Saturday, October 20, 2012

ပြည်သူလူထုက တင်မြှောက်သော အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူ့ဆန္ဒကိုသာ အလေးထားကြောင်း

”ဝါဒဖွင့်ဆိုချက်” ..... ဖတ်ပြီး ရီရတာ မောတောင် မောတယ်။ :))))))
========
ဖက်ဒရယ် = သင့်တွင် နွားမနှစ်ကောင် ရှိသည်။ သင် နွားနို့အနည်းငယ်သာ ပေးရမည်ဖြစ်သည်။

ဆိုရှယ်လစ် = သင့်တွင် နွားမနှစ်ကောင် ရှိသည်။ တစ်ကောင်ကို သိမ်း၍ တစ်ကောင်ကို အခြားသူသို့ ပေးရမည်။

ကွန်မြူနစ် = သင့်တွင် နွားမနှစ်ကောင် ရှိသည်။ နှစ်ကောင်လုံး သိမ်း၍ သင့်ကို နွားနို့ လိုသရွေ့သာ ပြန်ပေးမည်ဖြစ်သည်။

ဗျူရိုကရက် = သင့်တွင် နွားမနှစ်ကော
င် ရှိသည်။ နှစ်ကောင်လုံးကို သိမ်းမည့်အပြင် သင်လိုချင်သည်ဟု ပြောလည်း စည်းမျည်းများ အတိုင်းသာ နွားနို့ရမည်။

ဆိုရှယ်လစ် = သင့်တွင် နွားမနှစ်ကောင် ရှိသည်။ နွားများကို သတ်မှတ်ချိန် အတိုင်း အစာကျွေး၍ သတ်မှတ်ချိန် အတိုင်း နွားနို့ပေးရမည်။ နွားနို့ဖိုး ရမည်မဟုတ်။ နွားနို့ယူပြီးသော နွားကိုသတ်ပစ်ပြီး ကျန်နွားမှ နို့ဆက်ယူကာ ရေရောမည်ဖြစ်သည်။

ဖက်ဆစ် = သင့်တွင် နွားမနှစ်ကောင် ရှိသည်။ နှစ်ကောင်လုံးကို သိမ်း၍ သင့်ကို နွားနို့ပြန်ရောင်းမည်ဖြစ်သည်။

နာဇီ = သင့်တွင် နွားမနှစ်ကောင် ရှိသည်။နှစ်ကောင်လုံးကို သိမ်း၍ သင့်ကိုဖြောင်မည်ဖြစ်သည်။

လစ်ဘရယ် = သင့်တွင် နွားမနှစ်ကောင် ရှိသည်။ သင့်ကိုမမြင် နွားများကိုသာ မြင်နေမည်ဖြစ်သည်။

အရင်ရှင် = သင့်တွင် နွားမနှစ်ကောင် ရှိသည်။ သင်နွားတစ်ကောင်ကို ထုတ်ရောင်း၍ ကျွဲတစ်ကောင် ပြန်ဝယ်ရမည်ဖြစ်သည်။

ဒီမိုကရေစီ = သင့်တွင် နွားနှစ်ကောင်ရှိသည်။ နွားများသည် ပြည်ထောင်စု အဆင့်ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ လုပ်မည်။ သို့သော်လည်း ပြည်သူလူထုက တင်မြှောက်သော အစိုးရ ဖြစ်သည်နှင့်အညီ ပြည်သူ့ဆန္ဒကိုသာ အလေးထားကြောင်း ကြေငြာမည်။

Credit: Htet Paing

No comments: