Tuesday, October 9, 2012

အဇ္ဈတ္တ


အဇ္ဈတ္တ

တွေးမိရဲ့လား၊တွေးရဲရဲ့လား
မြင်လိုက်တာနဲ့
နှလုံးသားမှာဆူပွက်
ဒါ...အနုပညာလား
ဒါ...ကစားကွက်တစ်ခုလား
အကြိမ်ကြိမ်ကြည့်
အဖန်တရာ ရင်နာတယ်။
ဒီချဉ်ချင်းဟာ
လိမ္မော်သီးစားရုံနဲ့မပြည့်စုံနိုင်ဘူး။
ကိုင်း...လူကြီးမင်းတို့
ဒါ...ပုန်ကန်တာမဟုတ်
ဒါ...ပရောဂကြောင့်မဟုတ်
နားလည်ပါ...လူကြီး လူကောင်းဆန်ပါ
အမျှော်အမြင်ကြီးပါ
ပြောပါရစေ...
အားနာပါရဲ့....
ဒါတို့ပြည်..တို့မြေ..
အဘိုးတန်တဲ့မြေ....
.........................။
ခက်ထဏ်

No comments: