Thursday, October 18, 2012

တပ်မတော်သား ကိုယ်စားလှယ် ၁၅ ဦး အပြောင်းအလဲ ပြုလုပ်


ရန်ကုန်၊ အောက်တိုဘာ ၁၈ The Voice Daily Newsletter

တစ်လကြာ ခေတ္တ ရပ်နားပြီး ယနေ့တွင် ပြန်လည်စတင် ကျင်းပသော ပထမ အကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမ ပုံမှန်အစည်း အဝေးတွင် တပ်မတော်သား ကိုယ်စားလှယ် ၁၅ ဦးကို လဲလှယ်လိုက်ပြီး ယနေ့ နံနက် ၁ဝ နာရီ အချိန်တွင် ကျမ်းသစ္စာ ကျိန်ဆို ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များထံ မှ သိရှိ ရသည်။ အဆိုပါ အပြောင်းအလဲ ပြုလုပ်ခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ် အများစု မှာ ဗိုလ်မှူး အဆင့် တာဝန်ထမ်း ဆောင်နေသူများ ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် အချို့က ဆိုသည်။

ယနေ့ ပြန်လည် စတင်သည့် ပြည်သူ့ လွှတ်တော် တွင် ခေတ်နှင့် မလျော်ညီ တော့သည့် ဥပဒေ ငါးခုကို ရုပ်သိမ်းရန် အမျိုးသား လွှတ်တော်မှ ပေးပို့လာသည့် ယင်းဥပဒေ ငါးခုကိုရုပ် သိမ်းကြောင်း ဥပဒေကြမ်း ကို ပြည်သူ့ လွှတ်တော် က ဆွေးနွေးရန် အတည်ပြု ခဲ့သည်။

အဆိုပါ လွှတ်တော် အစည်းဝေး တွင် လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် မိမိတို့၏ မဲဆန္ဒ နယ်မှ ပြည်သူများ နှင့် ကင်းကွာခြင်း မရှိစေရန် လွှတ်တော်ပုံမှန် အစည်းအဝေး များကို တစ်နှစ် လျှင် ခြောက်လထက် မပိုသော ကာလသာ ကျင်းပရန် လွှတ်တော်သို့ တိုက်တွန်းကြောင်း အဆိုကို ပုသိမ်မြို့နယ် မဲဆန္ဒနယ်မှ ဦးဝင်းမြင့်က တင်သွင်း ခဲ့ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က တစ်နှစ်လျှင် လွှတ်တော် အစည်းဝေး များကို အချိန်ကာလ အတိအကျ သတ်မှတ် မထားဘဲ ခြောက်လ နှင့် ခုနစ်လ ဝန်းကျင်သာ ကျင်းပသွားမည် ဖြစ်ကြောင်း ပြန်လည် ရှင်းလင်း ခဲ့သည်။

No comments: