Friday, October 19, 2012

အင်္ဂါဂြိုဟ်ပေါ်က လက်တလော တွေ့ရှိချက်

 
    ၁၉၉ဝ ပြည့်နှစ်တွေ လောက်ကစပြီး အင်္ဂါဂြိုဟ်နီကြီးနဲ့ ပတ်သက်တဲ့ အကြောင်းအချက် တွေကို နာဆာ- Nasa ဟာ Spirits,  Opportunity, Surveyour,  Odyssey  နဲ့ ယခုနောက်ဆုံး Curiosity စတဲ့ အာကာသယာဉ်တွေ လွှတ်တင်ပြီး စူးစမ်းလေ့လာခဲ့ပါ တယ်။ Spirit နဲ့ Opportunity အာကာသယာဉ်တွေဟာ မြေပြင်ကို ခြစ်ယူ၊ တူးဖောက်၊ ပွတ်တိုက်နိုင်တဲ့ ကိရိယာတွေ အသုံးပြု ပြီး ရေ နဲ့အတူ ရှိနိုင်တဲ့ သတ္တုတွေဖြစ်တဲ့ ဆား၊ ကျောက်ဖြူနု၊ ထုံးကျောက် လွှာနဲ့ ဟီမာတိုင်တီ Hematite လို့ ခေါ်တဲ့ သတ္တုတွေ ကို ရှာဖွေထုတ် ယူဖို့ ကြိုးစားခဲ့ပါတယ်။ အင်္ဂါဂြိုဟ် ကို လှည့်ပတ်လေ့လာနေတဲ့ Mars Reconaissance ဂြိုဟ်တုရဲ့ သတင်းပေး ပို့ချက်တွေအရ အင်္ဂါဂြိုဟ်ရဲ့ တောင်စောင်းတွေမှာ ရာ သီအလိုက်ဖြစ်ပေါ်ပြီး ပျောက် ကွယ်သွားတတ်တဲ့ အကန့်၊ အစင်း တန်းတွေ ကို တွေ့ရှိရတယ်လို့ သိရ ပါတယ်။ အင်္ဂါဂြိုဟ်မြေထုအောက် ရှိ ရေအလွှာမှာပါဝင်တဲ့ ဓာတ် သတ္တုတွေဟာ နွေဦးရာသီမှာ အရည်ပျော်စီးဆင်းပြီး ဆောင်းရာ သီမှာအေးခဲကာ ကျုံ့သွားတဲ့လက္ခ ဏာကို ပြဆိုခြင်းပဲ ဖြစ်ပါတယ်။
   ယခုလွှတ်တင်ထားတဲ့ အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် ကျူရောစတီ- Curiosity ဟာ လွန် ခဲ့တဲ့ သြဂုတ်လ ၆ ရက်နေ့ကစပြီး အင်္ဂါဂြိုဟ်ပေါ်မှာ လူသားအာကာ သယာဉ်မှူး- Astronaut တစ်ဦးလို စနစ်တကျ စူးစမ်းလေ့လာမှုတွေကို လုပ်ဆောင်နေ ပါတယ်။ အောက် တိုဘာလ ၄ ရက်နေ့အထိ ပေ ပေါင်း ၁၆ဝဝ ခန့် ရွေ့လျားသွား လာခဲ့ပြီး ယခုအခါ Glenelg လို့ အမည်ပေး ထားတဲ့ မတူညီတဲ့ သဲပုံ သဏ္ဌာန်သုံးမျိုးရှိတဲ့ ဒေသကို ဦး တည်သွားဖို့ ရှိနေပါတယ်။
  အင်္ဂါဂြိုဟ် လေ့လာရေး အာကာသယာဉ်ကျူရောစတီ ဆင်း သက်တဲ့ဒေသဟာ Gale Crater  လို့ ခေါ်တဲ့ ရေးလ်မီးတောင် ထိပ်ဝ နေရာပဲ ဖြစ်ပါတယ်။ အဲဒီဒေသရဲ့ သက်တမ်းဟာ နှစ်ပေါင်း ၃.၈ ဘီ လီယံရှိတဲ့အတွက် အဲဒီအချိန်၊ အဲ ဒီဒေသမှာ ရေကန် ကြီးတစ်ခု တည်ရှိခဲ့တယ်လို့ယူဆထားပါတယ်။ ဒါ့အပြင် အဲဒီဒေသရဲ့ အလယ်မှာ ၃ မိုင်လောက်မြင့်တဲ့ ရှပ်ဖ်လို့ခေါ် တဲ့ တောင် ကြီးတစ်လုံးလည်း ရှိခဲ့ တယ်လို့ ယူဆထားပါတယ်။
  ကျူရောစတီ လေ့လာ ရေးယာဉ်ဟာ အင်္ဂါဂြိုဟ်မျက်နှာ ပြင်ပေါ်မှာ သက်ရှိတွေ ဖြစ်တည် နိုင်တဲ့ မြေလွှာအနေထားမျိုး ကို တွေ့ရှိခဲ့ကြောင်း နာဆာအာကာသသိပ္ပံပညာရှင်တွေက သြဂုတ်လ ၂၉ ရက်နေ့မှာ ပထမဆုံးအကြိမ် ပြောကြားခဲ့ပါတယ်။ အဲဒီမြေလွှာနဲ့ မြေစိုင်ခဲတွေကို ကျူရောစတီက အနီးကပ် အသေးစိတ် လေ့လာခဲ့  ပါတယ်။ယခင်လွှတ်တင်ခဲ့တဲ့ အင်္ဂါ ဂြိုဟ်မြေ မျက်နှာပြင် လေ့လာရေး အာကာသယာဉ်တွေဖြစ်တဲ့ Viking နဲ့ Phoenix တွေဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်မှာ သက်ရှိ ဖွဲ့စည်းဖြစ် တည်နိုင်မှု အနေအထားကို လေ့ လာဖို့ အားနည်းခဲ့ပါတယ်။ အဲဒီ ယာဉ်တွေဟာ အင်္ဂါဂြိုဟ်မျက်နှာ ပြင် အနိမ့်ပိုင်းဒေသတွေကို ဆင်း သက်လေ့လာရာမှာ ထိရောက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ယခု ကျူ ရောစတီ လေ့လာရေးယာဉ်ကတော့ ဇီဝရုပ်ကြွင်းတွေ စုဖွဲ့ဖြစ်ပေါ်နိုင်တဲ့ မြေနေရာတွေကို တွေ့ရှိခဲ့တဲ့အ တွက် အင်္ဂါဂြိုဟ်ပေါ်မှာ တစ်ချိန် က သက်ရှိတွေဖြစ်တည်ခဲ့မှုကို လေ့ လာရာမှာ အရေးကြီးတဲ့အထောက် အထားတစ်ခု ဖြစ်လာနိုင်စရာ ရှိ ပါတယ်။ ဒါ့အပြင် ယခုတွေ့ရှိမှုက တစ်ဆင့် အင်္ဂါဂြိုဟ်ပေါ်မှာ သက် ရှိတွေရဲ့ မူလအစဖြစ်ပေါ်လာပုံကို လည်း ဆက်စပ်လေ့လာသုတေ သနပြုလာနိုင်စရာရှိပါတယ်။
    စက်တင်ဘာလ ၂၉ ရက်နေ့မှာ နာဆာက ထုတ်ပြန်တဲ့ သတင်းအရ ကျူရောစတီလေ့လာ ရေးယာဉ်က ပေးပို့တဲ့ဓာတ်ပုံတွေ မှာ ဂေးလ်ချိုင့်ဝှမ်းကြီးအတွင်း တစ် ချိန်တုန်းက စမ်းချောင်းတစ်ခု စီး ဆင်းခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီဖုန် တွေ၊ သဲတွေနဲ့ ထူထပ်နေတဲ့ ဂြိုဟ် ကြီးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ က သက်ရှိတွေလက်ခံနိုင်တဲ့အခြေ အနေရှိနိုင်တယ် လို့ အဓိပ္ပာယ်ရပါ တယ်။ ကျူရောစတီယာဉ် ပေးပို့ တဲ့ ဓာတ်ပုံတွေအရ ဂေးလ်ချိုင့်ဝှမ်း ရဲ့ မြောက်ဘက် နှုတ်ခမ်းစွန်းက နေ ရှပ်ဖ်တောင်ကုန်းဆီကို ရှေး အခါက ရေလမ်းကြောင်းတစ်ခု ဖြတ်သန်းစီးဆင်းသွားခဲ့ပုံ ရပါ တယ်။ရှပ်ဖ်တောင်ကုန်းဟာ ဂေးလ် ချိုင့်ဝှမ်းထက် ၅ ကီလိုမီတာ မြင့် မားတယ်လို့ သိရပါတယ်။ ခြောက် သွေ့နေပြီဖြစ်တဲ့ စမ်းချောင်းရဲ့ ကြမ်းပြင်မှာ ကျောက် စရစ်ခဲတွေနဲ့သဲလုံးတွေဟာ အချိန်ကာလကြာလာတာနဲ့အမျှ ကျောက်သားအဖြစ် ပေါင်းစပ်သွားပုံမြင်တွေ့ရပါ တယ်။ ကျောက် ခဲတွေရဲ့ အရွယ် အစားနဲ့ ပုံသဏ္ဌာန်တွေအရဆိုရင် ရေစီးကြောင်းဟာ ခြေမျက်စိ၊ ဒါမှ မဟုတ် ဒူးခေါင်းအထိ နက်နိုင်ပြီး တစ်စက္ကန့် ကို တစ်မီတာနှုန်းနဲ့ စီး ဆင်းခဲ့တယ်လို့ ညွှန်ပြနေပါတယ်။
   ရှေးအခါက အင်္ဂါဂြိုဟ် ပေါ်မှာ ရေရှိနိုင်ခဲ့ကြောင်း ယခင် ကတည်းက အထောက်အထားတွေ တွေ့ရှိခဲ့ဖူးပေမယ့် ယခုလို စမ်း ချောင်းအောက်ခြေလမ်းကြောင်း ကျန်ရှိခဲ့မှုမျိုးကို တွေ့ရှိတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။တွေ့ ရှိခဲ့တဲ့ ကျောက်သား ဆန်မြေပြင်မှာ တစ်ဦးတစ်ယောက်က ဖောက်လုပ်ထားတဲ့ လျှောက်လမ်းငယ်လို့ ထင်ရပေမယ့်လည်း တကယ်တမ်း မှာ ရှေးခေတ်နှစ်ပေါင်း သန်းပေါင်း များစွာက ရှိခဲ့တဲ့ စမ်းချောင်းကြမ်း ပြင်ဖြစ်နိုင်ကြောင်း နာဆာမှ သိပ္ပံ ပညာရှင် ဂျွန်ဂရော့ဇင်းဂါးက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲ ဒီကျောက်သားဆန်တဲ့ စမ်းချောင်း နေရာဟောင်းကို Httah လို့ အမည်ပေးထားပြီး တခြားတွေ့ရှိရ တဲ့ ရေတိမ်မြစ်တစ်ခုကိုလည်း Link လို့ အမည်ပေးခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့ စမ်းချောင်းဟောင်းနဲ့ ရေတိမ်မြစ်တွေရဲ့ ပုံသဏ္ဌာန် ကြောင့် ရေစီးနှုန်းနဲ့ ရေရဲ့အနက် တွေကို ခန့်မှန်းနိုင်တယ်လို့ နာ ဆာက ထုတ်ပြန်ခဲ့ပါတယ်။
     အောက်တိုဘာလ ၃ ရက်နေ့မှာတော့ ကျူရောစတီ လေ့လာရေးယာဉ်ဟာ အင်္ဂါဂြိုဟ် မျက်နှာပြင်မှာရှိတဲ့ ကျောက်တုံး ငယ်တစ်ခုကို သူရဲ့ စက်ရုပ် လက် တံအသုံးပြုပြီး လေ့လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီကျောက်တုံးဟာ ဘောလုံးတစ်လုံးရဲ့ အရွယ်အစား ခန့်ရှိပြီး အိတ်စ်ရေးရောင်ခြည်သုံး ကိရိယာနဲ့ အနီးကပ်လေ့လာခဲ့ ခြင်းပဲ ဖြစ်ပါတယ်။ အဲဒီလို လေ့ လာနေတဲ့ ဓာတ်ပုံတွေကို နာဆာ မြေပြင်စခန်းကို ပေးပို့ခဲ့ပါတယ်။
    ကျူရောစတီလေ့လာရေး ယာဉ်ဟာ အင်္ဂါဂြိုဟ်ပေါ်ကို ရောက်ရှိနေတာ (အောက်တိုဘာ လ ၃ ရက်နေ့အထိ) ဆိုရင် ရက် ပေါင်း ၅၇ ရက်ရှိခဲ့ပြီဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်ရဲ့ မြေမျက်နှာပြင်အနေ အထားနဲ့ ကျောက်တုံးတွေကို လေ့ လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ယခု အခါ အဲဒီမြေဆီလွှာနဲ့ ကျောက် တုံးတွေအတွင်းမှာ လွန်ခဲ့တဲ့နှစ် ပေါင်းများစွာက သက်ရှိတွေ နေ ထိုင်ခဲ့မှု ရှိ၊ မရှိ ရောင်ခြည်သုံးကိရိ ယာတွေနဲ့ ဇီဝရုပ်ကြွင်းတွေကို လေ့လာမှု စတင်လုပ်ဆောင်လာ နေပါတယ်။ ဘောလုံးအရွယ် ကျောက်တုံး ကို လေ့လာပြီး တဲ့နောက် မီးတောင်ချိုင့်ဝှမ်းတစ်ခုကို သွားရောက်ကာ အဲဒီချိုင့်ဝှမ်းပတ်ဝန်းကျင်မှာ ဇီဝရုပ်ကြွင်းတွေ ရှိ၊ မရှိ လေ့လာဖို့ ရှိပါ တယ်။
    ယခင်ကတည်းက အင်္ဂါဂြိုဟ်ပေါ်မှာ အလွန်သေးငယ်တဲ့ သက်ရှိတွေရဲ့ ဇီဝရုပ်ကြွင်းတွေ ရှိ နေနိုင်တယ်လို့ နာဆာက သိပ္ပံ ပညာရှင်တွေက ယူဆထားပါ တယ်။ အဲဒီအလွန်သေးငယ်တဲ့ ဇီဝရုပ်ကြွင်းတွေကို ကျူရောစတီ လေ့လာရေးယာဉ်က တွေ့ရှိခဲ့ရင် သက်ရှိတွေ နေထိုင်ခဲ့တဲ့ ခိုင်လုံတဲ့ အထောက်အထား ရရှိမှာဖြစ် ကြောင်းပါခင်ဗျား။
မောင်ပုဆိုးကြမ်း
Ref: http:\\news.cnet.com
မောင်ပုဆိုးကြမ်း
 

No comments: