Friday, October 5, 2012

အဖျားရောဂါ ထူပြောမှုကြောင့် မြို့နယ်ဆရာဝန်ကိုယ်တိုင် နယ်ဆင်း ဆေးကု


စက်တင်ဘာလ ကတည်းက ထန်တလန်မြို့နယ်အတွင်း အဖျားရောဂါ ထူပြောလွန်းသဖြင့် မြို့နယ်ဆရာဝန်ကိုယ်တိုင် နယ်ဆင်းပြီး အခမဲ့ ဆေးဝါးကုသနေသည်ဟု ကြားသိရသည်။
“ ဆရာဝန်ကြီးက ကျမတို့အတွက် ဘုရားလာချပေးတာပဲ၊ ဆရာဝန် ကျန်းမာစေကြောင်း ဆုတောင်းပေးပါတယ်” ဟု မိခင် တဦးက ပြောသည်။
ထန်တလန်မြို့ပေါ်တွင် Bethsaida ဆေးခန်းတွင် နေ့စဉ် လူနာ ၅၀ ခန့်လာရောက်ပြသပြီး တနင်္လာနေ့တွင် အယောက် ၁၀၀ ခန့်ပုံမှန်လာပြကြကြောင်း သို့သော် အဖျားရောဂါကြောင့် သေဆုံးသူရှိမရှိကိုမူ မသိရပေ။
လက်ရှိ မြို့နယ်ဆရာဝန်သည် ထန်တလန်မြို့နယ် ဆရာဝန်အားလုံးအနက် လူနာ အပေါ် စေတနာအရှိဆုံးဖြစ်မည်ဟု ပြောကြသည်။
“ ပြီးခဲ့တဲ့လတုန်းက ဆရာဝန်ဟာ ပြောင်းရွှေ့တော့မလို သတင်းကြားကြားချင်း၊ မြို့မိမြို့ဖတွေက မပြောင်းရွှေ့ဖို့ သွား ရောက်တောင်းပန်ကြသေးတယ်” ဟု မြို့မိမြို့ဖ တဦးက ပြောသည်။
“ အခန်းတိုင်း ၁၀ ယောက်အထက် နာမကျန်းဖြစ်နေကြတယ်၊ စာသင်ရမှာတောင် ခက်နေတယ် ” ဟု ထန်တလန်မြို့ အမှတ် (၁) အထက မှ အထက်တန်းပြဆရာတဦးက ပြောသည်။
အလားတူ ချင်းပြည်နယ်အတွင်း အခြားမြို့နယ်များတွင်လည်း အဖျားရောဂါ ထူပြောနေကြောင်း ထပ်မံသိရသည်။

No comments: