Thursday, October 4, 2012

“ဝီရသူ သဘောထား ၉/၇၄”



“ဝီရသူ သဘောထား ၉/၇၄”
ရက်စွဲ။ ။၁၃၇၄-ခု၊ တော်သလင်းလ္ဆုတ်(၂)ရက်၊၂၀၁၂-ခုနှစ်၊ အောက်တိုဘာလ(၂)ရက်။ အင်္ဂါနေ့။
================================================
၂၀၁၂-ခုနှစ်၊ စက်တင်ဘာလ(၂၉)ရက်နေ့၊ ညဥ့်နက်သန်းခေါင်ကျော်နှင့် (၃၀)ရက်နေ့ မနက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း၊ ကော့ဘဇားဒေသ၊ ရာမူး(ပန်းဝါ)မြို့နှင့် အချို့ရပ်ရွာများရှိ ဗုဒ္ဓဘာသာဝင်များနှင့် သာသနိက အဆောက်အအုံများ၊ လူနေအဆောက်အအုံများ၊ ဈေ
းဆိုင်များ အကြမ်းဖက်ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ-အရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထားအမှန်ကို ထုတ်ပြန်ကြေညာအပ်ပါသည်။

(က) တစ်ပိုင်းတစ်စ မီးလောင်ထားသော ကုရ်အန်ကျမ်းကိုင်ထားသည့် လူငယ်လေးတစ်ယောက်၏ ဓာတ်ပုံကို facebook-တွင် တွေ့ရှိရာမှ-အဆိုပါ ဓာတ်ပုံကို Download-လုပ်၍ ကူးယူဖြန့်ဝေ လှုံ့ဆော်မှုများကြောင့် အင်အား(၂၅၀၀၀)ခန့်ရှိသော မူဆလင်လူအုပ်ကြီးသည် ၂၀၁၂-ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့ ညဥ့်နက်သန်းခေါင်ကျော်အချိန်၌ ညာသံပေး၍ ချီတက်လာပြီး ဗုဒ္ဓဘာသာဝင်အဆောက်အအုံများကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သိရပါသည်။

ထိုသို့ ဖျက်ဆီးခြင်းကြောင့် သိမ်ကျောင်းအပါအဝင် ဗုဒ္ဓသာသနိက အဆောက်အအုံ(၁၁)ခု မီးလောင်ပျက်စီး၍ (၇)ခုဖျက်ဆီးခြင်းခံရကြောင်း၊ ဈေးဆိုင်(၂၀)မီးလောင်ပျက်စီးပြီး ဈေးဆိုင်အများ အပြား လုယက်တိုက်ခိုက် ဖျက်ဆီးခံခဲ့ရကြောင်း၊ လူနေအဆောက်အအုံ (၁၀၀)ခန့် ပျက်စီးခဲ့ရ ကြောင်း သိရပါသည်။

မီးရှို့၊ဖျက်ဆီးခံခဲ့ရသော အဆောက်အအုံများတွင် နှစ်ပေါင်း(၃၀၀)သက်တမ်းရှိသော ရှေးဟောင်းဗုဒ္ဓသာသနိက အဆောက်အအုံ(ဘုရားကျောင်း) နှစ်ကျောင်းနှင့် ရာစုနှစ်ချီသက်တမ်းရှိ သာသနိက အဆောက်အအုံများလည်း ပါဝင်ကြောင်း သိရပါသည်။

(ခ) အကြမ်းဖက်တိုက်ခိုက်၍ မီးရှို့ဖျက်ဆီးကာ အဖိုးတန်ပစ္စည်းများ လုယက်ခိုးယူမှုကို ကျူးလွန်ခဲ့သော ဘင်္ဂလီများကို ဘင်္ဂလားဒေ့ရှ်အစိုးရက ဗွီဒီယိုမှတ်တမ်းမှတစ်ဆင့် လိုက်လံဖမ်းဆီး အရေးယူမှုများ ပြုလုပ်လျက်ရှိရာ ယခုဆိုလျှင် တရားခံပေါင်း နှစ်ရာကျော် သုံးရာခန့် ရှိနေပြီ ဖြစ်ကြောင်းနှင့် facebook account-ပိုင်ရှင် လူငယ်လေးမိသားစုကို ကာကွယ်စောင့်ရှောက်ထား ကြောင်း သိရပါသည်။

(ဂ) ဤအရေးအခင်း ဖြစ်ပေါ်လာခြင်း၏ အဓိကအကြောင်းအရင်းမှာ မီးလောင်ထားသည့် ကုရ်အန်ကျမ်းဓာတ်ပုံဖြစ်ပြီး၊ ထိုဓာတ်ပုံကို Account-အကောင့်ပိုင်ရှင် လူငယ်လေးကိုယ်တိုင် တမင်တကာပြစ်မှားကျူးလွန်လိုသည့် စေတနာဆိုးဖြင့် တင်ထားခြင်းမဟုတ်ဘဲ လူငယ်လေး၏ မိတ်ဆွေက Tags-လုပ်ထားခြင်းသာဖြစ်ကြောင်း သိရပါသည်။

(ဃ) ဗုဒ္ဓရုပ်ပွားတော်များ၊ သာသနိက အဆောက်အအုံများ၊ ရှေးဟောင်းအမွေအနှစ်များ၊ လူနေအိမ်ခြေများ၊ ဈေးဆိုင်များ၊ ကုန်ပစ္စည်းများ၊ အသုံးအဆောင်များကို မီးရှို့ဖျက်ဆီးလုယက် ယူငင်ကြသည့် အကြမ်းဖက်သမားများကို ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အိန္ဒိယ-စသော နိုင်ငံများရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများက ကန့်ကွက်ရှုတ်ချ မေတ္တာရပ်ခံသည့် ဆန္ဒထုတ်ဖော်ပွဲများ ကျင်းပ နေသည်ကိုလည်း တွေ့ရပါသည်။

(င) အဆိုပါ အကြမ်းဖက်မှုကို ကန့်ကွက်ရှုတ်ချနေသော ကမ္ဘာတစ်လွှားမှ ဆန္ဒထုတ်ဖော်သူ အားလုံးကို အားပေးထောက်ခံပါသည်။ ပြည်တွင်း၌ ထိုပွဲမျိုးပြုလုပ်မည်ဆိုလျှင်လည်း အကူညီပေး သွားမည် ဖြစ်ပါသည်။ သို့သော် မိမိကိုယ်တိုင်မှာမူ ဦးဆောင်ဦးရွက်ပြု၍ ဆန္ဒဖော်ထုတ်မည် မဟုတ်ပါ။

(စ) အွန်လိုင်းစာသားများနှင့် ရုပ်ရှင်ဇာတ်လမ်းမှ အချက်အလက်အချို့ကြောင့် နိုင်ငံပေါင်းများစွာ တွင် အကြမ်းဖက်တုန့်ပြန်ခဲ့ကြသော မူဆလင်များကိုလည်း အွန်လိုင်းမီဒီယာနှင့် သတင်းဌာနများမှ တစ်ဆင့် တွေ့မြင်နေရပါသည်။

(ဆ) ကမ္ဘာတစ်ဝှမ်းရှိ အကြမ်းဖက်စစ်သွေးကြွ အစွန်းရောက်ဝါဒီများနှင့် ၎င်းတို့ကို ထောက်ခံအား ပေးသူများ၊ သဘောကျနှစ်ခြိုက်သူများကို သိစေလိုသည်မှာ မိမိတို့၏အပြုအမူကြောင့် မိမိတို့လူမျိုးနှင့် မိမိတို့ သာသနာကို သွေးဆာသောလူမျိုး၊ သွေးစွန်းသောဘာသာသနာအဖြစ် ကမ္ဘာ့ပြည်သူများက သတ်မှတ်သွားခဲ့လျှင် အပြစ်မဲ့မူဆလင်များ ကြီးမားစွားထိခိုက်နစ်နာနိုင်ပါသည်။

(ဇ) Internet facebook-မှာ ဗုဒ္ဓရုပ်ပွားတော်ကို စော်ကားပုံအမျိုးမျိုးနှင့်၊ သီတဂူဆရာတော်၊ ဓမ္မဒူတအရှင်ဆေကိန္ဒဆရာတော်တို့ ဓာတ်ပုံများကပိုပင် ရည်ရွယ်ချက်ရှိရှိဖြင့် ဖျက်လိုဖျက်ဆီး လုပ်ထားသည်များ၊ ဤအရှင်ဝီရသူ၏ facebook-မှာ စွပ်စွဲ၊ ပုတ်ခက်၊ လုပ်ကြံဆဲရေး၊ စော်ကားထား သည်များကို ဝင်ကြည့်စေလိုပါသည်။ ကမ္ဘာမှာအကြမ်တမ်းဆုံး၊ အရိုင်းစိုင်းဆုံး၊ အပြင်းထန်ဆုံး၊ အယုတ်မာဆုံး၊ အညစ်ညမ်းဆုံး၊ အခက်ထန်ဆုံးဝေါဟာရများ တစ်ခုမျှမကျန်ရအောင် ပြစ်မှားကျုးလွန် ထားသည်များကို တွေ့ရမည်ဖြစ်ပါသည်။

ဤအရှင်ဝီရသူ၏ facebook-သို့ လာရောက်အပ်(add)ကြသူများတွင် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ပါဝင်ပါသည်။ ဤအရှင်ဝီရသူကလည်း တစ်ယောက်မကျန် friend-အဖြစ် လက်ခံခဲ့သည်ချည်း ဖြစ်ပါသည်။ မူဆလင်ဖြစ်၍ လက်မခံခြင်းမျိုး၊ ရိုင်းစိုင်းယုတ်မာသူဖြစ်၍ လက်မခံခြင်းမျိုးလုံးဝ မရှိခဲ့ပါ။ အချို့ဆိုလျှင် “ဗုဒ္ဓကို အမြဲတစေ လိုက်လံ --ိုးနေသူ”အကောင့်အမည်၊ “ဗုဒ္ဓကို ဖင်ချသူ”အကောင့်အမည်ဖြင့် လာရောက်မိတ်ဖွဲ့ပြီး၊ လက်ခံလိုက်သည်နှင့် တစ်ပြုင်နက် ချက်ချင်းလက်ငင်းပင် ကြမ်းတမ်းရိုင်းပြစွာ ဆဲရေးတိုင်းထွာ၊ ယုတ်မာညစ်ညမ်းစွာ စော်ကားလာသည် ကိုလည်း တွေ့ရပါသည်။

ဤသို့သော အပြုအမူများနှင့် ရန်စလာကြသည်ကို မဆိုထားနှင့် အာဖဂန်နစ္စတန်နိုင်ငံမှ ဗုဒ္ဓရုပ်ပွားတော်ကြီးကို ဒိုင်းနမိုက်ဖြင့်ဖောက်ခွဲခြင်း၊ တင်ကားအမြောက်ဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းများ ပြုကြသည်ကိုပင် ကမ္ဘာတစ်ဝှမ်းမှ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများက အကြမ်းဖက်၍ မတုန့်ပြန်ခဲ့ပါ။

ယခုလို facebook-လာ ကုရ်အန်ကျမ်းကိစ္စလောက်မျှနှင့် အကြမ်ဖက်တုန့်ပြန်ရပါလျှင်ကား မိမိတို့လူမျိုးနှင့် မိမိတို့ဘာသာကို သွေးဆာသောလူမျိုးနှင့် သွေးစွန်းသောဘာသာအဖြစ် ကမ္ဘာကြီးက အတည်ပြုခဲ့ကြမည်သာ ဖြစ်ပါသည်။

(ဈ) မိမိဘာသာကို အနည်းငယ်လေးမျှပင် အထိခိုက်မခံနိုင်လိုလျှင် သူတစ်ပါးဘာသာကိုလည်း အနည်းငယ်မျှပင် မထိခိုက်စေလိုပါ။ မိမိလူမျိုးကို အနည်းငယ်လေးမျှပင် အထိခိုက်မခံလိုလျှင် သူတစ်ပါးလူမျိုးကိုလည်း အနည်းငယ်မျှပင် မထိခိုက်စေလိုပါ။ မိမိဘာသာနှင့် လူမျိုးကို မိမိတန်ဖိုးထား လေးစားသလို- သူတစ်ပါးဘာသာနှင့် လူမျိုးကိုလည်း သူတစ်ပါးက တန်ဖိုးထားလေးစားမည်သာ ဖြစ်ပါသည်။ ငါ့ဘာသာနှင့် ငါ့လူမျိုးကို ပျော်စေပျက်စေမျှ မထိပါးနှင့် သူတစ်ပါးဘာသာနှင့် သူတစ်ပါးလူမျိုးကိုတော့ ငါတို့စိတ်တိုင်းကျ ဖျက်ဆီးစော်ကား ဝါးမျို မျိုးဖြုတ်မည်ဆိုသည့် အပြုအမှုမျိုးကို လူမျိုးတစ်မျိုး ဘာသာတစ်ခု မဆိုထားနှင့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှပင် မပြုမူကောင်းပါ။ လူမဆိုထားနှင့် တိရစ္ဆာန် အချင်းချင်းပေါ်မှာတောင် မပြုမူကောင်းပါ။

(ည) ဗုဒ္ဓသည် ဗဟိဒ္ဓ= ကမ္ဘာကြီးငြိမ်းချမ်းရေးကို လိုလားတော်မူသကဲ့သို့ လူသားတို့၏ အဇ္ဈတ္တ= စိတ်ငြိမ်းချမ်းမှုကိုလည်း အထူးလိုလားတော်မူပါသည်။ ဗုဒ္ဓ၏ သန္တိသုခ=ငြိမ်းချမ်းရေးလမ်းစဉ် ကြောင့် ဗုဒ္ဓဘာသာနှင့် ဗုဒ္ဓဘာသာဝင်တို့ကို သွေးစွန်းသောဘာသာနှင့် သွေးဆာသောလူမျိုးအဖြစ် ကမ္ဘာကြီးက လုံးဝမထင်မှတ်သည့်အပြင် ကမ္ဘာ့ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော်ပါဝင်သော ဂျီနီဗာအခြေစိုက် နိုင်ငံတကာနိုင်ငံပေါင်းစုံ မဟာမိတ်ဖြစ်ပေါ်တိုးတက်ရေး အသင်းကြီး(ICARUS)က ဗုဒ္ဓဘာသာကို “The best religion in the world award”ဆုကို 15-7-2009-ခုနှစ်က ရွေးချယ်ချီးမြှင့် ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ ဘာသာရေးခေါင်းဆောင် (၂၀၀)ကျော်တွင် မူဆလင်များစွာပါဝင်ပါသည်။ ထိုမူဆလင်ဘာသာရေးခေါင်းဆောင်များကို များစွာလေးစားမိပါသည်။

(ဋ) စာရေးသူ ဤအရှင်တို့သည် ကမ္ဘာသူကမ္ဘာသားအားလုံး ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်ရမည်။ ဗုဒ္ဓဘာသာသည်သာလျှင် ကမ္ဘာကြီး၏ တစ်ခုတည်းသော ဘာသာတရားဖြစ်ရမည်။ ဗုဒ္ဓဘာသာကို မကိုးကွယ်သူမှန်သမျှကို ချေမှုန်းပစ်ရမည်ဟူသော တရားမမျှတသည့် ဝိသမလောဘ အယူမျိုး ယူထားသူများ မဟုတ်ကြပါ။ ထို့အပြင် မြန်မာပြည်မှာသာ မကဘဲ ကမ္ဘာကြီးတစ်ခုလုံးမှာပါ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာနှင့် ငြိမ်းချမ်းအေးမြစွာ အတူယှဉ်တွဲနေထိုင်လိုကြသူ များ ဖြစ်ပါသည်။ ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၌ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ၊ ငြိမ်းချမ်းအေးမြစွာ၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်ကြသည်ကို လက်တွေ့လေ့လာ နိုင်ပါသည်။

(ဌ) ဗြဟ္မဇာလသုတ်၌ ထိုသို့ မိမိကိုးကွယ်ရာဘာသာတရားကို ထိခိုက်စော်ကားလာလျှင် အကြမ်းပတမ်း တုန့်ပြန်မှုမျိုးမလုပ်ဖို့၊ ဒေါသအာဃာတကို စိတ်ထဲမှာတောင်မထားဖို့ ဗုဒ္ဓမြတ်စွာ မိန့်မှာတော်မူခဲ့သည်ကို အလေးအနက် နှလုံးသွင်းဆင်ခြင်စေလိုပါသည်။ မိမိတို့ဘာသာသည် ကမ္ဘာမှာ အယဉ်ကျေးဆုံးသော ကမ္ဘာပြုဘာသာဖြစ်ပါသည်။ အရိုင်းစိုင်းဆုံးသော ကမ္ဘာဖျက်ဘာသာ မဟုတ်ပါ။ ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုမည့် ဘာသာတရားထဲတွင် ထိပ်ဆုံးက ရပ်တည်နေသော ဘာသာတရား ဖြစ်ပါသည်။

ထို့ကြောင့် မိမိfacebook-တွင် မိမိဘက်မှ ဝင်ရောက်ရပ်တည်ကာ မိမိကိုးကွယ်ရာ ဘာသာသာသနာကို ထိခိုက်မှုကြီးမားနိုင်သော အခြားတစ်ဖက်ကို ကြမ်တမ်းရိုင်းပြစွာ၊ ယုတ်မာ ညစ်ညမ်းစွာ ပြန်လည်ခုခံခြင်းမျိုး လုံးဝမပြုလုပ်ကြရန်နှင့် အခြားတစ်ဖက်မှ ကြမ်တမ်းရိုင်းပြမှု၊ ယုတ်မာညစ်ညမ်းမှု အစဉ်အလာကိုလည်း သဘောထားကြီးစွာနှင့် လိမ္မာယဉ်ကျေးစွာ ပြန်လည် ဖြေရှင်း ခွင့်လွှတ်နားလည်ပေးကြပါရန် မေတ္တာရပ်ခံ တောင်းပန်တိုက်တွန်းအပ်ပါသည်။

ကမ္ဘာကြီးနှင့် ကမ္ဘာသူကမ္ဘာသားအားလုံး

ငြိမ်းချမ်းစေလိုသူ…..

ဦးပဉ္စင်း

ဝီရသူ(မစိုးရိမ်)

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ

ဓမ္မသဟာယကျောင်းနာယက

မစိုးရိမ်တိုက်သစ်

မဟာအောင်မြေမြို့နယ်

မန္တလေး။

No comments: