Thursday, October 18, 2012

နိုင်ငံပိုင်သတင်းစာ၏ လွတ်လပ်စွာ ရေးသားမှု စောင့်ကြည့်ရန်လို

ရန်ကုန်၊ အောက်တိုဘာ ၁၈ The Voice Daily Newsletter

ရောင်စုံပုံနှိပ် သတင်းစာ၏ နိုင်ငံပိုင် ဆိုသည့် လောင်းရိပ်အောက်မှ ပြည်သူ လူထု ထံသို သတင်းများ ကို မည်မျှ လွတ်လပ်စွာ ရေးသားထုတ်ဝေ မည်ကို စောင့်ကြည့်ရန် လိုမည်ဖြစ်ကြောင်း NewsWatch သတင်းဂျာနယ် မှ အယ်ဒီတာအဖွဲ့ဝင် ဦးလှိုင်တင့်က ပြောကြားသည်။

ယနေ့မှစ၍ ရောင်စုံ ပုံနှိပ်မီဒီယာ အဖြစ် ပြောင်းလဲ ထုတ်ဝေသည့် နိုင်ငံပိုင် သတင်းစာကို သတင်း ပရိတ်သတ်များ က နိုင်ငံပိုင်၊ ပုပလိကပိုင် ဟူ၍ ခွဲခြားခြင်း ရှိမည်မဟုတ်ဘဲ ကာလာ ပြောင်းလဲခြင်း ထက် အနှစ်သာရ ပြောင်းလဲခြင်း ကိုသာ အာရုံစိုက် စောင့်ကြည့် နေကြကြောင်း ၎င်းက ဆိုသည်။

"ကာလာပြောင်းပြီး အနှစ်သာရ မပြောင်းလဲရင် သတင်းစာ ကို ကာလာပြောင်းမယ့် အစား လက်ရှိ ပညာရေး သင်ရိုး ညွန်းတမ်းတွေ မှာ ကာလာနဲ့ ပြောင်းလဲ သင်ယူသင့်တဲ့ ဖတ်စာအုပ် တွေကိုပဲ ကာလာ ပြောင်းပေးရင် ပြည်သူ လူထု က ပိုပြီး ကြိုဆိုမှာပါ " ဟု ၎င်းကပြောဆိုသည်။

သတင်းစာတွင် အရောင် ပါခြင်း မပါမှာခြင်းမှာ အဓိက မကျဘဲ စာဖ

သတင်းစာတွင် အရောင် ပါခြင်း မပါမှာခြင်းမှာ အဓိက မကျဘဲ စာဖတ်ပရိတ်သတ် အတွက် သတင်း ဦးခြင်း ထက် သတင်း ထူးခြင်းကသာ ပို၍ တန်ဖိုး ရှိသည့်အတွက် အောင်မြင်မှုကို ပရိတ်သတ် ကသာ ရွေးချယ်ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တန်းတူ အခွင့်အရေး ရရှိသင့်သည့် အချိန်တွင် ပုဂ္ဂလိက သတင်းစာကို လာမည့် နှစ်ဆန်းပိုင်းတွင်မှ ထုတ်ဝေခွင့် ပြုမည် ဆိုခြင်းမှာ စဉ်းစားစရာ ဖြစ်ကြောင်Weekly Eleven Groupမှ အယ်ဒီတာ ချုပ် ဦးဝေဖြိုးက ပြောကြားသည်။

" သတင်းစာ ကတော့ ရုပ်သံတွေလို နိုင်ငံတော် အကြီးအကဲ လမ်းကြောင်း တွေ သွားရင် လိုက်ပါ ရတော့ သတင်း ပိုဦးတာပေါ့။ ဒါပေမဲ့ အကြမ်းဖျင်းပဲ ပါတယ်။ တချို့သော ထူးတာတွေ ကို ပုဂ္ဂလိက သတင်းစာတွေကသာ စောင့်ဖတ်ရတာပါ။ သတင်းစာ သတင်းအနေနဲက ဒီထက်ပွင့်လင်းဖို့ အများကြီး လိုပါတယ်။ အစိုးရ ဌာနဆိုင်ရာ သတင်းဦး တွေက သတင်းစာမှာသာ တွေ့နိုင်ပါတယ်"ဟု သတင်းစာဖတ် ပရိတ်သတ် တစ်ဦးက သုံးသပ်သည်။
တ်ပရိတ်သတ် အတွက် သတင်း ဦးခြင်း ထက် သတင်း ထူးခြင်းကသာ ပို၍ တန်ဖိုး ရှိသည့်အတွက် အောင်မြင်မှုကို ပရိတ်သတ် ကသာ ရွေးချယ်ဆုံးဖြတ်မည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ တန်းတူ အခွင့်အရေး ရရှိသင့်သည့် အချိန်တွင် ပုဂ္ဂလိက သတင်းစာကို လာမည့် နှစ်ဆန်းပိုင်းတွင်မှ ထုတ်ဝေခွင့် ပြုမည် ဆိုခြင်းမှာ စဉ်းစားစရာ ဖြစ်ကြောင်Weekly Eleven Groupမှ အယ်ဒီတာ ချုပ် ဦးဝေဖြိုးက ပြောကြားသည်။

No comments: