Thursday, October 18, 2012

တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာဘာသာတွဲ ထူးချွန်ကျောင်းသားများကို ပညာသင်ဆုပေးမည်




Thursday, October 18, 2012

လက်ရှိသင်ရိုးညွှန်းတမ်းဖြစ်သည့် တက္ကသိုလ်ဝင်တန်း ဝိဇ္ဇာဘာသာတွဲကို
ရယူထားသူ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီး
ဌာနက ပညာသင်ဆုအဖြစ် စားစရိတ်ငြိမ်းသင် ကြားပေးသွားမည့် အစီအစဉ်
ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောသည်။

ထိုအစီအစဉ်ကို ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် လာမည့်ပညာသင်နှစ်၌
စတင်ဆောင်ရွက် ဖွယ်ရှိပြီးပြီးမှ ခရိုင်၊ ထိုမှတစ်ဆင့် မြို့နယ်အဆင့်သို့ တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်အကောင် အထည် ဖော်သွားမည်ဟု အထက် ပါ ပုဂ္ဂိုလ်က ပြောသည်။

ဒုတိယဝန်ကြီးက ''ကျွန်တော့် အမြင်ပြောရရင် ဒီဝိဇ္ဇာဘာသာတွဲ ကို ယူထားတဲ့သူ၊ တော်လည်း တော်မယ်။ ထူးချွန်မှုလည်းရှိမယ် ဆိုရင် ပညာသင်ဆုတွေ ပေးမယ်။ ဘော်ဒါဆောင်မှာထားပြီး စားစရိတ်ငြိမ်း သင်ပေးသင့်တယ်။ ဒါကြောင့် အခုလုပ်မယ့် အစီအစဉ်က လုပ်ကို လုပ်သင့်တဲ့ကိစ္စပဲလို့ ကျွန်တော်မြင်တယ်'' ဟု ထပ်လောင်းဆို သည်။ နိုင်ငံတော်က ၂ဝဝ၂ ခုနှစ်ပညာသင်နှစ်မှစကာ ဝိဇ္ဇာ၊ သိပ္ပံ၊ ဝိပ္ပံ အစရှိသည်ဖြင့် စိတ်ကြိုက်ဘာသာတွဲများရွေးချယ်ကာ ကျောင်းသား၊
ကျောင်းသူတို့ အား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်
ပြုလုပ်ပေးခဲ့သည်။

အခြေခံပညာရေးလေ့လာ သုံးသပ်နေသူ အငြိမ်းစားတက္ကသိုလ် ဆရာ
တစ်ဦးက ဝိဇ္ဇာဘာသာတွဲ အပေါ်တန်ဖိုးထား ရွေးချယ်စေလိုသော စိတ်
ဆန္ဒဖြင့်ဆောင်ရွက်သော လုပ်ရပ်တစ်ခုဟု ရှုမြင်ကြောင်း သုံးသပ်ပြီး ထိုမျှဖြင့်မရဘဲ ကာလရှည်ကြာစွာ ဆရာ၊ဆရာမအချို့ မိဘများနှင့်
ကျောင်းသား အပါ အဝင် လွဲမှားလက်ခံနေသော တန်ဖိုးမရှိဆိုသည့် အမြင်အပေါ် ဦးစွာပြုပြင်သင့်ကြောင်း ထောက်ပြခဲ့သည်။

ပညာရေးဝန်ကြီးဌာန စာရင်းတို့အရ တက္ကသိုလ်ဝင်တန်း၌ ဝိဇ္ဇာ ဘာသာတွဲ
ယူသူသည် ဘာသာတွဲအလိုက်တွင် အနိမ့်ဆုံးနေရာတွင် ရှိနေခဲ့ကြောင်း သိရှိရသည်။

Popular Myanmar News Journal

No comments: