Tuesday, October 16, 2012

ဒီမိုကရေစီသတင်းစာ




မြန်မာ့ဒီမိုကရေစီခရီးသည် တစ်နှစ်  ခွဲကာလကို လွန်မြောက်ခဲ့ပါပြီ။ဒီမိုကရေ စီနှင့်စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒွန်တွဲဖြစ်ပေါ်လာရသည်။လွတ်လပ်၊ပွင့်လင်း၊  မြင်သာသော သတင်းမီဒီယာသည်သာ ပြည်သူများ၏ယုံကြည်ကိုးစားအားထား  ရသည့် စတုတ္ထမဏ္ဍိုင်ဖြစ်ပေသည်။
ယခုအခါနိုင်ငံပိုင် သတင်းမီဒီယာ  များသည် ယခင်ကနှင့်မတူပြုပြင်ပြောင်း  လဲလာခဲ့သည်။““ပြည်သူ့ရေးရာဝန်ဆောင် မှု”” ““ပြည်သူ့ဗဟိုပြု””စသည့် သတင်းမီဒီ ယာများအဖြစ်အသွင်ပြောင်းရန်တာစူ  ကြိုးပမ်းလာကြသည်။ပုံနှိပ်မီဒီယာများက သာမက ရုပ်သံလွှင့်၊ရေဒီယိုများကပါ  ပုံစံပြောင်းထုတ်လွှင့်လာကြသည်ကို တွေ့ရသည်။
အမှောင်လွှမ်းခဲ့

နှစ်ပေါင်း(၅၀)မျှ သတင်းမီဒီယာ၏ ပုံရိပ်လွှာသည် ပြည်သူများ၏ လိုအင် ဆန္ဒနှင့်ဝေးကွာခဲ့ရသည်။အုပ်ချုပ်သူတို့ ၏ ပြောသမျှ၊ရေးသမျှကိုသာကြားရ၊  ဖတ်ရှုခဲ့ကြရသော အမှောင်လွှမ်းသော ကာလကို ဖြတ်ကျော်ခဲ့ကြရပါသည်။
စာနယ်ဇင်းလွတ်လပ်ခွင့်ကို စာနယ် ဇင်းမီဒီယာသမားများက တောင်းဆိုခဲ့  ကြသည်။စာပေစိစစ်ရေးဟူသော အတားအဆီးကြီးကို ကျော်လွှားရင်ဆိုင်ခဲ့ကြရ သည်။အပိတ်အဆို့၊အဖြတ်အတောက်၊  ဆိုင်းငံ့မှုအ၀၀တို့ဖြင့် မြန်မာစာနယ်ဇင်း   လောကသည် ကမ္ဘာ့အလယ် မျက်နှာ ငယ်ခဲ့ရပါ၏။
စာပေစိစစ်ရေး

ယခုအခါ စာပေစိစစ်ရေးပယ်ဖျက်  လိုက်ပြီဖြစ်ရာစာပေ၊သတင်းသမားများ   အတွက် စိတ်သက်သာရာရကြသည်။ အနှစ်နှစ်အလလက ထုတ်ဝေခွင့်မရခဲ့ သော စာအုပ်စာတမ်းများထုတ်ဝေဖြန့်   ချိနိုင်သော အခင်းအကျင်းတစ်ခုကို ရောက်ရှိခဲ့ပေပြီ။
သို့သော် လုံးဝဥဿုံ ဘ၀င်ကျရ သော အနေအထားမဟုတ်သေးပါချေ။   တရားစွဲဆိုခံထားရသော သတင်းဂျာနယ် နှင့်စွဲဆိုခံရဆဲ သတင်းဂျာနယ်များကမူ ရှိနေဆဲ၊အတားအဆီးအချို့ကမူ ရှိနေပါ သေးသည်။ပုံနှိပ်မီဒီယာဥပဒေသည် နိုး လာမယောင်နှင့်ဝေးကွာနေရဆဲဖြစ်ပါ သည်။
ပြည်သူ့ရေးရာ

ဤကဲ့သို့သော ကာလတွင် နိုင်ငံပိုင်    မီဒီယာများက မူကြောင်း၊ပုံစံပြောင်းလာ ခဲ့သည်။““ပြည်သူ့ရေးရာ””၀န်ဆောင်မှု မီ ဒီယာများအဖြစ်လမ်းကြောင်းပြောင်းလဲ နေကြပြီ။ရောင်စုံသတင်းစာများထုတ်ဝေ   လာကြသကဲ့သို့ သတင်း၊ဓာတ်ပုံ၊ဆောင်း ပါးများကို အဆင်အပြင်ပြောင်းလဲကာ ထုတ်ဝေလာကြသည်။နိုင်ငံပိုင် မီဒီယာ    အခင်းအကျင်းကို ““ပြည်သူ့ရေးရာ”” အသွင်လုပ်ဆောင်လာသည်ကိုတွေ့ရသည်။   ““ပြည်သူ့အသံ””ကို ထင်ဟပ်စပြုလာခဲ့ သည်ကိုတွေ့လာရပါသည်။
မကြာမီကာလတွင် နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာများအပြိုင်းအရိုင်း   ထွက်ပေါ်လာတော့မည့် အရိပ်အယောင်   များမြင်တွေ့လာရသည်။အယ်ဒီတာ၊သ  တင်းထောက်များကိုခေါ်ယူဖြည့်တင်းကာ ခတ်ကွင်းဖြစ်နေကြသည်ကို သတိပြုမိ သည်။ထိုသို့သော ကာလတွင် သတင်း ဂျာနယ်အများစုသည် နေ့စဉ်ထုတ်ပုဂ္ဂလိ က သတင်းစာများအဖြစ်ရပ်တည်လာကြ    ပေတော့မည်။
သို့ဖြစ်၍ နိုင်ငံပိုင်သတင်းမီဒီယာ  များ (သတင်းစာများ)သည် ပုဂ္ဂလိကပိုင်   သတင်းစာများနှင့်ယှဉ်ပြိုင်ထုတ်ဝေလာ မည့် အနေအထားသို့ရောက်ရှိလာတော့ မည်ဖြစ်ရာ ယခုကဲ့သို့ ပုံစံပြောင်းလာ ခြင်းလည်းဖြစ်ပေသည်။
ပြည်သူ့ဘဝ

စင်စစ် ဒီမိုကရေစီနိုင်ငံများတွင် ပုဂ္ဂလိက သတင်းစာများသည်သာ ပြည် သူယုံကြည်ကိုးစားမှုဖြင့် ထုတ်ဝေနိုင်    သော သတင်းမီဒီယာများအဖြစ်ရပ်တည်    နေကြသည်ကိုတွေ့နိုင်သည်။““ပြည်သူ့ဘ၀၊ပြည်သူ့အသံ”” ကိုထင်ဟပ်သော သတင်း စာများကိုသာ ရေရှည်တွင်ပြည်သူများက  လက်ခံဖတ်ရှုကြရန်ရှိပေသည်။
သို့ဖြစ်၍ နိုင်ငံတော်မီဒီယာများကို   ““နိုင်ငံတော်အစိုးရ၏လောင်းရိပ်အောက်””မှ  လွတ်မြောက်၍ပွင့်လင်း၊မြင်သာသော  (၀ါ)ပြည်သူယုံကြည်လက်ခံသော သတင်း မီဒီယာများအဖြစ်ပြုပြင်ပြောင်းလဲနေရ ပေပြီ။လက်ရှိကာလတွင် တမဟုတ်ချင်း ပြောင်းလဲရန် ခက်ခဲနေမည်ဖြစ်သော် လည်း မဝေးတော့သောကာလ၌ ဒီမို ကရေစီ စံနှုန်းနှင့်အညီ သတင်းစာများ   ရပ်တည်လာရပေတော့မည်။
မြန်မာ့ဒီမိုကရေစီခရီးသည် ပန်းခင်း သောလမ်းမဟုတ်သကဲ့သို့ စိန်ခေါ်မှုများ နှင့်လည်းမလွဲမသွေကြုံတွေ့နေရပါဦး မည်။ယင်းသို့သော ခရီးလမ်းတွင် သတင်း   မီဒီယာများ၏သတင်းလွတ်လပ်ခွင့်၊ရေး သားဖော်ပြခွင့်၊ပြောဆိုဟောပြောခွင့် အ၀၀သည် အဓိကကျနေပါလိမ့်မည်။
မှတ်ကျောက်တင်ခံနိုင်မည်

အချုပ်အားဖြင့် နိုင်ငံတော်နှင့်ပြည် သူများအကြားပွင့်လင်းမြင်သာသော၊နွေး ထွေးရိုးစင်းသော ဆက်ဆံရေးကို သတင်း မီဒီယာများက ယှက်နွယ်ပေါင်းစည်းပေး  နိုင်ရန် မဖြစ်မနေလိုအပ်နေပေသည်။   ““ဒီမိုကရေစီသတင်းစာ””များပေါ်ထွန်း ထွက်ရှိလာသည်နှင့်အမျှ ““မိဘပြည်သူ””  များ၏ အရေးအရာ သတင်းမီဒီယာများ အဖြစ်ဖြင့် ကမ္ဘာ့အလယ်တွင်ခံ့ညားထည် ၀ါစွာ မှတ်ကျောက်တင်ခံနိုင်မည်ဖြစ်ပါ ကြောင်း ရေးသားလိုက်ရပါသည်။



မောင်ဖေလှိုင်
Tagged with 

No comments: