Thursday, October 18, 2012

အာရှယူ ၁၉ အမျိုးသမီးခြေစစ်ပွဲ အဖွင့်ပွဲ မြန်မာအသင်း အနိုင်ရ


ရန်ကုန်၊ အောက်တိုဘာ ၁၈ The Voice Daily Newsletter

ဖိလစ်ပိုင် နိုင်ငံတွင် ကျင်းပလျက်ရှိသော ၂ဝ၁၃အာရှ အမျိုးသမီး ယူ-၁၉ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်တွင် မြန်မာ အသင်း က တရုတ်(တိုင်ပေ)ကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က သတင်း ထုတ်ပြန် လိုက်သည်။မြန်မာ အသင်းက (၄း၎း၂) ကစားပုံ အတိုင်း တရုတ်(တိုင်ပေ)ကိုရင်ဆိုင် ခဲ့ခြင်း ဖြစ်သည် ဟု အဆိုပါသတင်း ထုတ်ပြန်ချက် တွင် ဖေါ်ပြ ထားသည်။

အလားတူ အိမ်ရှင် ဖိလစ်ပိုင် အသင်း မှာလည်း ဟောင်ကောင် ကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက် အရ သိရသည်။ မြန်မာအသင်း သည် ပွဲဦးထွက် အနိုင် ရရှိခဲ့သဖြင့် ခြေစစ်ပွဲအုပ်စု (ဂ) တွင် ဖိလစ်ပိုင် အသင်းနှင့် အတူရမှတ်(၃)မှတ်တူညီ နေသော်လည်း ဂိုးကွာခြားမှု အရ မြန်မာက အမှတ်ပေး ဇယား ပထမနေရာ တွင် ရပ်တည်လျက် ရှိသည်။

မြန်မာအသင်းမှာ အောက်တိုဘာလ ၁၉ ရက်နေ့တွင် အိမ်ရှင်ဖိလစ်ပိုင်၊ ၂၁ ရက်နေ့တွင် ဟောင်ကောင် တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ခြေစစ်ပွဲ များကိုအုပ်စု သုံးခုခွဲ ကျင်းပခြင်း ဖြစ်ပြီး အုပ်စု တစ်ခုစီမှ ထိပ်ဆုံး တစ်သင်း စီသာ ဒုတိယအဆင့် ပွဲစဉ်များသို့ တက်ရောက် ကစားခွင့်ရမည် ဖြစ်သည်။

No comments: