Monday, October 22, 2012

သူပဲစားခိုင်းပြီးတော့ ဟွန်း



အမြည်း

ရွာကိုလည်လာတဲ့ မြေးကိုအဖိုးဖြစ်သူက ပြောတယ်။

အဖိုး ။ ။ ‘ ငါ့မြေးလာကွာ ထန်းရည်သွားသောက်ရအောင်’

မြေး ။ ။ ‘ ကျွန်တော် ထန်းရည်မသောက်တတ်ဘူး’

အဖိုး ။ ။‘ ဒါဆိုလည်း အမြည်းလိုက်စားပေါ့။’

ထန်းတောတွင် အဖိုးဖြစ်သူက ထန်းရည် တစ်မြူနှင့်လက်ဘက်သုတ် တစ်ပွဲ မှာလိုက်သည်။

ထန်းရည်နှစ်ခွက်လောက်အကုန်တွင် အမြည်းစားရန် ကြည့်လိုက်ရာ

အမြည်းကုန်နေသည်ကိုတွေ့ရသည်

အဖိုး ။ ။ ‘ငါ့မြေး အမြည်းနော်။’

မြေး ။ ။ ‘စားပါတယ် အဖိုးရ။’

နောက်ထပ်လဘက်သုတ်တပွဲထပ် မှာလိုက်သည်။ဆတ်သားခြောက်တစ်ပွဲပါမှာရောမှာ၏။

ထန်းရည်နည်းနည်းသောက်ပြီး အမြည်းစားရန် ကြည့်လိုက်ရာ....

အမြည်းထပ်ကုန်နေသည်ကိုတွေ့ရသည်။

အဖိုးက

‘ငါ့မြေး အမြည်းနော်။’

‘စားပါတယ် အဖိုးရ။’

သုံးလေးခါလောက် ဒီအတိုင်းဆက်ဖြစ်နေတော့ အဖိုးဖြစ်သူကဆက် သည်းခံနိုင်စွမ်းမရှိတော့ဘဲ

‘ဟေ့ကောင် . . . နင့်ကို အမြည်းလို့ပြောနေတာ က ငါ သတိပေးနေတာ ထန်းရည်သာကုန်သွားတယ်

အခုထိ ငါတစ်ဖတ်မှ မစားရသေးဘူးကွ။’

ဆိုပြီး နားရင်းထအုပ်လေတော့သည်။

ရီမောပျော်ရွှင်ပါစေ....

Lon Ely...( credit to kmm)

No comments: