မှုန်ရွှေရည် ... ကိုဝင်းဦးနဲ့ ဂန္ထဝင်ကိစ္စတွေအကြောင်း
ကမာပုလဲ
အောက်တိုဘာ ၂၂၊ ၂ဝ၁၂ MoeMaKa Burmese News & Media
ဒီမှာကိုပါကြီး ကျနော်ပဲ သေသေ ... ခင်ဗျားပဲသေသေ ... သေတာအရေးမကြီးဘူးဗျ ...။ အရေးကြီးတာက ကျနော်တို့ရဲ့အနုပညာ လုပ်ငန်းတွေရပ်မသွားဖို့ အရေးကြီးတယ် ...
ကမာပုလဲ
အောက်တိုဘာ ၂၂၊ ၂ဝ၁၂ MoeMaKa Burmese News & Media
ဒီမှာကိုပါကြီး ကျနော်ပဲ သေသေ ... ခင်ဗျားပဲသေသေ ... သေတာအရေးမကြီးဘူးဗျ ...။ အရေးကြီးတာက ကျနော်တို့ရဲ့အနုပညာ လုပ်ငန်းတွေရပ်မသွားဖို့ အရေးကြီးတယ် ...
မနေ့ညက ရုပ်မြင်သံကြားအစီအစဉ်ကနေ
“မှုန်ရွှေရည်” ဇာတ်ကားကို ပြန်ကြည့်ခွင့်ရခဲ့တယ်။ လူက ဇာတိ ... အိမ် ..
ငယ်ဘဝကို ပြန် ရောက်သွားတယ်။ အိမ်ကအမတွေက ၀င်းဦးခရေဇီတွေ ...။
အကြီးဆုံးအမက အသည်းဆုံး။ အမကြီးက သူတို့လင်မယားအိပ်ခန်းရဲ့ ကု
တင်ခြေရင်းမှာ ကိုဝင်းဦးရဲ့ နှစ်စဉ် အကောင်းဆုံးပြက္ခဒိန်ကို
ဝယ်ပြီးကပ်ထားတာ ... ။
တနေ့ အမတို့အိမ်ဘေးက ရုပ်ရှင်ကန်ထရိုက်အိမ်ကို ဦးကျောက်လုံးလာလည်တယ်။ တညမှာ အမတို့အိမ်က နံရံကိုလက်သီးနဲ့ထိုးနေပုံကို
ညကြီးသန်းကောင် ဦးကျောက်လုံး ကြားနေရတယ်။ ဒါနဲ့ အိမ်ရှင်ကိုပြောတယ်။
“လုပ်ပါဦးဗျ ကိုပေါ်လာ ဟိုဘက်အိမ်ကလင်မယား ရန် သတ်နေကြတယ်ထင်တယ်
သွားဆွဲပါဦး” ... အိမ်ရှင်က “ဒါဖြစ်နေကျပါဗျာ သူ့ယောက်ျားက
နံရံကိုလက်သီးနဲ့ထိုးနေတာ ... သူ့မိန်းမကို လက်ဖျားနဲ့တောင် ထိတာမဟုတ်ဘူး
... ။ အဲ ... နံရံမှာတော့ ကိုဝင်းဦးကရှိနေတယ်။ ဒီည
ကိုဝင်းဦးအထိုးခံနေရပြီပေါ့ ဗျာ” တဲ့ အဲဒီထိ အောင်ပါ ...။
အမတို့လင်မယားဟာ ယောက်ဖဖြစ်သူ ရိုးမြေကျတဲ့အထိ သစ္စာရှိရှိပေါင်းခဲ့ကြသူတွေ
..။ အမက အိမ်လည်းမလည်ဘူး ...။ အတင်းလည်း မပြောတတ်ဘူး ...။ တနေ့နေလို့ သူမ
အလာပ သလာပပြောတာ မကြားဘူးဖူးလို့ အိမ်နီးချင်းတွေက ပြောကြတာကိုခံရသူပဲ ...။
ဒါပေမဲ့ အမက ကိုဝင်းဦးတော့ အသေကြိုက်တယ် ... ။
မှုန်ရွှေရည် ပြန်ကြည့်ရတော့ ခုခေတ် ရုပ်ရှင်တွေကို အတွေးထဲက မောင်းမောင်းထုတ်နေရတယ် “စိန်ကောင်းကျောက်ကောင်းရော င်းနေတဲ့
ရုပ်ရှင်ခံစားမှုမှာ ယနေ့ ဆေးရိုးရုပ်ရှင်အကြောင်း ဒေါသစိတ်က ကန့်လန့်
ကန့်လန့် ဖြစ်ဖြစ်လာလို့ ... ဝင်းဦး၊ အောင်လွင်၊ ခင်သန်းနု တို့ကလည်း
သိပ်ကိုအသက်ဝင်တဲ့အနုပညာရှင်တွေ
...။ ဇာတ်ပို့တွေကလည်း ဖိုးပါကြီး၊ ကျော်ဖေ၊ ခင်လေးဆွေ ...။ လူရွင်တော်တွေ
ကလည်း စံမတူ၊ သော်တာ၊ ပလာတာ၊ ရွှေရိုး အားလုံး ဒိတ်တွေကြီး။တေးဂီတကျတော့လည်း
တကယ့်ဂရိတ်ဆရာကြီးတွေ ... သီချင်းတွေ ... နောက်ခံတီးလုံးတွေ ...
ရိုက်တော့လည်း မှုန်ရွှေရည်ဟာ “အပြောနဲ့ အပြ” ကို သူ့နေရာနဲ့သူ အပိုအလိုမရှိ
...။
ငယ်ငယ်က မှုန်ရွှေရည်ကို သုံးလေးခါထက်မနည်းကြည့်ခဲ့ေ ပမဲ့
ဘာမှသိပ်မခံစားခဲ့ရဘူး။ ရုပ်ရှင်ရုံထဲမှာ အမျိုးသမီးတွေ တရှုံ့ရှုံ့ငိုနေတာ
တော့ မှတ်မိနေတယ် ...။ ခုပြန်ကြည့်တော့မှာ သြော် ..မှုန်ရွှေရည်ဆိုတာ
ဒါကြောင့်ကိုးလို့ ...။
အကြိုက်ဆုံးအခန်းတွေကတော့ ရုပ်ရှင်ရဲ့ နောက်ဆုံးခန်းတွေပဲ ...။ ကိုဝင်းဦးက အရက်ကို အစိမ်းဖြတ်လိုက်တယ် ...။ သားနဲ့ သမီးတွေ အပေါ် ပိုပြီးသံယောဇဉ်ကြီးလာတယ် ...။ တညမှာ ဇတ်ပွဲမစခင် ကိုဝင်းဦး အိပ်ယာပေါ် အသည်းအသန်လဲတယ် ...။ တလျှောက်လုံး လက် တွဲလာတဲ့ လူရွင်တော်ဖို့ပါကြီးက အနားမှာ ...။ ကိုဝင်းဦး ဖိုးပါကြီးကို ဘာလာလုပ်နေတာလဲဆိုပြီး အိပ်ယာထဲ လဲနေရာကနေ တွန်းလွှတ် လိုက်တယ် ...။ ဒီမှာ ဖိုးပါကြီးက လက်တွဲခဲ့ကြသူ မင်းနဲ့ငါမှာ ငါဒီအချိန် မင်းနားမှာရှိရမှာပေါ့ဆိုတဲ့ သဘောမျိုးပြောပြတယ်
...။ အဲဒီမှာ ကိုဝင်းဦးပြောတဲ့စကားက ... “ ဒီမှာ ကိုပါကြီး ကျနော်ပဲ သေသေ
... ခင်ဗျားပဲသေသေ ... သေတာအရေးမကြီးဘူးဗျ ...။ အရေးကြီးတာက ကျနော်တို့ရဲ့
အနုပညာလုပ်ငန်းတွေရပ်မသွားဖို့
အရေးကြီးတယ် ...။ ဟိုမှာ ကျနော့်သမီးလေး ပရိသတ်ရှေ့မှာကနေတယ် ...။ ခင်ဗျား
ကျနော့်အနားမှာရှိနေတာထက် လူရွှင်တော်ဖိုးပါကြီးဟာ ကျနော့်သမီးဖြစ်တဲ့
မင်းသမီးလေးနားမှာ ရှိနေရမှာမဟုတ်ဘူးလား” တဲ့ ...။
အတိအကျဆုံး စကားလုံးတွေ မဟုတ်ပေမဲ့ ... ဒါဟာ ... ညက ကြည့်ခဲ့ရတဲ့ မှုန်ရွှေရည် ရဲ့ ကျနော်အကြိုက်ဆုံး အခန်းနဲ့ ... စကားပြောခန်းပါပဲ ...။ ကိုဝင်းဦးပြောခဲ့တာ သူ့သမီးလေးအတွက်သက်သက်မဟုတ် ဘူး
...။ ဇာတ်သဘင်လောက ... အနုပညာလောကသက်သက်အတွက် လည်း မဟုတ်ဘူး ... ။
အားလုံးပါနေတယ် ...။ “ကျနော်ပဲသေသေ ... ခင်ဗျားပဲသေသေ ... သေတာ
အဆန်းမဟုတ်ပါဘူး ...။ အရေး ကြီးတာက ကျနော်တို့ရဲ့အနုပညာလုပ်ငန်းတွေ ရပ်တန့်မသွားဖို့ ... ” ဒါပဲ ... ။
ဒီစကားလေးဟာ ...ကျနော့်အတွက်တော့ မှုန်ရွှေရည်ကို ဂန္ထဝင်ဖြစ်စေခဲ့တယ်လို့ ခံစားရတယ်...။ ဂန္ထဝင်ဆိုတာမျိုးက ရာဇဝင်ထဲ ပစ်ထား ခဲ့ရတာမျိုးမဟုတ်ဘူးလို့လဲ ခံစားရတယ် ...။ ဂန္ထဝင်ဆိုတာ ကျနော်တို့ဘ၀တွေ ... ကျနော်တို့ ယုံကြည်ချက်တွေအတွက် “အလုပ် လမ်းညွှန် ....”။
လေးစားရင်းစွဲဖြင့် ...လွမ်းပါတယ် ကိုဝင်းဦး ...
ပန်းချီ ရဲဝင်းအောင်၏ လက်ရာအား ဤ https://www.facebook.com/ photo.php?fbid=142217095813 814&set=a.142215355813988. 15806.141809175854606&type =3&theater နေရာမှ ယူသုံးထားပါသည်။
Aung Htet | October 22, 2012 at 8:31 pm | Categories: ကမာပုလဲ, ရသဆောင်းပါးစုံ | URL: http://wp.me/s2d6gG-28378
တနေ့ အမတို့အိမ်ဘေးက ရုပ်ရှင်ကန်ထရိုက်အိမ်ကို ဦးကျောက်လုံးလာလည်တယ်။ တညမှာ အမတို့အိမ်က နံရံကိုလက်သီးနဲ့ထိုးနေပုံက
အမတို့လင်မယားဟာ ယောက်ဖဖြစ်သူ ရိုးမြေကျတဲ့အထိ သစ္စာရှိရှိပေါင်းခဲ့ကြသူတွေ
မှုန်ရွှေရည် ပြန်ကြည့်ရတော့ ခုခေတ် ရုပ်ရှင်တွေကို အတွေးထဲက မောင်းမောင်းထုတ်နေရတယ် “စိန်ကောင်းကျောက်ကောင်းရော
ငယ်ငယ်က မှုန်ရွှေရည်ကို သုံးလေးခါထက်မနည်းကြည့်ခဲ့ေ
အကြိုက်ဆုံးအခန်းတွေကတော့ ရုပ်ရှင်ရဲ့ နောက်ဆုံးခန်းတွေပဲ ...။ ကိုဝင်းဦးက အရက်ကို အစိမ်းဖြတ်လိုက်တယ် ...။ သားနဲ့ သမီးတွေ အပေါ် ပိုပြီးသံယောဇဉ်ကြီးလာတယ် ...။ တညမှာ ဇတ်ပွဲမစခင် ကိုဝင်းဦး အိပ်ယာပေါ် အသည်းအသန်လဲတယ် ...။ တလျှောက်လုံး လက် တွဲလာတဲ့ လူရွင်တော်ဖို့ပါကြီးက အနားမှာ ...။ ကိုဝင်းဦး ဖိုးပါကြီးကို ဘာလာလုပ်နေတာလဲဆိုပြီး အိပ်ယာထဲ လဲနေရာကနေ တွန်းလွှတ် လိုက်တယ် ...။ ဒီမှာ ဖိုးပါကြီးက လက်တွဲခဲ့ကြသူ မင်းနဲ့ငါမှာ ငါဒီအချိန် မင်းနားမှာရှိရမှာပေါ့ဆိုတဲ
အတိအကျဆုံး စကားလုံးတွေ မဟုတ်ပေမဲ့ ... ဒါဟာ ... ညက ကြည့်ခဲ့ရတဲ့ မှုန်ရွှေရည် ရဲ့ ကျနော်အကြိုက်ဆုံး အခန်းနဲ့ ... စကားပြောခန်းပါပဲ ...။ ကိုဝင်းဦးပြောခဲ့တာ သူ့သမီးလေးအတွက်သက်သက်မဟုတ်
ဒီစကားလေးဟာ ...ကျနော့်အတွက်တော့ မှုန်ရွှေရည်ကို ဂန္ထဝင်ဖြစ်စေခဲ့တယ်လို့ ခံစားရတယ်...။ ဂန္ထဝင်ဆိုတာမျိုးက ရာဇဝင်ထဲ ပစ်ထား ခဲ့ရတာမျိုးမဟုတ်ဘူးလို့လဲ ခံစားရတယ် ...။ ဂန္ထဝင်ဆိုတာ ကျနော်တို့ဘ၀တွေ ... ကျနော်တို့ ယုံကြည်ချက်တွေအတွက် “အလုပ် လမ်းညွှန် ....”။
လေးစားရင်းစွဲဖြင့် ...လွမ်းပါတယ် ကိုဝင်းဦး ...
ပန်းချီ ရဲဝင်းအောင်၏ လက်ရာအား ဤ https://www.facebook.com/
Aung Htet | October 22, 2012 at 8:31 pm | Categories: ကမာပုလဲ, ရသဆောင်းပါးစုံ | URL: http://wp.me/s2d6gG-28378
No comments:
Post a Comment