Friday, October 5, 2012

တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးပြည့်ဝစွာရရှိနိုင်ရန် ပြည်တွင်းပြည်ပ ကုမ္ပဏီများနှင့် ဆွေးနွေးညှိနှိုင်း


Friday, October 05, 2012

မန္တလေးတိုင်း ဒေသကြီးအတွင်း ရာသီ မရွေး လျှပ်စစ်မီးပြည့်ဝစွာ
ရရှိနိုင်ရေး အတွက် ပြည်တွင်း ပြည်ပ ကုမ္ပဏီများနှင့်
ညှိနှိုင်းတိုင်ပင်
ဆွေးနွေးလျက်ရှိကြောင်း တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

ညှိနှိုင်းမှုများတွင် တိုင်းဒေသကြီး အတွင်း ရာသီမရွေးမီးလင်းရေး အပြင် မီတာခပေး ဆောင်ရာတွင် အဆင်ပြေ စေရေးအတွက်ကိုလည်း စီစဉ်ဆောင် ရွက်နေကြောင်းသိရသည်။

"ကုမ္ပဏီတွေနဲ့တော့ ညှိနှိုင်းတိုင်ပင် ထားတုန်းရှိသေးတယ်။ ကုမ္ပဏီ တစ်ခုက မန္တ လေးက ထွက်တဲ့အမှိုက်နဲ့ လျှပ်စစ် ထုတ်မယ်။ တစ်ယူနစ် ၃၅၀ ကျမယ်။ "နောက်တစ်ခုကတော့ Sola System နဲ့ ထုတ် မယ်။

တစ်ယူနစ်ကို ၄၅၀ လောက်ကျမှာဆိုတော့ သုံးစွဲတဲ့ ပြည်သူ အတွက် အဆင်မပြေနိုင်ဘူးဖြစ်နေ တယ်။ ဒါကြောင့် ဈေးနှုန်းသက်သာစွာနဲ့ ထုတ်လို့ရနိုင်တဲ့ နည်းလမ်းတွေ ကုမ္ပဏီ တွေနဲ့ဆက်ပြီး ညှိနှိုင်းသွားမှာပါ" ဟု ၀န်ကြီးချုပ် ဦးရဲမြင့်က ပြောသည်။

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်ထောင်စုအစိုးရထံသို့ တိုင်းဒေသ ကြီး အစိုးရက ခရိုင်ခုနစ်ခု လျှပ်စစ်မီး ပြည့်ဝစွာ ရရှိရေး အတွက် ဆောင်ရွက် ချက်များကိုလည်း တင်ပြထားသည်။ "သုံးရာသီလုံး နဲ့ ၂၄ နာရီ လျှပ်စစ်မီး ရရှိမယ်ဆိုရင်တော့ အဆင်ပြေတယ်။

အဆင်ပြေတယ်ဆိုပေမယ့် အခုဆောင် နေ ရတဲ့ မီတာခထက် အဆပေါင်းများစွာ တက်သွားမယ်ဆိုရင်တော့ ထုတ်လုပ်တဲ့ ပစ္စည်း
တန်ဖိုး နည်းနည်းတော့ မြင့်သွားမယ်။ လုပ်ငန်းရှင်တွေအတွက်ချည်း မဟုတ်ဘဲ ပြည်သူတွေအတွက်ပါ အဆင် ပြေမယ့် ဈေးနှုန်းမျိုး ကိုဖြစ်စေချင်ပါ တယ်" ဟု မန္တလေးမြို့မှ စက်မှုလုပ်ငန်းရှင် ကိုလတ်က ပြောသည်။

မန္တလေးမြို့တစ်မြို့လုံး လျှပ်စစ်မီး ပြည့်ဝစွာ ရရှိနိုင်ရေးအတွက် စံချိန်
အရည် အသွေးပြည့်မီသည့် ပစ္စည်းများ အသုံးပြုပြီး မြို့တွင် သွယ်တန်းထားသော လျှပ်စစ် မိန်းကြိုးကြီးများ ပြောင်းလဲ တပ်ဆင်ရမည်ဖြစ်ပြီး တစ်မြို့လုံးအတွက် ထရန်စဖော်မာလိုအပ်ချက်မှာ အလုံး ၂၈၀ ထိရှိကြောင်းသိရသည်။

"မြို့နယ်အလိုက် ပေးနိုင်ဖို့အတွက် လျှပ်စစ်ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင် ပင်ပြီး ဆောင်ရွက်နေတယ်။လျှပ်စစ်မီး တစ်နေရာ ပြတ် တောက်သွားရင် အစားထိုးပေးသွားနိုင်ဖို့အတွက်ကိုလည်း စီစဉ် နေတယ်" ဟု ၀န်ကြီးချုပ်က၊ပြောသည်။ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးက ပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရာတွင် ယခုအချိန်၌ ရာသီဥတု အခြေအနေကောင်းအရ လုံလောက်စွာ ပေးနိုင်သော်လည်း
နွေရာသီတွင် ရေလုံ လောက်စွာ မရရှိသည့်အတွက် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးပေးမှု၌ အခက်အခဲ ရှိကြောင်း လျှပ်စစ်ဓာတ်အား
ဖြန့်ဖြူးရေး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လျှပ်စစ်ဓာတ်အားခမှာ အိမ်သုံးမီတာ တစ်ယူနစ် ၃၅ ကျပ်ဖြစ်ပြီး လုပ်ငန်းသုံး မီတာ တစ်ယူနစ် ကျပ် ၇၀ ဖြစ်သည်။ မန္တလေး တစ်ခရိုင်လုံးအတွက် လျှပ်စစ်ဓာတ်အားများကို တံခွန်တိုင် ပင်မဓာတ်အားခွဲရုံ၊ အောင်ပင်လယ် ပင်မခွဲရုံနှင့် ရွှေစာရံပင်မ ဓာတ်အားခွဲ စက်ရုံများက ထရန်စဖော်မာ အလုံး ၂,၀၀၀ ခန့်ဖြင့် လျှပ်စစ်ဓါတ်အားများကို ဖြန့်ဖြူးပေး လျက်ရှိရာ ခရိုင်
တစ်ခုလုံး အတွက် ဓာတ်အား လိုအပ်ချက်မှာ ၁၅၀ မဂ္ဂါဝပ် ခန့်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အား လိုအပ်မှုမှာ မဂ္ဂါဝပ် ၁,၇၀၀ ရှိပြီး မန္တလေးတိုင်းဒေသကြီး တစ်ခုလုံး အတွက် ဓာတ်အား လိုအပ်မှုမှာ မဂ္ဂါဝပ် ၃၀၀ ခန့်ရှိသည်။မြန်မာတစ်နိုင်ငံလုံး တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်သော စက်ရုံများ၏ ၇၂ ရာခိုင်နှုန်းမှာ ရေအားကို အဓိကထားပြီး ထုတ်လုပ်
နေရကြောင်း သိရသည်။

ယခုနှစ်နွေရာသီတွင် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် လျှပ်စစ်မီးရရှိ မှု ပုံမှန်မဟုတ်ဘဲ အခက်အခဲဖြစ်ခဲ့သည့် အတွက် ဆန္ဒ ဖော်ထုတ်တောင်းဆိုမှု များဖြစ်ပေါ်ခဲ့ရာ လျှပ်စစ်မီးပြတ် တောက်သည့်နေရာများတွင် မီးစက်ကြီး များဖြင့် လျှပ်စစ်ဖြန့်ဖြူးပေးမှုများကို လည်း ပြုလုပ်ခဲ့ရသည်။


စည်သူလွင်
Myanmar Times

No comments: