by Ko Nyo on Friday, 19 October 2012 at 07:16 ·
“ထမင်းအိုးကွဲမှာမကြောက်တဲ့သတင်းထောက်”
ဒီနေ့မနက်စောစောထကွန်ပြူတာဖွင့်လိုက်တာနဲ့စိတ်မကောင်းစရာ၊Messageသတင်း စကားတွေ၊သတင်းနဲ့ဆောင်းပါးတချို့မိတ်ဆွေတချို့ပို့လိုက်တာဖတ်လိုက် ရတယ်။
အမေရိကန်အခြေစိုက်သတင်းဌာနတခုကလုပ်ဖော်ကိုင်ဘက်ဟောင်းတွေ
အလုပ်ဖြုတ်ခံရတဲ့သတင်းပါ။
သူတို့အထက်၊ဌာနအကြီးအကဲနဲ့အယ်ဒီတာတယောက်ရဲ့လက်အောက်ငယ်သားတွေအပေါ်ဖိနှိပ် တာ ၊မတရားဘိုကျတာ၊မျက်နှာလိုက်ဆက်ဆံတာ၊သတင်းသမားကျင့်ဝတ်နဲ့ဝန်ထမ်း ကျင့်ဝတ်ဖောက်ပြား တာတွေကိုအထက်အရာရှိတွေဆီဦးဆောင်လက်မှတ်ထိုးတိုင်မိလို့တဲ့။
ဟိုး..အစောကထဲကအဲဒီသတင်းဌာနကအယ်ဒီတာတွေရဲ့မတရားမှုတွေနဲ့ကိုယ်ကျင့် တ ရားရော၊ သတင်း သမားကျင့်ဝတ်ရောအပုတ်နံ့ထွက်နေတဲ့အယ်ဒီတာတယောက် အကြောင်းကို အင်တာနက် သတင်းတွေ ကနေကြားခဲ့ရတယ်။
သက်ဆိုင်ရာအဖွဲ့တွေကလည်းစုံစမ်းစစ်ဆေးသတဲ့။လူပြောကလည်းများ၊အဖြစ်အပျက်မှာပါဝင်တဲ့ ဇာတ်ကောင်တွေ၊မျက်မြင်တွေ၊ကာအိနြေ္ဒရေထိပါးခံရသူ၊ကာယကံရှင်တွေနဲ့ပါစစ်ဆေးစုံ စမ်း တာဆိုတော့ အရေးယူမှုဟာထိထိရောက်ရောက်ရှိလိမ့်မယ်လို့ထင်ခဲ့ တာပေါ့လေ။အမေရိကန်နိုင်ငံဆိုတာကလည်း၊
ဒီမိုကရေစီတွေ၊လူ့အခွင့်အရေးတွေကိုကမ္ဘာပေါ်မှာအကျယ်ဆုံးအော်ပြီး၊ကျနော်တို့ လိုအာဏာရှင် စနစ် နဲ့အုပ်ချုပ်မှုအောက်ကမလွတ်လပ်တဲ့နိုင်ငံတွေကိုထိ ထိရောက်ရောက် ကူညီတဲ့နိုင်ငံလည်းဖြစ်၊
အာဏာ ရှင်တွေ၊မတရားမှုတွေကိုဦးဆောင်တိုက်နေတဲ့နိုင်ငံလည်းဖြစ်သလို၊လွတ်လပ် ပွင့်လင်းတဲ့ သတင်းတွေကိုသတင်းဌာနတွေထူထောင်ပြီးဝါဒဖြန့်နေတာဆိုတော့လေး စားသလို၊အားလည်းကိုးခဲ့တယ်။
အခုတော့ကြားနေရတဲ့သတင်းတွေကစိတ်မကောင်းစရာတွေ။ကိုယ်မြင်တွေ့လိုတဲ့စံချိန်၊စံညွှန်း အတိုင်းမဖြစ် လာတာကိုဝမ်းနည်းရုံမိကလွဲလို့ဘာမှမတတ်နိုင်။
ကိုယ်လည်းအမှန်တရားလို့ကိုယ်မြင်တဲ့အရာကိုဖက်တွယ်မိလို့ဖယ်တွန်းခံရတာတွေလည်း ရှိခဲ့တာပဲလေ။
တချို့အမှန်တရားဆိုတာတွေကအပြားသဘော(နှစ်ဘက်မြင်အမှန်)တွေလည်းရှိသလို၊ကိုယ်ကသွေး ထွက်အောင်မှန်တာတွေပြောမိလို့ရွာပြင်ထုတ်ခံရတဲ့ဇာတ်လမ်းတွေလည်းရှိတာပဲလေ။အခုကိစ္စတွေကတော့မှန်တာကိုဆတ်ဆတ်ထိမခံလို့
ရွာပြင်ထုတ်ခံရတာလားလို့အတွေးပွားမိတယ်။
ပြည်တွင်းကိုအားဖြည့်ဘို့(ဘတ်ဂျက်လိုအပ်ချက်အရ)ပြည်ပ၀န်ထမ်းအားကိုလျှော့ချမယ်ဆိုရင် လည်း၊ပြည်ပ ၀န်ထမ်းအသစ်ပြန်ခန့်နေတာတွေကလည်းရှိနေပြန်တော့ဒါလည်းမဟုတ်သေးဘူး ၊အခုဟာက၀ါရင့်သတင်းထောက်ဝန်ထမ်းတွေကိုအလုပ်ဖြုတ်၊ရာထူးတိုးမပေးဘဲ၊သက်တမ်းနုတဲ့ဝန်ထမ်းကို ခုန်ကျော်ပြီးအယ်ဒီတာရာထူးတိုး၊ယာယီအသစ်ခန့်ထားတဲ့ဝန်ထမ်းတွေအမြဲတမ်းရာထူးတိုးခန့်နေတာ ဆိုတော့..မဟုတ်မှလွဲရောဖြုတ၊်ထုတ်၊သတ်အရေးယူမှုတွေများလားလို့တွေးမိတယ်။
ထုတ်ပစ်သူတွေကိုလည်းအထက်အကြီးအကဲကအခုဘဲခေါ်ပြော၊အခုဘဲရုံးကနှင်ချလိုက်တာ၊
ကိုယ့်ပစ္စည်းတွေတောင်အကုန်မသယ်နိုင်ဘဲကမန်းကတမ်းဆင်းသွားရတာဆိုတော့….
ကြားရနားဝမသက်သာဆိုသလို၊နှစ်ရှည်လများဌာနအကျိုးသယ်ပိုးခဲ့ရတဲ့မိမိတို့သတင်းထောက်တွေရဲ့(လူ တယောက်ရဲ့)ဂုဏ်သိက္ခာကိုတောင်မငဲ့ကွက်တဲ့လူယဉ်ကျေးတွေဆိုသူတွေရဲ့ရပ်တည်မှုတွေ ကိုလည်းသြချမိပါရဲ့။
ထားပါတော့..ဒါကသတင်းဌာနတခုကိုင်ဆွဲထားတဲ့ရပ်တည်မှုနဲ့ဆုံးဖြတ်တဲ့ဥပဒေလည်းဖြစ်နိုင်တယ်။
ရန်သူလိုသဘောထားပြီးအပြတ်ချေမှုန်းတာလည်းဖြစ်နိုင်တယ်။
ဒီအကြောင်းတွေနှိုက်နှိုက်ချွတ်ချွတ်သိရင်တောင်ကွက်ကွက်ကွင်းကွင်းမဝေဖန်ချင်တော့ဘူး။
မတရားတာ၊တရားတာတွေလည်းမပြောလိုတော့ဘူး။
ဒီခေတ်ကမတရားဘူးဆိုသူတွေလည်းထိတ်ဆုံးရောက်အောင်ပွဲခံချင်ခံနေတာ။
တရားမျှတဖို့တိုက်ပွဲဝင်နေသူတွေကလည်းမြောင်းထဲကျပြီး၊
ကျဆုံးရင်ကျဆုံးနေတဲ့ခေတ်။
ဒါဏ်ရာအနာတရတွေကြီးမားနေတဲ့ခေတ်။
ဒီဆောင်းပါးမှာအဓိကပြောချင်တာက….
သတင်းသမားသတ္တိ၊သတင်းသမားရပ်တည်ချက်ပါ။
ပြီးတော့..ထမင်းအိုးကွဲမှာကြောက်တဲ့သတင်းထောက်နဲ့..
ထမင်းအိုးကွဲမှာမကြောက်တဲ့သတင်းထောက်တွေအကြောင်း..။
အားလုံးသိတဲ့အတိုင်း..
ကျနော်တို့ခေတ်သတင်းထောက်အများစုဟာ၊မတရားတာကိုမတရားဘူးလို့ပြောရဲသူတွေသိတ်ရှားလာတယ်။
(ပြောရဲရင်လည်းခံရပြီသာမှတ်)သတင်းအလုပ်ကိုထမင်းစားဘို့အလုပ်တခုလိုလုပ်လာကြတယ်။
သတင်းသမားဆိုတာထမင်းစားဘို့လုပ်ရပြီဆိုကတည်းကမဟုတ်တော့ဘူးလေ။
အမှန်တရားထက်ထမင်းအိုးပဲကြည့်နေရတော့မှာပေါ့။
ခေတ်ကိုကထမင်းချက်နဲ့ထမင်းရှင်တောင်မကွဲပြားတော့တဲ့ကာလကိုး။
“ဆင်းရဲမှုသည်တံခါးပေါက်က၀င်လာတဲ့အခါ..
အမှန်တရားဟာပြူတင်းပေါက်ကတိတ်တဆိတ်ထွက်သွားသည်”
ဆိုတဲ့အင်္ဂလိပ်စကားပုံလေး..လိုပေါ့။
…………………………………….(သတင်းထောက်ကိုညို)
(ထမင်းစားဘို့အလုပ်ပြေးရတော့မှာမို့ကျနော့်ဆောင်းပါးကိုဒီနေရာမှာခနရပ်ထားအုံးမယ်ဗျာ၊
ညပိုင်းအလုပ်ကပြန်ရောက်မှဆက်ရေးပါအုံးမယ်)

No comments:
Post a Comment