Friday, October 5, 2012

ကားတင်သွင်းမှု မူဝါဒ အပြောင်းအလဲကြောင့် ကျပ်သိန်း ၁၀ဝ ဝန်းကျင်ဖြင့် ယူနိုင် ဟုဆို



Friday, October 05, 2012

အစိုးရသစ် လိုက်သည့် ၂၀ဝ၇ မော်ဒယ်နှင့် အထက်ကားများ မည်သူ မဆို တင်သွင်းနိုင်သည်ဆိုသောအစိုးရသစ် မူဝါဒကြောင့် ကျပ်သိန်း ၁၀ဝ ဝန်းကျင်ဖြင့်
ဝယ်ယူရရှိနိုင်သောကားများ များပြားလာကြောင်း
ကားကုမ္မဏီများထံမှ သိရသည်။

"ကျပ်သိန်း ၁၀ဝ ဝန်းကျင်နဲ့ ဝယ်လို့ရတဲ့ ကားတွေက ဂျပန်နိုင်ငံ မှာကိုက ဈေးသက်သာလို့ပါ။ သို့ သော်လည်း ဒီကားတွေက စလစ် မလိုတဲ့ ကားတွေလေ။ စလစ်နဲ့သာ တင်သွင်းရမယ်ဆို သိန်း ၁၀ဝ ဝန်း ကျင်မရဘူး။ အခုလို ကားတွေကို သိန်း ၁၀ဝ ဝန်းကျင်နဲ့ ဝယ်လို့ရနေ တာက နောက်ဆုံး
ချမှတ်လိုက်တဲ့ မူဝါဒကြောင့်လို့ပြောလို့ရတယ်" ဟု Swel Taw Business Group ကားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက် တာ ကိုမျိုးဇင်ဝင်းကပြောသည်။

ကျပ်သိန်း ၁၀ဝ ဝန်းကျင်ဖြင့် ရရှိနိုင်သော ကားများမှာ ၂၀ဝ၇ မော်ဒယ်
နှင့်အထက် ၁၃၀ဝ စီစီ ကားများဖြစ်ကြောင်း ကျပ်သိန်း ၁၀ဝ အောက်ဖြင့် ဝယ်ယူရရှိနိုင် သော ကားများရှိနေပြီး ယင်းကား များမှာ ၂၀ဝ၇ မော်ဒယ်နှင့်
အထက် အင်ဂျင်ပါဝါ ၇၀ဝ စီစီကားများ ဖြစ်ကြောင်း၊လက်ရှိပြည်တွင်းကား ကုမ္ပဏီများတွင် ကားဈေးကွက် အနည်းငယ်အေးကာ အရောင်း အဝယ်ပါးနေကြောင်း ပြည်တွင်း ကားကုမ္ပဏီများထံမှ သိရသည်။

" သိန်း ၁၀ဝ ဝန်းကျင်နဲ့ ရနိုင် တဲ့ကားတွေက ယာဉ်အိုယာဉ်
ဟောင်းစလစ်နဲ့သွင်းတဲ့ကားတစ်စီး မှ မပါဘူး။ စလစ်နဲ့သွင်းတဲ့ကားက သိန်း ၁၀ဝ ဝန်းကျင်နဲ့ ဘယ်လိုမှ မရနိုင်ဘူး။ သိန်း ၁၀ဝ ဝန်းကျင်နဲ့ ရတဲ့ကားတွေ စလစ်ဖိုးသက်သာတဲ့ အတွက်ကြောင့်ဖြစ်တယ်။ လက်ရှိ ကားဈေးကွက်
ထဲမှာ ဆိုရင် စလစ် ဈေးက ကျပ်သိန်း ၉၀ ဝန်းကျင် ဈေးပေါက်နေတယ်။ CNG ပါရင် စလစ်ဖိုးကြီးပဲ သိန်း ၁၀ဝ ဝန်းကျင် လောက် ကျနေပြီ"ဟု ဟံသာဝတီ ကားပွဲစားတန်းမှဝါရင့်ကားအကျိုးဆောင် ကိုဖိုးသားကြီးက
ဆိုသည်။ လက်ရှိ ပြည်တွင်းကားကုမ္ပဏီ များတွင် ဘဏ်လုပ်ငန်းဆိုင်ရာ ကြန့်ကြာမှုအပိုင်းများ များစွာရင် ဆိုင်နေရကြောင်း TT လွှဲခြင်းကိစ္စ သည် အစိုးရအနေဖြင့် ပြည်သူများ ဝန်ထုပ် ဝန်ဖိုးမဖြစ်စေရန်ဟုဆိုသော် လည်း တကယ်တမ်းငွေပေးချေမှု စနစ်တွင် ဘဏ်ထဲတွင် တစ်လခွဲ နီးပါးငွေများ ကိန်းအောင်းနေသော ကြောင့် ငွေပေးချေမှုပုံစံAfter Arrival TT မဟုတ်ဘဲ ပါမစ်ရပြီး သည်နှင့် ကားဖိုးငွေချေသည့်စနစ် သို့ပြောင်းလဲပေးသင့်ကြောင်း ကား ကုမ္ပဏီများကဆိုသည်။

" ဘဏ်မှာ TTလွဲတဲ့ကိစ္စက အစိုးရက သုံးရက်နှင့် အပြီးလုပ်ရ မယ်လို့ညွှန်ထားတယ်။ ဒါပေမယ့် သုံးရက်နဲ့မပြီးနိုင်ဘူးဆိုတာ ကျွန်ီ တော်တို့လက်ခံတယ်။ တစ်ပတ် လောက်ဆိုရင် တော်သေးတယ်။ အခုဟာက သုံးပတ်လောက် ကြာ တယ်။ ကားမရောက်ခင်ကလည်း ဘဏ်ထဲမှာ ငွေတစ်လလောက် သွင်းထားရတယ်။ ကားရောက်ပြီ ဆိုတော့လည်း ငွေလွဲတဲ့နေရာမှာ ကြာတယ်ဆိုတော့ လုပ်ငန်းရှင်တွေ ရဲ့ငွေတွေက ဘဏ်ထဲမှာအောင်းနေ -တယ်။ ငွေလွဲတဲ့အခါမှာကြန့်ကြာမှု မရှိခဲ့ရင်ပါမစ်ရပြီး ငွေချေးလို့ရတယ် ဆိုရင်အနည်းဆုံးကားတစ်စီးကို ဘဏ်အတိုးနှုန်း ၅ သိန်းလောက် လျှော့ရောင်းနိုင်တယ်" ဟုပြည်တွင်း ကားကုမ္ပဏီတစ်ခုက ဆိုသည်။

AFTBတွင်ကားပိုင်ရှင်းများမှ ကားကုမ္ပဏီများသို့ လွှဲပြောင်းစာ
ပေးထားသော်လည်း ကားကုမ္ပဏီ များအနေဖြင့် ဘာမှဆောင်ရွက်ခွင့် မပြုဘဲ ပိုင်ရှင်ဘယ်မလဲဟုသာ မေး မြန်းနေကြောင်း၊ လွှဲပြောင်းစာကပ် ထားသော ကိုယ်စားလှယ်သည် ဘာမှလုပ်ပိုင်ခွင့်မရှိပါက လွှဲပြောင်း
ဆောင်ရွက်ခွင့် မပြုသင့်ကြောင်း၊ ပိုင်ရှင်အနေဖြင့် ကျေနပ်လို့သာ ကားကုမ္ပဏီကို လွဲပြောင်းပေးခြင်း ဖြစ်ကြောင်း ကားကုမ္ပဏီများထံမှ သိရသည်။

Venus News Journal

No comments: