Tuesday, October 16, 2012

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ပြောကြားချက်ကို လက်မခံပါဟု ၈၈ မျိုးဆက်ကျောင်းသား ဦးကံညွှန့်ဆို



Hot News  ဂျာနယ် Vol-3, No-111   တွင်ပါရှိခဲ့သော ပြည် သူ့လွှတ်တော်ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးနှင့်ပြုပြင်ပြောင်းလဲမှု စိစစ် ရေးကော်မတီဥက္ကဋ္ဌ၊ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်ဦးအောင် သိန်းလင်းပြောကြားခဲ့သော ““နိုင်ငံ     ခေါင်းဆောင်ဖြစ်ရေးအတွက် လူ ထုဆန္ဒအပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လည်း ညီညွတ်ရန် လို ကြောင်း ဦးအောင်သိန်းလင်း ပြောကြား””ဆိုသည့် သတင်းပါ အချက်အလက်များနှင့်ပတ်သက်  ၍ (၈၈)မျိုးဆက်ကျောင်းသား၊ ရွှေဝါရောင်သံဃာတော်လှန်ရေး တွင် ပါဝင်ခဲ့သူ ဦးကံညွှန့်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် လောင်းတစ်ဦးအနေဖြင့် ယခုကဲ့ သို့ မပြောသင့်ကြောင်း ဝေဖန်  ထောက်ပြသွားခဲ့သည်။
““ဦးအောင်သိန်းလင်းရဲ့ လူ ထုဆန္ဒအပြင်ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လည်း ညီညွတ်ရန်လို ကြောင်းဆိုတာကို ပြည်သူလူထု   က ဆန္ဒပြုရင် ဖွဲ့စည်းပုံနှင့်ကိုင်  ပြီးတော့ ဟိုဟာမလုပ်ရဘူး၊ဒီဟာ မလုပ်ရဘူးဆိုပြီး ပြည်သူလူထု ဆန္ဒကို ဖွဲ့စည်းပုံက မျက်ကွယ်  ပြုနေမှာလား၊ပြည်သူလူထုရဲ့ဆန္ဒ ကို ဖွဲ့စည်းပုံက မျက်ကွယ်ပြုလို့ မရဘူး။ပြည်သူလူထုရဲ့ဆန္ဒကို ဖွဲ့ စည်းပုံကော၊လွှတ်တော်ကော၊ အစိုးရကော လိုက်လျောရမယ်။  ပြည်သူလူထုရဲ့ဆန္ဒက အဓိကကျ    တယ်၊ဖွဲ့စည်းပုံက အဓိကမကျဘူး။    ဖွဲ့စည်းပုံကို ပြည်သူလူထုဆန္ဒနဲ့ပဲ   ပြင်ဆင်ရေးဆွဲလို့ရတယ်။အဲဒါ ကြောင့် ဒီမိုကရေစီ တိုင်းပြည်မှာ     ဆိုလျှင် ပြည်သူသာလျှင်အဓိက ကျတယ်၊အစိုးရအဖွဲ့လည်း ပြည် သူကပဲ တင်မြှောက်ရမှာ၊လွှတ် တော်ကိုယ်စားလှယ်ကိုလဲ ပြည် သူကပဲ တင်မြှောက်ရမှာ၊ဖွဲ့စည်း ပုံကို ပြည်သူတွေက သူတို့ရဲ့ အကျိုးစီးပွားတွေကို ထိခိုက်နစ် နာဖို့ရှိတယ်ဆိုရင် အချိန်မရွေးပြင် ဆင်ပိုင်ခွင့်ရှိတယ်၊ဖွဲ့စည်းပုံအခြေ ခံဥပဒေမှာလည်း တရားဝင်ပြဋ္ဌာန်း   ထားပြီးသား၊ဖွဲ့စည်းပုံအခြေခံ  ဥပဒေကို ဘယ်လိုပြင်ဆင်ရမယ်  ဆိုတာ ပြဋ္ဌာန်းထားပြီးသား၊အဲ ပြင်ဆင်ရမဲ့ဟာတွေကို ပြည်သူ ကပဲလုပ်ရမှာ၊(၄၇)ခုနှစ်ကလဲ ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရှိခဲ့ပြီးသား   ပဲ၊ဖွဲ့စည်းပုံအခြေခံဥပဒေတွေက ရှိခဲ့ဖူးတာပဲ။ ဥပဒေတွေက ယနေ့ အထိ တည်ရှိနေပါသလား။ပြည် သူတွေကပဲ ပြင်ဆင်ခဲ့ရတာလေ၊   မလိုအပ်တော့ဘူး၊ပြည်သူနဲ့မကိုက် ညီတော့ဘူးဆိုရင် ပြည်သူတွေပဲ     ပြင်ဆင်ခဲ့ရတာပါ၊ကြိုက်တဲ့အချိန် မှာ ပြည်သူလူထုတွေက ကြိုက် တဲ့ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်ရှိတယ်၊   ပြည်သူသာလျှင် အာဏာရှိဆုံး   လုပ်ပိုင်ခွင့်ရှိဆုံး၊အဓိကကျဆုံး ဖြစ်တယ်””ဟု ပြည်သူလူထု၏လုပ် ပိုင်ခွင့်နှင့်ပတ်သက်၍ ထောက်ပြ ခဲ့သည်။
ပြည်သူတွေအနေနဲ့ ဥပဒေ တွေကို လေ့လာမှုအားနည်းတဲ့  အခါကျတော့ သူတို့ရဲ့ဆန္ဒတစ်ခု  ထဲနဲ့သူတို့သဘောကျတဲ့ သူကို နိုင်ငံခေါင်းဆောင်အဖြစ်တင် မြောက်လို့ရတယ်လို့ထင်ရတယ်၊   ဒီလိုမရပါဘူးဟု ဦးအောင်သိန်း လင်း၏ ပြောကြားချက်နှင့်စပ် လျဉ်း၍ ဦးကံညွှန့်မှ ““ဘယ်သူ သမ္မတဖြစ်ရေး၊မဖြစ်ရေးကိုပြော  နေတာမဟုတ်ပါဘူး၊ဥပဒေတွေ ကို ပြည်သူတွေအနေနဲ့လေ့လာမှု     အားနည်းတဲ့အခါ၊သူတို့ရဲ့ဆန္ဒတစ် ခုထဲနဲ့ သူတို့သဘောကျတဲ့သူကို နိုင်ငံခေါင်းဆောင်အဖြစ်တင် မြောက်လို့ရတယ်လို့ထင်ရတယ်။    ဒီလိုမရဘူး၊ဖွဲ့စည်းပုံဥပဒေဆိုတာ   ကျွန်တော်တို့နိုင်ငံရဲ့ပင်မကျောရိုး     ကြီးလေ၊ဒီမိုကရေစီပန်းတိုင်ကို    သွားနေတဲ့ကျွန်တော်တို့နိုင်ငံမှာ   ဒီဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်   တွေလို လုံးဝလုံးဝသွေဖယ်လို့မရ ဘူးလေ ဆိုတဲ့စကားကို သိပ်သ ဘောမကျဘူး၊ပြည်သူက သူတို့ လိုချင်တဲ့လမ်းကို သူတို့ဖောက်   သွားရမှာ ပြည်သူကို ဟိုလမ်းသွား ပါ၊ဒီလမ်းသွားပါလို့ညွှန်ကြားလို့     မရဘူး၊ပြည်သူ့ဆန္ဒပဲ အဓိကကျ တယ်၊သန်း(၆၀)သော ပြည်သူတွေ  က တစ်ခဲနက် ထောက်ခံနေလျှင်    ဖွဲ့စည်းပုံအခြေခံဥပဒေကြီးက ကော ကန့်ကွက်မှာလား၊ဖွဲ့စည်း ပုံကြီးကို ကိုင်ထားတဲ့ လူတွေက ကောကန့်ကွက်မှာလား၊ဖွဲ့စည်းပုံ   အခြေခံဥပဒေအဓိကထားပြီး ပြည်သူ့ဆန္ဒကို အဓိကမထားဘူး   ဖြစ်နေတယ်၊စာအုပ်ကြီးအတိုင်း သွားပါ၊ကောင်းပါတယ်၊တိတိကျ ကျ စာအုပ်ကြီးအတိုင်းသွားတာ က ပိုကောင်းပါတယ်၊သူတို့လည်း ပဲ ဒီစာအုပ်ကြီးထဲကအတိုင်း လေးစားပြီး တိတိကျကျလိုက်နာ နိုင်မယ်ဆိုရင်ပိုကောင်းပါမယ်၊ဒါ ပေမဲ့ ပြည်သူရဲ့လိုအပ်ချက်ကိုလဲ     ဖြည့်ဆည်းပေးဖို့လိုတယ်၊ပြည်သူ  က မဲပေးပြီးတက်လာတဲ့ ကိုယ် စားလှယ်တွေဖြစ်ပါတယ်၊ဖွဲ့စည်း ပုံက မဲပေးပြီးတက်လာတဲ့ ကိုယ် စားလှယ်တွေဖြစ်ပါတယ်၊ဖွဲ့စည်း ပုံက မဲပေးပြီးတက်လာတဲ့ ကိုယ် စားလှယ်တွေမဟုတ်ပါဘူး၊ဒါကြောင့်    ပြည်သူတွေရဲ့အသံတွေကို ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်တွေက  နားထောင်ပေး၊တင်ပြပေးရမှာပါ၊   သူပြောချင်တာထက်၊အများပြည် သူဆန္ဒကို လိုက်လျောတင်ပြပေး  ရမှာပါ၊နောက်ဆုံးပြောချင်တာက တော့ ပြည်သူတွေဆန္ဒရှိမယ်ဆို ရင်၊ကိုယ်တင်ချင်တဲ့သဘောကျ တဲ့၊လိုလားတဲ့ ခေါင်းဆောင်တို့  တင်ခွင့်ရှိပါတယ်။လိုချင်တဲ့ ခေါင်း ဆောင်ကိုလွတ်လပ်စွာရွေးချယ်   တင်ပိုင်ခွင့်ရှိရပါမယ်၊ဒါကြောင့်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်   ဦးအောင်သိန်းလင်းရဲ့အပြောနဲ့  ပတ်သက်၍ လုံးဝလက်မခံပါ””ဟု  သူ၏ သဘောထားကိုပြောပြခဲ့ သည်။


နေမင်းညို

No comments: