဒေသတို့တွင် လျှပ်တစ်ပြက်ရေကြီးခဲ့သဖြင့် ဒေသခံများ သေဆုံးခဲ့သည်။

ဓာတ်ပုံ- ထိုင်းမိုးလေ၀သဌာန

No comments: