(ကဗျာ)
ပွဲပြီးလို့
မီးသေသွားတာလား၊
မီးသေလို့
ပွဲပြီးသွားတာလား။
ပွဲမပြီးပဲ
မီးသေသွားတဲ့အခါ
ပွဲခင်းတခုလုံး
အမှောင်ကျတတ်တယ်။
မီးသေသွားလို့
ပွဲပြီးလိုက်တဲ့အခါ
ဇာတ်သိမ်းတွေ
မလှမပ
ဖြစ်ကျန်ရစ်တတ်တယ်။
သူငယ်ချင်းရေ-
သေချာပြန်စဉ်းစား။
ခင်မမမျိုး
(၂၁၊
၁၀၊ ၂၀၁၂)
ပွဲပြီး မီးသေ (ကဗျာ).pdf 25K View Download |
No comments:
Post a Comment